Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ထားဝယ်မြို့နယ်တိုက်ပွဲတွင်စစ်​ကောင်စီတပ်သား ၁၀ဦး​ကျော်ကို​ KNDO နှင့် PDF များဖမ်းမိ

ထိုပြင်သရက်‌ချောင်းမြို့တိုက်ပွဲတွင်လည်းတိုက်ပွဲများပြင်းထန်​နေရာ ဇူလိုင်၁၂ ရက်က စစ်​​ကောင်စီတပ်ကားကို ​ဒေသခံPDF က မိုင်းခွဲတိုက်ခိုက်ရာ စစ်သား ၇ ဦး​သေဆုံးခဲ့​ကြောင်းNUG ကထုတ်ပြန်သည်။

(ထားဝယ်မြို့နယ်တွင် စစ်​ကောင်စီတပ်ပစ်ခတ်ထား​သော လက်နက်ကြီးကျည်ခွံများ။ ။ဓါတ်ပုံ-CJ)
(ထားဝယ်မြို့နယ်တွင် စစ်​ကောင်စီတပ်ပစ်ခတ်ထား​သော လက်နက်ကြီးကျည်ခွံများ။ ။ဓါတ်ပုံ-CJ)

တနသာ်ရီတိုင်းရှိ ထားဝယ်၊ သရက်ချောင်းနှင့်ပုလောမြို့နယ်တို့တွင်ယခုရက်ပိုင်းတိုက်ပွဲများပြင်ထန်​​နေရာယ​​​နေ့ ထားဝယ်မြို့နယ်တစ်​နေရာတိုက်ပွဲတွင် စစ်​ကောင်စီတပ်သား ၁၀ ဦး​ကျော်ကို ​ဒေသခံကာကွယ်​ရေးတပ်များကဖမ်းဆီးနိုင်ခဲ့​ကြောင်း​ဒေသတွင်းသတင်းရင်းမြစ်က​ပြောသည်။

စစ်​ကောင်စီတပ်သည်ထားဝယ်-ထီးခီးလမ်းပိုင်းကိုဇူလိုင် ၄ ရက်မှစ၍ စစ်​ကြောင်းထိုးလာရာ​ဒေသခံပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့များ ၊ KNDO တပ်ဖွဲ့တို့က ခုခံတိုက်ခိုက်​နေရာ လယ​နေ့အခထိတိုက်ပွဲအနည်းဆုံး ၄ကြိမ်ဖြစ်ပွားခဲ့သည်။ ယ​နေ့ ထိုင်း-မြန်မာနယ်စပ်တစ်​နေရာတွင်တိုက်ပွဲပြင်းထန်​ခဲ့ပြီး KNDO နှင့် PDFပူး​ပေါင်းတပ်များကစစ်​ကောင်စီတပ်သား ၁၀ ဦး​ကျော်ဖမ်းဆီးနိုင်ခဲ့​ကြောင်း PDF နှင့်နီးစပ်​​သောသတင်းရင်းမြစ်အချို့က​ပြောသည်။

ပု​လောနှင့် သရက်​ချောင်းမြို့နယ်တို့တွင်လည်းတိုက်ပွဲများပြင်ထန်​နေရာ နှစ်ဖက်ကျဆုံးမှုများရှိ​နေသည်။ဇူလိုင် ၁၃ ရက်)မနက် ၅နာရီခွဲခန့်၌ ပုလောမြို့နယ်၊ပဝတ်ကုန်းတိုက်ပွဲတွင် KNDOဘက်မှာ ဗိုလ်တစ်ဦးနှင့်PDFတပ်ခွဲမှူးတစ်ဦးကျဆုံးခဲ့သည်ဟု ဒေသခံကာကွယ်ရေးတပ်များပြောသည်။
ပဝတ်ကုန်းကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ရာ စစ်​ကောင်စီတပ်ကသတင်းကြိုရပြီး လက်နက်အင်အားအသာဖြင့် လက်ဦးမှုယူတိုက်ခိုက်ခဲ့၍ ကျဆုံးခဲ့ခြင်း
ဖြစ်သည်။ စစ်​ကောင်စီတပ်မှ ​သေဆုံး ဒဏ်ရာရမူကိုမသိရ​ပေ။

ထိုပြင်သရက်‌ချောင်းမြို့တိုက်ပွဲတွင်လည်းတိုက်ပွဲများပြင်းထန်​နေရာ ဇူလိုင်၁၂ ရက်က စစ်​​ကောင်စီတပ်ကားကို ​ဒေသခံPDF က မိုင်းခွဲတိုက်ခိုက်ရာ စစ်သား ၇ ဦး​သေဆုံးခဲ့​ကြောင်းNUG ကထုတ်ပြန်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

ယမန်နေ့(ဇူလိုင် ၁၃)နံနက် ၄ နာရီ ၄၀ ခန့်မှစတင်ပြီး ပုလောမြို့နယ် ပဝတ်ကုန်းကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်အား ပုလောပြည်သူ့ကာကွယ်ရေးတပ်မ တော်နှင့် မဟာမိတ်တပ်ပေါင်းစုတို့မှ "နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ထိုစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်းဖော် ပြသည်။

သတင်း

လက်ရှိတွင် မြောက်ဒဂုံမြို့နယ်ရှိလမ်းမများပေါ်၌ စစ်ကောင်စီတပ်က ရဲကားသုံးစီးအပါအဝင် အိမ်စီးကားများဖြင့် ကင်းလှည့်နေသည်ဟုလည်း ဒေသခံသတင်းရင်းမြစ်များက ဖော်ပြသည်။

သတင်း

ဒေသတွင်း၌ စစ်ကောင်စီတပ်များ ဆက်ရှိနေ၍ ပြည်သူ လူထုများ သွားလာရာတွင် သတိဝိရိယထားပြီး ဂရုစိုက်သွားလာကြရန် အသိပေးထားသည်။

သတင်း

လုံခြုံရေးအခြေအနေအရ စစ်ဆင်ရေးအားလုံးကို သတင်းမထုတ်ပြန်နိုင်သော်လည်း အသံကိုနားစွင့်ကာ အကြမ်းဖက်စစ်ကောင်စီနှင့်ဝေးဝေးနေကြရန် BDA က မေတ္တာရပ်ခံထားသည်။