Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ရှောင်ပြည်သူ ၄၀၀ကျော်အတွက် လိုအပ်သောအကူအညီများပေးကြရန် လောင်းရှည်PDF မေတ္တာရပ်ခံ

စစ်ဘေးရှောင်ပြည်သူများအတွက် ကျန်းမာရေးနှင့်ညီညွတ်သော နေရာထိုင်ခင်း၊ မိုးကာ၊​​ စောင်​၊ ခြင်​​ထောင်၊ စားနပ်ရိက္ခာ၊ အဝတ်အထည်၊ တစ်ကိုယ်ရည်သုံးပစ္စည်းများနှင့် ဆေးဝါးများကို အတတ်နိုင်ဆုံး ကူညီရှာဖွေ ထောက်ပံ့ပေးနေကြောင်း ၎င်းက ဆက်ပြောသည်။

ဓာတ်ပုံ - LSRPDF(YRPA)
ဓာတ်ပုံ - LSRPDF(YRPA)

စစ်ရှောင်ပြည်သူ ၄၀၀ ကျော်အတွက် လိုအပ်သောအကူအညီများပေးကြရန် လောင်းရှည် ဒေသလုံးဆိုင်ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ LSRPDF(YRPA)က ယနေ့(ဇူလိုင် ၁၂)တွင် မေတ္တာရပ်ခံပန်ကြားလိုက်သည်။

လက်ရှိတွင် LSRPDF(YRPA) ထိန်းချုပ်နယ်မြေအတွင်းမှ စိုက်ခင်းကျေး ရွာ၊ အိုင့်ကြီးကျေးရွာ၊ ဖလံမကျေးရွာ များမှ စစ်ဘေးရှောင်ပြည်သူ ၄၀၀ကျော်အား လိုအပ်သည့် ကာကွယ်စောင့်ရှောက်မှုများကို LSRPDF (YRPA)မှ ကြိုးစားဆောင်ရွက်ပေးနေကြောင်း ဖော်ပြသည်။

“နောက်ထပ်လည်း စစ်ဘေးရှောင်တွေ တိုးလာဦးမယ်လို့သိရပြီး မိုးကာနဲ့ အစားအသောက်က အဓိကဖြစ်နေတယ်ခင်ဗျ”ဟု LSRPDF(YRPA) မှ ရဲဘော်တစ်ဦးက ပြောသည်။

စစ်ဘေးရှောင်ပြည်သူများအတွက် ကျန်းမာရေးနှင့်ညီညွတ်သော နေရာထိုင်ခင်း၊ မိုးကာ၊​​ စောင်​၊ ခြင်​​ထောင်၊ စားနပ်ရိက္ခာ၊ အဝတ်အထည်၊ တစ်ကိုယ်ရည်သုံးပစ္စည်းများနှင့် ဆေးဝါးများကို အတတ်နိုင်ဆုံး ကူညီရှာဖွေ ထောက်ပံ့ပေးနေကြောင်း ၎င်းက ဆက်ပြောသည်။

ဓာတ်ပုံ - LSRPDF(YRPA)
ဓာတ်ပုံ – LSRPDF(YRPA)

ပြီးခဲ့သည့်ရက်ပိုင်းများက ဆော-ဆိတ်ဖြူလမ်းပိုင်းတွင် စစ်ကောင်စီတပ်နှင့် ဒေသကာ ကွယ်ရေးတပ်များတိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ အထိနာခဲ့ပြီး လက်ရှိတွင် အင်အားထပ်မံဖြည့်တင်းနေသောကြောင့် အချိန်မရွေးတိုက်ပွဲဖြစ်လာနိုင်ကြောင်း LSRPDF (YRPA)က အသိပေးထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

"ခင်ရာဆွေ"ဆိုင်၌ မြန်မာထမင်းဟင်းများအပြင် ကြာဇံသုပ်၊ ခေါက်ဆွဲသုပ်၊ အမဲသားခြောက်၊ ဝက်သားကြော်နှင့်ဝက်သားတုတ်ထိုးများရရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။

သတင်း

လက်ရှိမှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်တွေဟာ အခက်အခဲများစွာနဲ့ကြုံတွေ့နေရပြီး ဆေးဝါး၊ စားနပ်ရိက္ခာနဲ့ အမိုးအကာတွေ အဓိကလိုအပ်နေတယ်လို့ ညောင်လေးပင်ခရိုင် ဒေသခံကရင်အရပ်ဘက်လူမှုရေးရာအဖွဲ့ထံကနေ သိရပါတယ်။

သတင်း

PEOPLE'S DEFENCE FORCE-HTILIN (YRPA)၏ စိုးမိုးနယ်မြေ (၂)၊(၃)၊(၄)၊(၅)သို့ သွားရောက်ကာ သွေးလွန်တုပ်ကွေးနှင့် ၀မ်းပျက်၀မ်းလျှောရောဂါများအကြောင်းကို ဆွေးနွေးပြောကြားခဲ့ပြီး ကာကွယ်ရေးနည်းလမ်းများကို ဟောပြောပညာပေးခဲ့​ကြောင်း ယနေ့(ဇူလိုင် ၁၁ရက်)ထုတ်ပြန်ထားသည်။

သတင်း

ယနေ့ (ဇူလိုင် ၁၀ရက်) နေ့လည် ၁၂နာရီခန့်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားပြီး တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးသေဆုံးမှု အခြေအနေကို ဖော်ပြမထားပေ။