Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး စစ်ကောင်စီဝန်ကြီးကို တက်ရောက်ခွင့်မပြု

အာဆီယံထိပ်သီးအစည်းအဝေးနှင့်အတူ (၁၂)ကြိမ်မြောက် အရှေ့အာရှနိုင်ငံခြားနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးလည်း ကျင်းပမည်ဖြစ်ပြီး ရုရှားနိုင်ငံခြားရေးဝန်ကြီးကို ဖိတ်ကြားထားသည်။

(ဖေဖော်ဝါရီတွင် ဖနွမ်းပင်၌ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများကို တွေ့ရစဉ်၊ဓာတ်ပုံ - Reuters)
(ဖေဖော်ဝါရီတွင် ဖနွမ်းပင်၌ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများကို တွေ့ရစဉ်၊ဓာတ်ပုံ - Reuters)

▪️​ဒေသတွင်း အစည်းအဝေးတွင်ပင် ဒုတိယအကြိမ်မြောက်ဖယ်ကြဉ်ခံရခြင်းဖြစ်

ဇူလိုင်လကုန်တွင်ကျင်းပမည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင်မြန်မာစစ်ကောင်စီဝန်ကြီးကိုတက်ရောက်ခွင့်ပြုမည်မဟုတ်ကြောင်း ကမ္ဘောဒီးယာနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

အာဏာသိမ်းစစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးကို အာဆီယံက ဖယ်ကြဉ်ထားခြင်းသည် ဒုတိယအကြိမ်မြောက်ဖြစ်သည်။

“အာဆီယံဘုံဆုံးဖြတ်ချက်၅ရပ်တိုးတက်မှုမရှိပါက အာဆီယံဥက္ကဌနဲ့အခြားအဖွဲ့ဝင်နိုင်ငံတွေရဲ့ဘုံဆုံးဖြတ်ချက်အရ”ဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး Prak Sokhonnက စစ်ကောင်စီ​၏ နိုင်ငံခြားရေးဝန်ကြီးထံပေးပို့သောစာ၌ ဖော်ပြထားသည်။

စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးအစား နိုင်ငံရေးနှင့်မသက်ဆိုင်သောကိုယ်စားလှယ်(non-political representative)ကိုသာ အာဆီယံက ဖိတ်ကြားသွားမည်ဖြစ်သည်။

လာမည့်အာဆီယံထိပ်သီးအစည်းအဝေးကို ဇူလိုင် ၃၀ မှ ဩဂုတ် ၆ ရက်အထိ အလှည့်ကျဥက္ကဌနိုင်ငံကမ္ဘောဒီးယား၌ ကျင်းပသွားမည်ဖြစ်သည်။

အာဆီယံထိပ်သီးအစည်းအဝေးနှင့်အတူ (၁၂)ကြိမ်မြောက် အရှေ့အာရှနိုင်ငံခြားနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးလည်း ကျင်းပမည်ဖြစ်ပြီး ရုရှားနိုင်ငံခြားရေးဝန်ကြီးကို ဖိတ်ကြားထားသည်။

ထို့အပြင် ဩစေတြးလျ၊ ကနေဒါ၊ တရုတ်၊ အီးယူ၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊ တောင်ကိုရီးယား၊ ရုရှား၊ အမေရိကန်၊ ဘင်္ဂလားဒေ့ရှ်၊ မြောက်ကိုရီးယား၊ မွန်ဂိုလီယား၊ ပါကစ္စတန်၊ သီရိလင်္ကာ၊ တီမောလက်စတီ၊ ပါပွာနယူးဂီနီယာစသည့်နိုင်ငံများလည်း (၂၉)ကြိမ်မြောက် အာဆီယံဒေသတွင်းဖိုရမ်ကို ကမ္ဘောဒီးယား၌ ကျင်းပမည်ဖြစ်သည်။

ကိုးကား – Anadolu Agency

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် အလွန်အကျွံ့ အသုံးပြုတိုက်ခိုက်ခဲ့ခြင်း၊ သာလွန် စစ်ကူအင်အားတို့ဖြင့် ပိတ်ဆို့တိုက်ခိုက်ခြင်းတို့ကြောင့် ပူးပေါင်းတပ်ဘက်မှ ၁၁ဦးကျဆုံးခဲ့ရသည်။

သတင်း

တိုက်ပွဲအတွင်း ကော်ဘရာစစ်သည်တော်များ ထိခိုက်ကျဆုံးမရှိသကဲ့သို့ယနေ့မနက် (၄)နာရီခွဲ ခန့်တွင် စစ်ကောင်စီတပ်က ကော်ဘရာစစ်ကြောင်း လုံခြုံရေး ယူထားသည့် တောင်ကုန်းသို့ လေကြောင်းမှ တိုက်ခိုက်ခဲ့သော်လည်း ထိခိုက်ဒဏ်ရာမရှိကြောင်း ဖော်ပြထားသည်။

သတင်း

စစ်ကိုင်းတိုင်းအတွင်း အကြမ်းဖက်စစ်​ကောင်စီက အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်​နေပြီး မြို့နယ်အနှံ့အပြားတွင်လည်း ​ဒေသကာကွယ်​ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

မကြာသေးမီက အာဆီယံအထူးကိုယ်စားလှယ် Prak Sokhonn ၏ ငါးရက်ကြာ မြန်မာခရီးစဉ်အတွင်း စိတ်အားထက်သန်စွာ ကြိုးပမ်းခဲ့သော်လည်း ရလဒ်မှာ လက်ဆုပ်လက်ကိုင်ပြစရာမရှိဘဲ လက်ချည်းဗလာဖြစ်ခဲ့ရသည်ဟု NUG က ဝေဖန်သည်။