Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဘီးလင်းတွင် ပျူခေါင်းဆောင်တစ်ဦးကို KRF ဖမ်းဆီးသုတ်သင်

KRFအနေဖြင့် အကြမ်းဖက်စစ်ကောင်စီနှင့် ၎င်းတို့၏လက်ပါးစေများအား သုတ်သင်ရှင်းလင်းမည့်အပြင် စစ်အာဏာရှင်စနစ်ကျဆုံးသည်အထိ ဆက်လက်တိုက်ပွဲဝင်များမည်ဟု ဖော်ပြသည်။

ဘီးလင်း
ဘီးလင်း

မွန်ပြည်နယ် ဘီးလင်းမြို့နယ်ရှိ စစ်ကောင်စီလက်ပါးစေ ပျူစောထီးခေါင်းဆောင်တစ်ဦးကို ဖမ်းဆီးသုတ်သင်လိုက်ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF)က ယနေ့(ဇူလိုင် ၁၂) အသိပေးထုတ်ပြန်သည်။

ယမန်နေ့(ဇူလိုင် ၁၁)ည ၈နာရီ ၂၀ခန့်က ဘီးလင်းမြို့နယ် သပြေနီကျေးရွာနေ စစ်ကောင်စီသတင်းပေး ပျူစောထီးခေါင်းဆောင် မျိုးစည်သူဆိုသူကို KRF နှင့် တပ်ရင်း (၂)ပူးပေါင်းအဖွဲ့မှ သပြေနီဘုန်းကြီးကျောင်းအတွင်း ဝင်ရောက်ဖမ်းဆီးခဲ့သည်ဟု ဖော်ပြသည်။

ထို့နောက် ပျူခေါင်းဆောင်မျိုးစည်သူအား စစ်ဆေးမေးမြန်းပြီးနောက် ပူးပေါင်းအဖွဲ့မှ သုတ်သင်ရှင်းလင်းခဲ့သည်ဟု ဆိုသည်။

“ဒီကောင်က သပြေနီ ၊ဖိုးဝါးသိမ် ၊ဝါးဖြူကုန်း အနီးတဝိုက်ရွာတွေကို ဒုက္ခပေးနေတာ။ သူအပါ အဝင်လေးယောက်အဖွဲ့ရှိတယ်။ ရွာထဲက လူငယ်တွေကိုလည်း အဖွဲ့ထဲဝင်ဖို့လိုက်စည်းရုံးတယ်”ဟု KRF မှ ရဲဘော်တစ်ဦးက ပြောသည်။

ဖမ်းဆီးရမိချိန်မှာ ပျူခေါင်းဆောင် မျိုးစည်သူထံမှ လက်ပစ်ဗုံးနှစ်လုံးသိမ်းဆည်းရမိခဲ့ကြောင်း KRF ထံမှ သိရသည်။

KRFအနေဖြင့် အကြမ်းဖက်စစ်ကောင်စီနှင့် ၎င်းတို့၏လက်ပါးစေများအား သုတ်သင်ရှင်းလင်းမည့်အပြင် စစ်အာဏာရှင်စနစ်ကျဆုံးသည်အထိ ဆက်လက်တိုက်ပွဲဝင်များမည်ဟု ဖော်ပြသည်။

ထိုသို့တိုက်ပွဲဝင်ရာတွင် ပြည်သူလူထုအပေါ် တစ်စုံတစ်ရာ ထိခိုက်ပျက်စီးစေမည့် ဖောက်ခွဲတိုက်ခိုက်ခြင်းနှင့် ပစ်ခတ်ခြင်းများ လုပ်ဆောင်မည်မဟုတ်ကြောင်း အသိပေးထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

ဇူလိုင် ၉ရက်တွင် စစ်ကောင်စီတပ်က ရွာသား ၁၆ဦးကို ဖမ်းသွားပြီး ယမန်နေ့ ဇူလိုင် ၁၀ရက်ညပိုင်း၌ နောက်ထပ်ရွာသား ၃ဦးကို ထပ်မံ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟုဆိုသည်။

သတင်း

“လောင်းလုံးဘက်မှ ပျူစောထီးတွေက သောင်းကျန်းနေတာ၊ အဲ့တာကို PDFတွေ ဝင်ပစ်တာ အခုရွာထဲမှာ စခ(စစ်ကောင်စီတပ်)တွေသောင်းကျန်းနေတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

သတင်း

ကိုဝင်းမိုးဇော်(ခ)အဝင်းလေးသည် ပြီးခဲ့သည့် ဇူလိုင် ၂ ရက်က ဘုတလင်မြို့နယ်နှင့် ဒီပဲယင်းမြို့နယ်ကြားရှိ ကတိုးရွာအနီးတွင် စစ်​ကောင်စီတပ်၏ ကင်းပုန်းနှင့် ထိပ်တိုက်တိုးပြီး မတရားဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

သတင်း

"စစ်ကောင်စီထောက်တိုင်ကိုဖြုတ်ဖို့ အသက်နဲ့ရင်းပြီး mission လုပ်ခဲ့တဲ့ ရဲဘော်တို့ကို တာဝန်ယူမှု တာဝန်ခံမှုအတွက် LLPDF အနေနဲ့ လုပ်စရာရှိတာကို လုပ်နေကြပါတယ်"ဟု LLPDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။