Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ခင်ဦးမြို့နယ် ကံသစ်​ရွာကို စစ်အုပ်စု မီးရှို့ဖျက်ဆီးမှုကို PDFများ သွား​ရောက်မီးငြှိမ်းသတ်​ပေး

ဇွန်လ ၄ ရက်ကလည်း ခင်ဦးမြို့နယ် သာဂရကျေးရွာကို စစ်​ကောင်စီတပ်က ဝင်ရောက်ဖျက်ဆီးမီးရှို့မှုကြောင့် နေအိမ် ၇၀ကျော် ပျက်စီးဆုံးရှုံးခဲ့ပြီး (၇၉)နှစ်အရွယ် အဘွားအိုတစ်ဦးပါ မီးလောင်သေဆုံးခဲ့သည်။

ခင်ဦးမြို့နယ် ကံသစ်​ရွာကို စစ်အုပ်စု မီးရှို့ဖျက်ဆီး
ခင်ဦးမြို့နယ် ကံသစ်​ရွာကို စစ်အုပ်စု မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် ကံသစ်​ကျေးရွာကို အကြမ်းဖက်စစ်​ကောင်စီတပ်နှင့် ပျူစောထီးများက ဝင်ရောက်မီးရှို့ဖျက်ဆီးရာ ဒေသတွင်းPDF များလာရောက်မီးငြှိမ်းသတ်​ပေးခဲ့ကြောင်း ​ဒေသခံများက ​ပြောသည်။

စစ်​ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှု​ကြောင့် အဆိုပါ​ကျေးရွာမှ နေအိမ် ၅၀ခန့်ပျက်စီးဆုံးရှုံးခဲ့ကြောင်း ​ဒေသခံများက ပြောသည်။

ယမန်နေ့(ဇွန်လ ၁၀ရက်) မွန်းလွဲ ၂နာရီခန့်က ခင်ဦးမြို့နှင့် ရေဦးမြို့မှ စစ်​ကောင်စီတပ်နှင့် ပျူစောထီးများသည် ကံသစ်ရွာသို့ ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့ခြင်းဖြစ်သည်။

အကြမ်းဖက်အုပ်စု၏ မီးရှို့ဖျက်ဆီးမှုကြောင့် ကံသစ်ရွာရှိ အရံမီးသတ်ရုံးတစ်ခုအပါအဝင် နေအိမ် ၅၂လုံး၊ စပါးတိုက် ၁၂လုံးမှ စပါးတင်းရေ ထောင်ချီ၊ မီးဖိုတဲ ၂၃လုံး၊စျေးဆိုင်တစ်ဆိုင်၊ ထော်လာဂျီ တစ်စီး၊ စပါးခြွေစက်တစ်ခု၊ ဆိုင်ကယ်လေးစီး၊ လယ်ထွန်စက် ​လေးခု နှင့်အိမ်တွင်းပရိဘောဂပစ္စည်းများစွာ ပျက်စီးဆုံးရှုံးခဲ့ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်သည်။

ကံသစ်ကျေးရွာသည် စစ်တပ်က အာဏာသိမ်းပြီးအချိန်မှစ၍ ယနေ့အထိ (၂၃)ကြိမ် ဝင်ရောက်စီးနင်းခြင်းခံခဲ့ရသည်။ စီးနင်းမှုများတွင် ​ဒေသခံပြည်သူ ရှစ်ဦးသေဆုံးခဲ့ရပြီး ၂၉ဦးအထိ ဖမ်းဆီးခြင်းခံထားရကာ တစ်ဦးသာ လွတ်မြောက်ခဲ့ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက အသိပေးသည်။

“ဒေသခံပြည်သူအများစုဟာ အိုးမဲ့အိမ်မဲ့ ဖြစ်နေသလို စစ်ကြောင်းဟာ အဆက်မပြတ်ဝင်ရောက်နေခဲ့လို့ စားဝတ်နေရေး အခက်အခဲများ ဖြစ်ပေါ်နေပါတယ်”ဟု ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက ပြောသည်။

ဇွန်လ ၄ ရက်ကလည်း ခင်ဦးမြို့နယ် သာဂရကျေးရွာကို စစ်​ကောင်စီတပ်က ဝင်ရောက်ဖျက်ဆီးမီးရှို့မှုကြောင့် နေအိမ် ၇၀ကျော် ပျက်စီးဆုံးရှုံးခဲ့ပြီး (၇၉)နှစ်အရွယ် အဘွားအိုတစ်ဦးပါ မီးလောင်သေဆုံးခဲ့သည်။

အကြမ်းဖက်စစ်တပ်သည် အာဏာသိမ်းကာလအတွင်း ခင်ဦးမြို့နယ်အတွင်းရှိ ရွာပေါင်း ၃၅ရွာမှ နေအိမ်ပေါင်း ၁,၅၀၀ကျော်ကို မီးရှို့ဖျက်ဆီးထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

မကွေးတိုင်း ရေစကြိုမြို့နယ် သစ်ကြီးတောရွာကို မီးရှို့ပြီး ပြန်ထွက်လာသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ကြောင်းနှင့် စစ်ကောင်စီတပ်များ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာ၍ ပြည်သူလူထုများ ဂရုစိုက်ရှောင်ရှားကြရန် ရေစကြို ပြည်သူ့ကာကွယ်ရေးတပ် (PDF)က အသိပေးသည်။

သတင်း

တော်လှန်ရေး ကြာရှည်လာသည်နှင့်အမျှ ပြည်သူမှ မွေးဖွားလာသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ နှင့် အကြမ်းဖက် စစ်ကောင်စီတပ်အကြား ထိတွေ့တိုက်ပွဲများ ပိုမိုများပြားလာကြောင်းလည်း သိရသည်။

သတင်း

မြိုင်မြို့နယ် အခြေခံပညာအထွေထွေသပိတ်ကော်မတီBEGSC-MYAINGက "အညာသူအညာသားတွေရဲ့ရဲရဲတောက်တော်လှန်ရေးစိတ်ဓာတ်"ဟု ရေးသားကာ လှူဒါန်းမှုနှင့်ပတ်သက်၍ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

သတင်း

အပြန်အလှန် ပစ်ခတ်မှုအတွင်း မဟာမိတ် တပ်ပေါင်းစုဘက်က ရဲဘော်နှစ်ဦး ပေါင်နှင့်လက်တွင် လက်နက်ကြီး အစမှန်ဒဏ်ရာရရှိခဲ့ပြီး မစိုးရိမ်ရကြောင်း ဖော်ပြထားသည်။