Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရေစကြိုနယ် ကံသစ်ရွာသား ၁၉ဦးကို စစ်ကောင်စီတပ် နှင့်ပျူများဖမ်းဆီးသွားကြောင်းဒေသခံပြော

ဇူလိုင် ၉ရက်တွင် စစ်ကောင်စီတပ်က ရွာသား ၁၆ဦးကို ဖမ်းသွားပြီး ယမန်နေ့ ဇူလိုင် ၁၀ရက်ညပိုင်း၌ နောက်ထပ်ရွာသား ၃ဦးကို ထပ်မံ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟုဆိုသည်။

ကံသစ်ကျေးရွာ
ကံသစ်ကျေးရွာ

အဆက်သွယ်ပြတ်တောက်နေ၍ မိသားစုဝင်များ စိတ်ပူနေ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ကံသစ်ကျေးရွာသား ၁၉ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများက ဖမ်ဆီးခေါ်ဆောင်သွားကြောင်းဒေသခံက သတင်းပေးပို့သည်။

ဇူလိုင် ၉ရက်တွင် စစ်ကောင်စီတပ်က ရွာသား ၁၆ဦးကို ဖမ်းသွားပြီး ယမန်နေ့ ဇူလိုင် ၁၀ရက်ညပိုင်း၌ နောက်ထပ်ရွာသား ၃ဦးကို ထပ်မံ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟုဆိုသည်။

ဖြစ်စဉ်မှာ ဇူလိုင် ၉ရက် နံနက် ၆ နာရီဝန်းကျင်ခန့်တွင် ကံသစ်ကျေးရွာမှ ပျူစောထီး ခေါင်းဆောင် ရန်နိုင်အောင်ဦးဆောင်သည့် ပျူစောထီးများနှင့် ရေစကြို ခ-လ-ရ (၂၅၈) တပ်မှ စစ်ကောင်စီတပ်သား အများအပြား သေနတ် ပစ်ဖောက်ပြီးကျေးရွာသို့ ဝင်ရောက်ကာ ရွာသား ၁၆ဦးကို ခေါ်ဆောင်သွားခြင်းဖြစ်သည်ဟုဆိုသည်။

Public Service Announcement
Public Service Announcement

“ကံသစ်ကျေးရွာ ရန်နိုင်အောင်ဦးဆောင်တဲ့ ပျူစောထီးတွေ မမှန်မကန်လုပ်ကြံ သတင်းပေးလို့ ရွာသားတွေကို ဖမ်းခေါ်သွားတာ။ ဘာအတွက် ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတာ မသိရသေးဘူး မိသားစုဝင်တွေနဲ့ အခုချိန်ထိ အဆက်သွယ်မရသေးလို့ မိသားစုဝင်တွေ စိတ်ပူနေရတယ်” ဟု ဒေသခံ သတင်းရင်းမြစ်က သတင်းပေးပို့သည်။

ဖမ်းဆီးခြင်းခံရသူများမှာ ကိုမြင့်ကြည်၊ ကိုထွန်းရီ၊ ကိုအောင်စိုးမိုး၊ ကိုငဖိုး၊ ကိုဝင်းလှိုင်ရွှေ၊ ကိုစိုးမင်းသူ၊ ကိုအောင်လွင်၊ ကိုတင်မောင်ကျော်၊ ကိုမဲ၊ ကိုမောင်ထက်၊ ကိုအေးဝင်း၊ ကိုဟန်မြင့်၊ ကိုမျိုးမင်းသူ၊ ကိုမျိုးချစ်၊ ကိုညွန့်စန်း၊ အမည်မသိရသေး စုံစမ်းနေဆဲ တို့ဖြစ်ပြီး ဖမ်းဆီးခံထားရသည့် ရွာသား ၁၉ဦးကို အမြန်ဆုံးပြန်လွှတ်ပေးရန် ဒေသခံများက လိုလားနေကြောင်း ပြောသည်။

စစ်ကောင်စီတပ်သည် ယခင်ကလည်း ရေစကြိုနယ်တွင် CDM ကျောင်းအုပ်ဆရာ၊ CDM ဆရာမ ၊ CDM သူနာပြုဆရာမ အပါအဝင် ၅ဦးကို ဖမ်းဆီးပြီး အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့ရာ ယခု ဖမ်းဆီးခံရသူများ၏ အသက်အန္တရာယ်ကိုလည်း စိတ်ပူနေကြရကြောင်းဒေသခံကပြောကြားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

ဇူလိုင် ၆ရက်တွင်တိုက်ပွဲ ၂ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်မှ ၅ဦးသေဆုံးပြီး ဒဏ်ရာရယူများ ရှိခဲ့ကြောင်း၊ ဇူလိုင် ၇ရက် တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၂ဦးသေဆုံးပြီး ၆ဦး ထက်မနည်းဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။

သတင်း

ဇူလိုင် ၅ ရက်နေ့ညပိုင်းက စစ်ကောင်စီတပ်မှ ကျောက်ကြီးမြို့ပေါ်တွင် လက်နက်ကြီးဖြင့်ရမ်းသမ်းပစ်ခတ်မှုကြောင့် သိမ်တန်းရပ်ကွက်၊ ဗောဓိကုန်းရှိ ပြည်သူပိုင်နေအိမ်လေးလုံး လက်နက်ကြီးထိမှန်ပျက်ဆီးခဲ့သည်။

သတင်း

“လောင်းလုံးဘက်မှ ပျူစောထီးတွေက သောင်းကျန်းနေတာ၊ အဲ့တာကို PDFတွေ ဝင်ပစ်တာ အခုရွာထဲမှာ စခ(စစ်ကောင်စီတပ်)တွေသောင်းကျန်းနေတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

သတင်း

"စစ်ကောင်စီရှာနေတဲ့ တပ်ပေါင်းစုဆိုတာ ကျေးရွာတွေမှာ ရှိတာမဟုတ်ဘူး။ မြို့ပေါ်မှာ ခင်ဗျားတို့ အနီးနားမှာရှိတယ်ဆိုတာ သိစေလိုပါတယ်။"ဟု ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ပြောကြားထားသည်။