Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

က​လေးမြို့တွင်စစ်​ကောင်စီတပ်ကိုမိုင်းဆွဲတိုက်ခိုက်ရာနှစ်ဦး​သေ၊ အရာရှိအပါအဝင် ၆ဦးဒဏ်ရာရဟုက​လေးPDF​ပြော

“မိုင်းပေါက်ကွဲပြီး အထိနာသွားတော့ ထုံးစံအတိုင်း လူထုကို မဲတော့တာပဲ။ အရပ်သားတစ်ယောက်ကို ရိုက်နှက်ဖမ်းသွားတယ်”ဟုပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

(က​လေးPDFတပ်ဖွဲ့ဝင်များ ။ ဓါတ်ပုံ-PDFက​လေး)
(က​လေးPDFတပ်ဖွဲ့ဝင်များ ။ ဓါတ်ပုံ-PDFက​လေး)

ကလေးမြို့တွင် အင်အား ငါးဆယ်ခန့်ပါ စစ်ကောင်စီခြေလျင်စစ်ကြောင်းအား က​လေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(က​လေးPDF)ကမိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား နှစ်ဦး သေဆုံးပြီး အရာရှိတစ်ဦးအပါအဝင် ခြောက်ဦးထက်မနည်း ဒဏ်ရာအပြင်းထန်ရရှိ​ကြောင်းသတင်းထုတ်ပြန်သည်။

ကလေးမြို့တောင်ဖီလာလမ်းမကြီးနှင့် ဝန်ထမ်းအိမ်ယာလမ်းထောင့်တွင် ယနေ့(ဇူလိုင် ၇ရက်) နေလည် ၁၂ နာရီခန့်တွင် ကလေးPDF ကမိုင်းတပ်ဖွဲ့ မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

မိုင်းများ ကြိုတင်ထောင်ထားသည့် နေရာသို့ စစ်ကောင်စီတပ်ဖွဲ့ရောက်ရှိလာစဥ် ဆက်တိုက်ဖောက်ခွဲတိုက်ခိုက်ခဲ့​ခြင်းဟု PDF က​လေးက ထုတ်ပြန်သည်။အကြမ်းဖက်စစ်ကောင်စီတပ်သား နှစ်ဦးသည် နေရာတွင်သေဆုံးပြီး အရာရှိအဆင့် တစ် ဦးအပါအဝင် ခြောက်ဦးထက်မနည်း မိုင်းထိမှန်ကာ ဒဏ်ရာအပြင်းထန်ရရှိသွားသည်ဟုလည်းပါရှိသည်။

“မိုင်းပေါက်ကွဲပြီး အထိနာသွားတော့ ထုံးစံအတိုင်း လူထုကို မဲတော့တာပဲ။ အရပ်သားတစ်ယောက်ကို ရိုက်နှက်ဖမ်းသွားတယ်”ဟုပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့က ​ဘေးပတ်ဝန်းကျင်သို့ သေနတ်ဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ပြီး ပြည်သူအချို့ကို သေနတ်ထောက်၍ လူသားဒိုင်းအဖြစ် စေခိုင်းခဲ့သည်ဟုလည်း PDF Kalayက ထုတ်ပြန်ထားသည်။ ထို့အပြင် ရပ်ကွက်အတွင်းမှ အပြစ်မဲ့ပြည်သူ တစ်ဦးကိုလည်း ဖမ်းဆီးသွားခဲ့သည်ဟု သိရသည်။

ကလေးမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့များကို တိုက်ခိုက်ရာတွင် အသုံးပြုရန် ပျူစောထီးများအား စစ်ကောင်စီက ငွေပေးကာ စည်းရုံးနေသည်ဟု ဒေသခံများကပြောသည်။ သို့သော်ယခု​နောက်ပိုင်းတွင်ပျူစောထီးများက ​​ကြောက်လန့်ကာ စစ်ကောင်စီစစ်ကြာင်းနှင့်လိုက်ရန် ငြင်းဆန်နေကြသည်ဟု ​ဒေသခံများက​ပြောသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် အလွန်အကျွံ့ အသုံးပြုတိုက်ခိုက်ခဲ့ခြင်း၊ သာလွန် စစ်ကူအင်အားတို့ဖြင့် ပိတ်ဆို့တိုက်ခိုက်ခြင်းတို့ကြောင့် ပူးပေါင်းတပ်ဘက်မှ ၁၁ဦးကျဆုံးခဲ့ရသည်။

သတင်း

တိုက်ပွဲအတွင်း ကော်ဘရာစစ်သည်တော်များ ထိခိုက်ကျဆုံးမရှိသကဲ့သို့ယနေ့မနက် (၄)နာရီခွဲ ခန့်တွင် စစ်ကောင်စီတပ်က ကော်ဘရာစစ်ကြောင်း လုံခြုံရေး ယူထားသည့် တောင်ကုန်းသို့ လေကြောင်းမှ တိုက်ခိုက်ခဲ့သော်လည်း ထိခိုက်ဒဏ်ရာမရှိကြောင်း ဖော်ပြထားသည်။

သတင်း

စစ်ကိုင်းတိုင်းအတွင်း အကြမ်းဖက်စစ်​ကောင်စီက အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်​နေပြီး မြို့နယ်အနှံ့အပြားတွင်လည်း ​ဒေသကာကွယ်​ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

မကြာသေးမီက အာဆီယံအထူးကိုယ်စားလှယ် Prak Sokhonn ၏ ငါးရက်ကြာ မြန်မာခရီးစဉ်အတွင်း စိတ်အားထက်သန်စွာ ကြိုးပမ်းခဲ့သော်လည်း ရလဒ်မှာ လက်ဆုပ်လက်ကိုင်ပြစရာမရှိဘဲ လက်ချည်းဗလာဖြစ်ခဲ့ရသည်ဟု NUG က ဝေဖန်သည်။