Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ယင်းမာပင်ခရိုင်တွင် NUG ပညာရေးဝန်ကြီးဌာန၏ ညွှန်ကြားမှုဖြင့် အတန်းတင်စာမေးပွဲများ ကျင်းပ

NUGပညာရေးဝန်ကြီးဌာန၏ ကြားကာလ ပညာသင်နှစ်ကို ဆရာ၊ ဆရာမ ၊ စေတနာ့ဝန်ထမ်း (Volunteer) စုစုပေါင်း ၅၅ဦး နှင့် CDM ဝန်ထမ်း ၁၈ဦးတို့က ဦးဆောင်ပြီး သင်ကြားပေးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ - ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ် ဦးဆောင်ကော်မတီ
ဓာတ်ပုံ - ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ် ဦးဆောင်ကော်မတီ

▪️မူလတန်းမှ အထက်တန်းအထိ ကျောင်းသား၊ကျောင်းသူ ၆၀၀ခန့် ဖြေဆို

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင်အတွင်းရှိ ကျေးရွာတစ်ရွာတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ယနေ့ (ဇူလိုင် ၉)က အတန်းတင်စာမေးပွဲများ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အတန်းတင်စာမေးပွဲကို မူလတန်းအဆင့်မှ အထက်တန်းအဆင့်အထိ ကျင်းပခဲ့ပြီး ကျောင်းသား၊ကျောင်းသူ ၆၀၀ခန့် ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။

NUGပညာရေးဝန်ကြီးဌာန၏ ကြားကာလ ပညာသင်နှစ်ကို ဆရာ၊ ဆရာမ ၊ စေတနာ့ဝန်ထမ်း (Volunteer) စုစုပေါင်း ၅၅ဦး နှင့် CDM ဝန်ထမ်း ၁၈ဦးတို့က ဦးဆောင်ပြီး သင်ကြားပေးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင် ပထမပတ်ကလည်း စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင်ရှိ ကျေးရွာတစ်ရွာတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ ပညာရေးစုံညီပွဲတော်၊ ပညာရည်ချွန်ဆုပေးပွဲနှင့် မိုးရာသီအားကစား ပွဲတော်တို့ကိုလည်း ကျင်းပပြုလုပ်ခဲ့ကြသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

ကျားဖြူတပ်ခွဲ(၁)သည် အမျိုးသားညီညွတ်ရေး အစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန၏ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်တွင် စစ်ကောင်စီတပ်ကို တိုက်ခိုက်နေခြင်းဖြစ်သည်။

သတင်း

အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ကြိုတင်သတ်မှတ်ချက်များဖြင့် ဆွေးနွေးရန် စကားခေါ်မှုအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဆွေးနွေးမည်ကို ပြည်သူလူထုအနေ ဖြင့် စိုးရိမ်ပူပန်ရန်မလိုကြောင်း ဝန်ကြီးဒေါ်ဇင်မာအောင်က ရှင်းပြသည်။

သတင်း

“နှစ်နိုင်ငံ တင်းမာ‌နေတယ်ပေါ့၊ ကြားထဲက စစ်ဘေးရှောင်တွေ ဒုက္ခရောက်ကျတာပေါ့အဝင်အထွက်ကို နှစ်ဖက်လုံးက ပေးမဝင်ဘူးခင်ဗျ၊ အရင်ရှိနေတဲ့လူတွေကို မောင်းမထုတ်တာ ကျေးဇူးတင်ရမယ်”ဟု PDF(တမူး) တာဝန်ရှိသူတစ်ဦးကပြောသည်။

သတင်း

မစ္စတာအာဘေးရဲ့ ကူညီထောက်ပံ့မှုတွေကို မြန်မာပြည်သူတွေဟာ မေ့လျော့မှာ မဟုတ်ကြောင်းနဲ့ အခုလို ဝမ်းနည်းဖွယ်အချိန်ကာလမှာ မြန်မာပြည်သူတွေဟာ ဂျပန်ပြည်သူတွေနဲ့အတူ ရပ်တည်ပေးသွားမယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးကပြောထားပါတယ်။