Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

KPICT နှင့် NUG ပူး​ပေါင်း၍ ကချင်​ဒေသတွင် ဒစ်ဂျစ်တယ်ပိုက်ဆံအိတ်-SUMBU အသုံးပြုနိုင်​တော့မည်

“ကချင်ဘက်မှာ NUGPayကို ကျယ်ကျယ်ပြန့်ပြန့်သုံးနိုင်တော့မယ်။ မကြာခင် စစ်ကိုင်းနဲ့ ကရင်တို့လို ဒေသမျိုးမှာ သုံးနိုင်ရင် ပိုကောင်းလာမှာ”ဟု NUGPay ကိုယ်စားလှယ်တစ်ဦးကပြောသည်။

KPICT နှင့် NUG ပူး​ပေါင်း၍ ကချင်​ဒေသတွင် ဒစ်ဂျစ်တယ်ပိုက်ဆံအိတ်-SUMBU အသုံးပြုနိုင်​တော့မည်
KPICT နှင့် NUG ပူး​ပေါင်း၍ ကချင်​ဒေသတွင် ဒစ်ဂျစ်တယ်ပိုက်ဆံအိတ်-SUMBU အသုံးပြုနိုင်​တော့မည်

ကြားကာလကချင်နိုင်ငံရေးဦးဆောင်အဖွဲ့ KPICTနှင့် NUGတို့ ပူးပေါင်း၍ ကချင်ဒေသအတွင်း NUGPayကို ဒစ်ဂျစ်တယ်ပိုက်ဆံအိတ်ကပ်အဖြစ် စတင်အသုံးပြုနိုင်တော့မည်ဖြစ်သည်ဟု KPICTက သတင်းထုတ်ပြန်သည်။

ထိုအစီအစဉ်ကို SUMBU ဟူသော အမည်ဖြင့်တော်လှန်ပြည်သူများ လာဘ်လာဘတိုးပွားအောင်မြင်စေသည့်ဒစ်ဂျစ်တယ်အိတ်ကပ်အဖြစ် အသုံးပြုခြင်းဖြစ်သည်ဟု KPICTက ဆိုထားသည်။

SUMBUသည် ကချင်(ဂျိန်းဖော) ဘာသာစကားဖြင့် ပိုက်ဆံအိတ်/ အိတ်ကပ်ဟူ၍ အနက် အဓိပ္ပာယ်ရသည်။

“ကချင်ဘက်မှာ NUGPayကို ကျယ်ကျယ်ပြန့်ပြန့်သုံးနိုင်တော့မယ်။ မကြာခင် စစ်ကိုင်းနဲ့ ကရင်တို့လို ဒေသမျိုးမှာ သုံးနိုင်ရင် ပိုကောင်းလာမှာ”ဟု NUGPay ကိုယ်စားလှယ်တစ်ဦးကပြောသည်။

လက်ရှိတွင် ရှေ့ပြေးစီမံကိန်းဖြစ်၍ ငွေသွင်း/ငွေထုတ် အခက်အခဲများရှိနေဆဲဖြစ်သည်ဟု ၎င်းကဆက်​ပြောသည်။ သို့သော်လည်း NUGPayဖြင့် ငွေလွှဲပြောင်းခြင်းနှင့် အလှူငွေလက်ခံခြင်းတို့ကို တော်လှန်ရေးအဖွဲ့က စတင်အသုံးပြုနေပြီဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်း၊ဘဏ္ဍာရေးနှင့် ရင်းနှီးမြှပ်နှံမှုဝန်ကြီးဌာနက မိုဘိုင်းပိုက်ဆံအိတ်ဖြစ်သည့် NUGPayကို ဇွန် ၃၀ ရက်တွင် စတင်မိတ်ဆက်ခဲ့သည်။ ရှေ့ပြေးစီမံကိန်းအနေဖြင့် သုံးဆွဲသူ အယောက် တစ်သောင်းပြည့်မှီအောင် ဆောင်ရွက်သွားမည်ဟု NUGPayက ထုတ်ပြန်ထားသည်။

NUGPay မိုဘိုင်းပိုက်ဆံအိတ်ကို အသုံးပြုလိုသူများသည် NUGPay အကောင့်ဖွင့်ရမည်ဖြစ်သည်။ ဖွင့်လှစ်ရာတွင် NUGPayကိုယ်စားလှယ်ထံမှ တခါသုံးလျှိဝှက်စာ(Code)တစ်ခုကိုကျပ်တစ်သောင်းဖြင့် ဝယ်ယူရမည်ဖြစ်သည်။ ထိုကုတ်ကို အသုံးပြုပြီးဖွင့်လှစ်ရမည်ဖြစ်ပြီး အကောင့်ဖွင့်လှစ်ပြီးလျှင် အကောင့်ဖွင့်ခ ကျပ် ၃၀၀၀ ကုန်ကျမည်ဖြစ်သည်။ NUGPayမိုဘိုင်းပိုက်ဆံအိတ်ထဲတွင်အနည်းဆုံးကျပ် ၇၀၀၀ ရရှိမည်ဖြစ်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

"ခင်ရာဆွေ"ဆိုင်၌ မြန်မာထမင်းဟင်းများအပြင် ကြာဇံသုပ်၊ ခေါက်ဆွဲသုပ်၊ အမဲသားခြောက်၊ ဝက်သားကြော်နှင့်ဝက်သားတုတ်ထိုးများရရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။

သတင်း

စစ်ကိုင်းတိုင်းရှိ နေရာအများစု၌ NUG အစိုးရ လက်အောက်ခံ အဖွဲ့များက စိုးမိုးထားနိုင်ကြောင်း၊ စစ်ကောင်စီတပ် စစ်ကြောင်းများ ဝင်လာပါက လက်နက်အင်အား ကွာခြားမှုကြောင့် ဖယ်ပေးရသည့် နေရာများရှိသော်လည်း အများစုမှာ စိုးမိုးထားနိုင်ကြောင်း အဆိုပါ တာဝန်ရှိသူက ပြောသည်။

သတင်း

စစ်ကောင်စီတပ်များက အပြစ်မဲ့ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို နှောက်ယှက် ဖျက်ဆီးခဲ့၍ ပြည်သူများ အိုးအိမ်စွန့်ခွာပြီး ဘေးလွတ်ရာ၌ ရှောင်တိမ်းနေထိုင်ကြရကြောင်း ၊ စစ်ရှောင် ပြည်သူများကို တက်နိုင်သည့်ဘက်မှ ဝိုင်းဝန်းကူညီပံ့ပိုး ပေးကြရန် မေတ္တာရပ်ခံကြောင်း ထီးလင်း PDFက ထုတ်ပြန်သည်။

သတင်း

တရားမျှတမှုမတည်ရှိ၊ မဖြစ်ထွန်းလျှင် စစ်မှန်သောငြိမ်းချမ်းခြင်းဆိုသည်မှာ မဖြစ်လာနိုင်သောကြောင့် စစ်မှန်သောငြိမ်းချမ်းခြင်းအတွက် တရားမျှတမှုရှိရေးဖော်ဆောင်ရန် အားလုံး၌ တာဝန်ရှိသည်ဟု NUGက ဆို သည်။