Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဆိပ်ဖြူမြို့နယ်တွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်အား ဒေသတွင်းမဟာမိတ်(၉)ဖွဲ့ပူးပေါင်းတိုက်ခိုက်

တိုက်ပွဲတွင် လက်နက်ကြီး၊လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်ခဲ့ကြပြီး စစ်ကောင်စီတပ်သား စုစုပေါင်း ၉ဦးခန့်သေဆုံးနိုင်ကာ ၁၀ဦးထက်မနည်း ဒဏ်ရာရရှိသွားသည်ဟု CAF -SPUPDF က ဆိုသည်။

CAF -SPUPDF (မြေလတ်ဒေသဆိပ်ဖြူမြို့နယ်ကာကွယ်ရေးအဖွဲ့၊ ဓာတ်ပုံ-CAF -SPUPDF)
CAF -SPUPDF (မြေလတ်ဒေသဆိပ်ဖြူမြို့နယ်ကာကွယ်ရေးအဖွဲ့၊ ဓာတ်ပုံ-CAF -SPUPDF)

မကွေးတိုင်း၊ ပခုက္ကူခရိုင် ဆိပ်ဖြူမြို့နယ်တွင် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်အား ဒေသတွင်းမဟာမိတ် (၉)ဖွဲ့ပူးပေါင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၉ဦးခန့်သေဆုံးနိုင်ကြောင်း CAF -SPUPDF (မြေလတ်ဒေသဆိပ်ဖြူမြို့နယ်ကာကွယ်ရေးအဖွဲ့)က သတင်းထုတ်ပြန် သည်။

ဇူလိုင် ၉ရက်က ဆိပ်ဖြူမြို့နယ်၊ ရှားလှကျေးရွာအုပ်စု ပိုင်းကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်ကောင်စီတပ်များနှင့် မဟာမိတ်တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့သည်။

တိုက်ပွဲမှာ ဇူလိုင် ၉ ရက်မှ ၁၀ ရက် ညနေပိုင်းအထိ တိုက်ပွဲဖြစ်ပွားခဲ့ကြရာ စစ်ကောင်စီဘက်က “မိုင်း” ထိပြီး သုံးဦးခန့်သေဆုံးပြီး ငါးဦးခန့် ပြင်းထန်ဒဏ်ရာရရှိသွားကြောင်း CAF -SPUPDFက ဆိုသည်။

တိုက်ပွဲတွင် ပြ​ည်သူ့ရဲဘော်တစ်ဦးက စနိုက်ပါဖြင့်ပစ်ခတ်ခဲ့မှုကြောင့် စစ်ကောင်စီတပ်သားတစ်ဦး ယာဘက်နံကြားကိုထိမှန်ခဲ့ပြီး လဲကျသွားကာ ထမ်းခေါ်သွားရကြောင်း၊ ပူးပေါင်းမဟာမိတ်များဘက်က ပစ်လိုက်သော စနိုက်ပါပစ်ချက်ဖြင့် တစ်ဦးထပ်မံသေဆုံးခဲ့ကြောင်း CAF -SPUPDF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

တိုက်ပွဲတွင် လက်နက်ကြီး၊လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်ခဲ့ကြပြီး စစ်ကောင်စီတပ်သား စုစုပေါင်း ၉ဦးခန့်သေဆုံးနိုင်ကာ ၁၀ဦးထက်မနည်း ဒဏ်ရာရရှိသွားသည်ဟု CAF -SPUPDF က ဆိုသည်။

စစ်ကောင်စီတပ်က တိုက်ပွဲအခြေအနေမလှသဖြင့် ဇူလိုင် ၁၀ရက် ညနေပိုင်းတွင် ဆုတ်ခွာသွားခဲ့ကြရာ အပြန်လမ်းတွင် မိုင်းနှစ်လုံးမိကာ ထပ်မံတိုက်ခိုက်ခံရပြီး သေဆုံးအရေအတွက်မသိရသေးကြောင်း၊ အပြန်လမ်း တောတဲတိုက်တွင် စစ်ကောင်စီတပ်သား လူနာအများအပြား ဆေးကုသနေရကြောင်း CAF -SPUPDF က အသိပေးသည်။

အထက်ပါဖြစ်စဥ်နှင့်ပတ်သက်၍ CAF -SPUPDF ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။ စစ်ကောင်စီတပ်၏ သေဆုံးထိခိုက်မှုအခြေအနေနှင့်ပတ်သက်၍ People’s Spring က ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။

အဆိုပါတိုက်ပွဲအား CAF -SPUPDF (မြေလတ်ဒေသဆိပ်ဖြူမြို့နယ်ကာကွယ်ရေးအဖွဲ့)၊ရေနံချောင်း PDF၊ Saw PDF တပ်ရင်း ၂ (YRPA)၊ SLN LPD(Salin Local People’s Defence Force)၊ Kyaukpadaung Defence Force – KDFKDF၊ ပေါက်မြို့နယ် တပ်ရင်း ၆၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ၊ တပ်မဟာ (၇) ၊ တပ်ရင်း (၇၁၂) – (ပြည်သူ့စွမ်းအားတပ်ပေါင်းစု)၊ YDF တပ်ရင်း ၉ တွေ့မရှောင် (ပေါက်မြို့နယ်တောင်ပိုင်း)စသည့် အဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

မဟာမိတ်ပူးပေါင်းအဖွဲ့များမှာ အထိအခိုက်မရှိတိုက်ပွဲဆင်နိုင်ခဲ့ပြီး ပြည်သူများပူးပေါင်းပါဝင်ပေးကြပါရန် CAF-SPUPDFက မေတ္တာရပ်ခံထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

ရဲစခန်းအတွင်းရှိစစ်ကောင်စီတပ်ကလည်းလက်နက်ကြီး၊လက်နက်ငယ်ဖြင့်ပစ်ကူပေးခဲ့ပြီးရဟတ်ယာဉ်၁စီးဖြင့်လည်း ကင်းထောက်လှမ်းမှု ပြုလုပ်ခဲ့ကြောင်း ဖော်ပြထားသည်။

သတင်း

ဘုတလင်မြို့တွင် အကြမ်းဖက်စစ်တပ်သည် ​ကျေးရွာများအား လိုက်လံဖျက်ဆီးမှုများပြုလုပ်နေပြီး ကနီနီနယ်နှင့် ဆက်နေသည့် ကျေးရွာများအား အကြမ်းဖက်ဖျက်ဆီးသတ်ဖြတ်မှုများ ပြုလုပ်ခဲ့သည်။

သတင်း

"မနေ့က အလင်းဝင်တယ်။ သေနတ်ရော ကျည်ဆန်တွေရောပါတယ်။ဒီနေ့ လွတ်မြောက်နယ်မြေ အရောက်ပို့လိုက်ပြီ"ဟု CDF-Mindat တပ်ဖွဲ့ဝင်တစ်ဦးက ယနေ့(ဇူလိုင် ၁၁ရက်)ပြောသည်။

သတင်း

ဇူလိုင် ၉ရက်တွင် စစ်ကောင်စီတပ်က ရွာသား ၁၆ဦးကို ဖမ်းသွားပြီး ယမန်နေ့ ဇူလိုင် ၁၀ရက်ညပိုင်း၌ နောက်ထပ်ရွာသား ၃ဦးကို ထပ်မံ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟုဆိုသည်။