Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လေးလခန့်ကြာ ရှေ့တန်းတာဝန်များထမ်းဆောင်ပြီးနောက် မိခင်တပ်ရင်းသို့ ပြန်ရောက်ရှိလာသည့် ကျားဖြူတပ်ခွဲ(၁) ရဲ​ဘော်များ

ကျားဖြူတပ်ခွဲ(၁)သည် အမျိုးသားညီညွတ်ရေး အစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန၏ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်တွင် စစ်ကောင်စီတပ်ကို တိုက်ခိုက်နေခြင်းဖြစ်သည်။

ဓာတ်ပုံ - ကျားဖြူတပ်ခွဲ (၁)
ဓာတ်ပုံ - ကျားဖြူတပ်ခွဲ (၁)

လေးလခန့်ကြာရှေ့တန်းတာဝန်များထမ်းဆောင်ပြီးနောက် မိခင်တပ်ရင်းသို့ ပြန်ရောက်ရှိလာသည့် ရဲဘော်များ၏ မှတ်တမ်းကို ကျားဖြူတပ်ခွဲ (၁)က ယနေ့(ဇူလိုင် ၉ ရက်) ထုတ်ပြန်သည်။

“တာ၀န်ကိုယ်စီကို လေးလနီးပါး တောတောင်တွေထဲထမ်းဆောင်‌ရင်း မိခင်တပ်ဆီပြန်ရောက်တဲ့အခါမှာတော့ ရဲဘော်တွေဟာ အချင်းချင်းပွေ့ဖက်ဂုဏ်ပြုကြ အော်ဟစ်ရယ်မောကြနဲ့…ဒါဟာပျော်ရွှင်ခြင်းအစစ်အမှန်ပေါ့”ဟု အဆိုပါတပ်ဖွဲ့က ဆိုသည်။

သို့သော် လိုလားတောင့်တသည့် ပျော်ရွှင်မှုမျိုးမဟုတ်သေးဘဲ နွေးထွေးသည့် မိဘအိမ်ပြန်နိုင်ခြင်း၊ချစ်ရသူများနှင့် ပြန်လည်ဆုံဆည်းနိုင် ခြင်း အပါအဝင် အာဏာရှင်စနစ်ဆိုးကို အမြစ်ဖြတ်တိုက်ထုတ်နိုင်ရန် ဆက်လက်တိုက်ပွဲဝင်ရမည်ဟု ဖော်ပြသည်။

“ကမ္ဘာစစ်ကြီးကို အောင်နိုင်သူတွေရဲ့ပျော်ရွှင်ခြင်းထက် ခမ်းနားမယ့်တစ်နေ့ ။အော်ဟစ်ရယ် မောသံတွေနဲ့ တစ်တိုင်းပြည်လုံးသောသောညံနေမယ့်တစ်နေ့..ပင်ပန်းခက်ခဲလာကြတာသိပေမယ့်မဝေးတော့တဲ့တစ်နေ့အတွက် ဆက်လက်တိုက် ပွဲ၀င်သွားကြရအောင်လားခင်ဗျာ”ဟု ကျားဖြူတပ်ခွဲ (၁)က တိုက်တွန်းသည်။

အလားတူ ပြည်သူတို့၏ကူညီထောက်ပံ့မှုများစွာ လိုအပ်လျက်ရှိသောကြောင့် ထောက်ပံ့မှုများ ဆက်လက်ပြုလုပ်ပေးရန်လည်း မေတ္တာရပ်ခံသည်။

ကျားဖြူတပ်ခွဲ(၁)သည် အမျိုးသားညီညွတ်ရေး အစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန၏ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်တွင် စစ်ကောင်စီတပ်ကို တိုက်ခိုက်နေခြင်းဖြစ်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

NUGပညာရေးဝန်ကြီးဌာန၏ ကြားကာလ ပညာသင်နှစ်ကို ဆရာ၊ ဆရာမ ၊ စေတနာ့ဝန်ထမ်း (Volunteer) စုစုပေါင်း ၅၅ဦး နှင့် CDM ဝန်ထမ်း ၁၈ဦးတို့က ဦးဆောင်ပြီး သင်ကြားပေးခဲ့ကြောင်း သိရသည်။

သတင်း

အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ကြိုတင်သတ်မှတ်ချက်များဖြင့် ဆွေးနွေးရန် စကားခေါ်မှုအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဆွေးနွေးမည်ကို ပြည်သူလူထုအနေ ဖြင့် စိုးရိမ်ပူပန်ရန်မလိုကြောင်း ဝန်ကြီးဒေါ်ဇင်မာအောင်က ရှင်းပြသည်။

သတင်း

“နှစ်နိုင်ငံ တင်းမာ‌နေတယ်ပေါ့၊ ကြားထဲက စစ်ဘေးရှောင်တွေ ဒုက္ခရောက်ကျတာပေါ့အဝင်အထွက်ကို နှစ်ဖက်လုံးက ပေးမဝင်ဘူးခင်ဗျ၊ အရင်ရှိနေတဲ့လူတွေကို မောင်းမထုတ်တာ ကျေးဇူးတင်ရမယ်”ဟု PDF(တမူး) တာဝန်ရှိသူတစ်ဦးကပြောသည်။

သတင်း

မစ္စတာအာဘေးရဲ့ ကူညီထောက်ပံ့မှုတွေကို မြန်မာပြည်သူတွေဟာ မေ့လျော့မှာ မဟုတ်ကြောင်းနဲ့ အခုလို ဝမ်းနည်းဖွယ်အချိန်ကာလမှာ မြန်မာပြည်သူတွေဟာ ဂျပန်ပြည်သူတွေနဲ့အတူ ရပ်တည်ပေးသွားမယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးကပြောထားပါတယ်။