Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အကြမ်းဖက်မှုတန်ပြန်တိုက်ခိုက်ရေးဆိုင်ရာအစည်းအဝေးအပါအဝင် လှုပ်ရှားဆောင်ရွက်မှုအားလုံးမှ မြန်မာစစ်တပ်ကို ချက်ချင်းဖယ်ရှားရန် JFM တောင်းဆို

“ရေတပ်အပါအဝင် အကြမ်းဖက်စစ်အုပ်စုဆီကို စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးနေမှုကို ရပ်တန့်နိုင်ဖို့ ကမ္ဘာလုံးဆိုင်ရာ လက်နက်ရောင်းချမှု ပိတ်ပင်ရန် ကျွန်ုပ်တို့ တောင်းဆိုပါတယ်” ဟု JFM က ထုတ်ပြန်သည်။

(အာဏာသိမ်းစစ်​ကောင်စီတပ်နှင့် ရုရှားစစ်တပ်မှ အရာရှိအချို့ ။ ဓါတ်ပုံ-JFM)
(အာဏာသိမ်းစစ်​ကောင်စီတပ်နှင့် ရုရှားစစ်တပ်မှ အရာရှိအချို့ ။ ဓါတ်ပုံ-JFM)

အာဆီယံအပါအဝင် မိတ်ဖက်နိုင်ငံများသည် မြန်မာစစ်တပ်ကို အကြမ်းဖက်မှုတန်ပြန်တိုက်ခိုက်ရေးဆိုင်ရာ ကာကွယ်ရေးလုပ်ငန်းအဖွဲ့၏ ဦးဆောင်မှုနေရာမှ ဖယ်ရှားရန် Justice for Myanmar က ထပ်လောင်းတောင်းဆိုသည်။

ဇူလိုင် ၂၀ နှင့် ၂၁ ရက်များတွင် မော်စကို၌ ကျင်းပမည့် အကြမ်းဖက်မှုတန်ပြန်တိုက်ခိုက်ရေးဆိုင် ရာအစည်းအဝေး အပါအဝင် အခြားအစည်းအဝေးများနှင့် လှုပ်ရှားဆောင်ရွက်မှု အားလုံးမှ မြန်မာ စစ်တပ်ကို ချက်ချင်းဖယ်ရှားရန် JFM က တောင်းဆိုခြင်းဖြစ်သည်။

“ရေတပ်အပါအဝင် အကြမ်းဖက်စစ်အုပ်စုဆီကို စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးနေမှုကို ရပ်တန့်နိုင်ဖို့ ကမ္ဘာလုံးဆိုင်ရာ လက်နက်ရောင်းချမှု ပိတ်ပင်ရန် ကျွန်ုပ်တို့ တောင်းဆိုပါတယ်” ဟု JFM က ထုတ်ပြန်သည်။

အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေး ကာကွယ်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့ အစည်းအဝေးကို အကြမ်းဖက်မြန်မာစစ်ကောင်စီက ရုရှားနှင့်အတူ ပူးတွဲဥက္ကဋ္ဌတာဝန်ယူထားပြီး အဆိုပါ အစည်းအဝေးကို အာဆီယံမိတ်ဖက်နိုင်ငံများဖြစ်သည့် ဩစတြေးလျနှင့် နယူးဇီလန်တို့က သပိတ်မှောက်ကာ နုတ်ထွက်ထားပြီးဖြစ်သည်။

ကျန်မိတ်ဖက်နိုင်ငံများဖြစ်သည့် အိန္ဒိယ၊ ဂျပန်၊ တောင်ကိုးရီးယားနှင့် အမေရိကန်တို့အနေဖြင့် ဩစတြေးလျ၊ နယူးဇီလန်တို့၏ ဦးဆောင်မှုနောက်ကိုလိုက်ပြီး အစည်းအဝေးမှ နှုတ်ထွက်ရမည့် အချိန်ဖြစ်ကြောင်း JFM က တိုက်တွန်းသည်။

“လူသတ်အကြမ်းဖက်စစ်ကောင်စီကို တရားဝင်မှု ပေးအပ်တာ၊ စစ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှု အတွက် နေရာတစ်ခုနဲ့ အခွင့်အရေးတွေ ပေးအပ်တာက နောက်ထပ်ရက်စက်ကြမ်းကြုတ်မှုတွေကို ကျူးလွန်ဖို့ အကြမ်းဖက်စစ်တပ်ကို ရဲတင်းလာစေခဲ့ပြီး၊ စစ်ကောင်စီရဲ့ နိုင်ငံတကာရာဇဝတ်မှုတွေမှာ အာဆီယံကို ကြံရာပါ ဖြစ်စေပါတယ်” ဟု JFM က ထုတ်ပြန်ထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

ယမန်နေ့(ဇူလိုင် ၁၃)နံနက် ၄ နာရီ ၄၀ ခန့်မှစတင်ပြီး ပုလောမြို့နယ် ပဝတ်ကုန်းကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်အား ပုလောပြည်သူ့ကာကွယ်ရေးတပ်မ တော်နှင့် မဟာမိတ်တပ်ပေါင်းစုတို့မှ "နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ထိုစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်းဖော် ပြသည်။

သတင်း

ဒေသတွင်း၌ စစ်ကောင်စီတပ်များ ဆက်ရှိနေ၍ ပြည်သူ လူထုများ သွားလာရာတွင် သတိဝိရိယထားပြီး ဂရုစိုက်သွားလာကြရန် အသိပေးထားသည်။

သတင်း

ယ​နေ့ ညနေ ၃ နာရီ ၄၀မိနစ်ခန့်တွင် တိုက်ခိုက်မှုပြုလုပ်ခဲ့ခြင်းဖြစ်ပြီး သေနတ်ဖြင့်လေးချက်ပစ်ပြီးနောက် ဗုံးဖြင့်ပစ်ခဲ့သော်လည်း မပေါက်ကွဲခဲ့ကြောင်း ၎င်းက ဆိုသည်။

သတင်း

စစ်​ကောင်စီတပ်နှင့်ပျူစောထီးများကြီးစိုးရာ အရာတော်မြို့နယ် ငွေတွင်းကျေးရွာအား ဇူလိုင် ၂ရက် နံနက်ပိုင်းကလည်း ဒေသတွင်းအဖွဲ့များက သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်​ကောင်စီတပ်သား နှစ်ဦးသေဆုံးကြောင်း မဟာမိတ်အဖွဲ့များက သတင်းထုတ်ပြန်ထားသည်။