Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

စားသောက်ဆိုင်နဲ့ ဟိုတယ်တွေမှာ Service Charge မကောက်ဖို့ အိန္ဒိယ အစိုးရ တားမြစ်

ဒါ့အပြင် စားသောက်ဆိုင် ဝန်ထမ်းတွေဟာ ဖောက်သည်တွေဆီက သီးသန့် မုန့်ဖိုး (Tip) တောင်းခံပိုင်ခွင့် မရှိတော့ကြောင်း စည်းမျဉ်းသစ်တွေမှာ ပြဋ္ဌာန်းထားပြီး Tipမပေးတဲ့ စားသုံးသူကို ပုံမှန် ဝန်ဆောင်မှု မပေးလို့လည်း မရပါဘူး။

စားသောက်ဆိုင်နဲ့ ဟိုတယ်တွေမှာ Service Charge မကောက်ဖို့ အိန္ဒိယ အစိုးရ တားမြစ်
စားသောက်ဆိုင်နဲ့ ဟိုတယ်တွေမှာ Service Charge မကောက်ဖို့ အိန္ဒိယ အစိုးရ တားမြစ်

အိန္ဒိယ နိုင်ငံမှာ ဟိုတယ်နဲ့ စားသောက်ဆိုင်တွေက ဖောက်သည်တွေဆီက ဝန်ဆောင်ခ (Service Charge) သီးခြား ကောက်ယူနေမှုကို အစိုးရက တားမြစ်လိုက်ကြောင်း သိရပါတယ်။

စားသုံးသူတွေဖက်က Service Charge ကိစ္စအပေါ် ကန့်ကွက် အရေးဆိုမှုတွေ မြင့်တက်လာတဲ့နောက် အာဏာပိုင်တွေက ဟိုတယ်နဲ့ စားသောက်ဆိုင်တွေအားလုံး ဒီအတွက် သီးခြား ငွေကြေး ကောက်ယူမှု မရှိစေရဘူးလို့ ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။

အိန္ဒိယက စားသောက်ဆိုင် တော်တော်များများဟာ ရောင်းချတဲ့ ငွေပမာဏရဲ့ ၅ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းထိကို Service Chargeဆိုတဲ့ ခေါင်းစဉ်တပ်ပြီး ထပ်မံ ကောက်ခံလေ့ ရှိပါတယ်။ စည်းမျဉ်းသစ်တွေ အရတော့ စားသောက်ဆိုင်တွေ၊ ဟိုတယ်တွေဟာ ဘယ်လို အကြောင်းပြချက်နဲ့မှ Service Charge တောင်းခံခွင့် ရှိတော့မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် စားသောက်ဆိုင် ဝန်ထမ်းတွေဟာ ဖောက်သည်တွေဆီက သီးသန့် မုန့်ဖိုး (Tip) တောင်းခံပိုင်ခွင့် မရှိတော့ကြောင်း စည်းမျဉ်းသစ်တွေမှာ ပြဋ္ဌာန်းထားပြီး Tipမပေးတဲ့ စားသုံးသူကို ပုံမှန် ဝန်ဆောင်မှု မပေးလို့လည်း မရပါဘူး။

၂၀၁၇ တုန်းက အစိုးရရဲ့ စားသုံးသူရေးရာ စီမံမှုဌာနက စားသောက်ဆိုင်တွေရဲ့ အစားအသောက် Menuမှာ ဖော်ပြထားတဲ့ စျေးနှုန်း အတိုင်းသာ ငွေကြေး ပေးချေရမယ်လို့ ညွှန်ကြားချက် ထုတ်ပြန်ခဲ့ဖူးပါတယ်။ နောက်ပြီး စားသောက်ဆိုင်တွေ အနေနဲ့ ဝန်ထမ်းလစာကို သင့်တော် မျှတတဲ့ထိ သတ်မှတ်ပေးဖို့၊ လိုအပ်ရင် အစားအသောက် စျေးနှုန်းတွေကို အတိုင်းအတာ တစ်ခုထိ မြှင့်တင်ပြီး ငွေကြေး အဝင်အထွက်ကို ပြန်ချိန်ညှိဖို့လည်း ဌာနက တိုက်တွန်းထားပါတယ်။

ဒါပေမဲ့ စားသောက်ဆိုင်တွေကတော့ Menuမှာ ပါတဲ့ အစားအသောက် စျေးတွေအပြင် Service Chare ခေါင်းစဉ်နဲ့ အပိုဆောင်း ငွေကြေးတွေ ဆက်လက် ကောက်ခံနေဆဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လမှာ အိန္ဒိယ စားသောက်ဆိုင် လုပ်ငန်းရှင်များ အသင်းနဲ့ အိန္ဒိယ အစိုးရ ကိုယ်စားလှယ်တွေကြား အခုကိစ္စနဲ့ ပတ်သက်ပြီး အစည်းအဝေး လုပ်ခဲ့ပါသေးတယ်။

စားသောက်ဆိုင် လုပ်ငန်းရှင်တွေကတော့ Service Charge သတ်မှတ်တာဟာ ဆိုင်တစ်ဆိုင်ချင်းနဲ့ သက်ဆိုင်တဲ့ မူဝါဒသာဖြစ်ပြီး တရားမဝင်တဲ့ ကိစ္စ မဟုတ်ဘူးလို့ ကာကွယ် ပြောဆိုခဲ့ပါတယ်။ အခုအခါမှာတော့ စည်းမျဉ်းသစ်အရ Service Charge အပိုကောက်တဲ့ ဆိုင်တွေဟာ ဒဏ်တပ် အရိုက်ခံရမှာဖြစ်ပြီး စားသုံးသူတွေဖက်ကလည်း အာဏာပိုင်တွေဆီ အွန်လိုင်းကနေ တိုက်ရိုက် ချိတ်ဆက် တိုင်ကြားနိုင်မယ်လို့ သိရပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

နိုင်ငံခြား​ငွေကို ၂၄ နာရီအတွင်းကျပ်​ငွေမဖြစ်မ​နေ ​ပြောင်းရမည်ဆို​ခြင်းမှ ကင်းလွတ်ခွင့်ကို တရုတ်ရေနံကုမ္ပဏီနှင့် အိန္ဒိယဘဏ်လုပ်ငန်းများကို စစ်ကောင်စီက တရုတ်နိုင်ငံခြား​ရေးဝန်ကြီး ဝန်ယီခရီးစဥ်မတိုင်ခင် ၂ ရက်အလိုတွင်ကင်းလွတ်ခွင့်ပြုလိုက်ခြင်းဖြစ်သည်။

သတင်း

စစ်အာဏာရှင်၏ စခန်းများကို သိမ်းမည့်တိုက်ပွဲများ မကြာမီ ဖော်ဆောင်မည်ဟု အမျိုးသားညီညွတ်ရေးအစိုးရက ဇွန်လအတွင်း ထုတ်ဖော်ပြောကြားပြီးနောက် ပြည်သူ့ကာကွယ်ရေးအဖွဲ့များကလည်း အသင့်ရှိနေကြောင်း ထုတ်ပြန်ကြေညာလာကြသည်။

သတင်း

ယင်းသို့ ထပ်မံအတည်ပြုကြောင်း ပြောကြားချက်ကို ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် နှင့် အနောက်အင်အားကြီးနိုင်ငံများက အပြင်းအထန်ကန့်ကွက်ရှုတ်ချထားသည်။

သတင်း

ယင်းကြောင့် ဖက်ဒရယ်ဒီမိုကရေစီစနစ်နှင့်လိုက်လျောညီထွေမှုမရှိသော သင်ရိုးများကို ချန်လှပ်ထားပြီးသမိုင်းနှင့် လူမှုရေးဘာသာရပ်များကို ပြန်သုံးသပ်ကာပြင်ဆင်သင့်သည်များနှင့် ဖြည့်စွက်သင့်သည်များကို ပြင်ဆင်ဖြည့်စွက်သွားမည်ဟုဆိုသည်။