Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရန်ကုန်တွင် ထိုင်းရေနံကုမ္ပဏီ PTTEP ရုံးအပါအဝင် စစ်ကောင်စီနှင့် ပတ်သတ်နေသည့်နေရာသုံးခု ယနေ့ ပေါက်ကွဲမှုဖြစ်

“ထိုင်းကုမ္ပဏီက ထိုင်းအစိုးရပိုင်ကုမ္ပဏီပဲ၊ မြန်မာပြည်မှာ အထွေထွေမန်နေဂျာတစ်ယောက်က ကိုင်တွယ်နေတာ။ စစ်တပ်အတွက် ဒေါ်လာရှာပေးတဲ့ ရေနံကုမ္ပဏီတခုဆိုတာသေချာတယ်”ဟု ထိုင်းPTTEPကုမ္ပဏီဝန်ထမ်းဟောင်းတစ်ဦးက ပြောသည်။

ရန်ကုန်တွင် ထိုင်းရေနံကုမ္ပဏီ PTTEP ရုံးအပါအဝင် စစ်ကောင်စီနှင့် ပတ်သတ်နေသည့်နေရာသုံးခု ယနေ့ ပေါက်ကွဲမှုဖြစ်
ရန်ကုန်တွင် ထိုင်းရေနံကုမ္ပဏီ PTTEP ရုံးအပါအဝင် စစ်ကောင်စီနှင့် ပတ်သတ်နေသည့်နေရာသုံးခု ယနေ့ ပေါက်ကွဲမှုဖြစ်

ထိုင်းရေနံကုမ္ပဏီ PTTEP ရန်ကုန်ရုံးခွဲအပါအဝင် စစ်ကောင်စီနှင့် ပတ်သတ်နေသည့် နေရာသုံးခုတွင် ယနေ့ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ရန်ကုန်မြို့ခံများကပြောသည်။

မရမ်းကုန်းမြို့နယ်ရှိ ထိုင်းရေနံကုမ္ပဏီ၏ ရန်ကုန်ရုံးခွဲအတွင်း ယနေ့ နံနက် ၁၀နာရီခွဲခန့်၌ ပေါက်ကွဲမှုဖြစ် ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်းလည်း ဒေသခံများက ပြောသည်။

မရမ်းကုန်းမြို့နယ်၊ ဆည်မြောင်လမ်းရှိ အဆိုပါရုံး၏ ပထမထပ် ကားပါကင်၌ ပေါက်ကွဲမှုဖြစ်ပြီး ပေါက်ကွဲမှုအပြီးတွင် စစ်သားနှင့်ရဲများက ဝန်းတံခါးပိတ်ကာ စစ်ဆေးနေသည်ဟု မျက်မြင်သက်သေများက ပြောသည်။

“ထိုင်းကုမ္ပဏီက ထိုင်းအစိုးရပိုင်ကုမ္ပဏီပဲ၊ မြန်မာပြည်မှာ အထွေထွေမန်နေဂျာတစ်ယောက်က ကိုင်တွယ်နေတာ။ စစ်တပ်အတွက် ဒေါ်လာရှာပေးတဲ့ ရေနံကုမ္ပဏီတခုဆိုတာသေချာတယ်”ဟု ထိုင်းPTTEPကုမ္ပဏီဝန်ထမ်းဟောင်းတစ်ဦးက ပြောသည်။

ထိုင်းPTTEPကုမ္ပဏီသည် စစ်ကောင်စီအတွက် နိုင်ငံခြားငွေ အဓိကရှာဖွေပေးနေသည့် ရေနံကုမ္ပဏီတစ်ခုဖြစ်ပြီး ၎င်းသည် မြန်မာ့ကမ်းလွန်ရှိ မုတ္တမပင်လယ် ကွေ့တွင် သဘာဝဓာတ်ငွေ့များ တူးဖော်ထုတ်လုပ်ကာ ထိုင်းနိုင်ငံကို တင်ပို့နေသည့် ကုမ္ပဏီတစ်ခုလည်းဖြစ်သည်။

ထိုင်းကုမ္ပဏီသည် စစ်တပ်အာဏာသိမ်းမှုကြောင့် ပြန်လည်ထွက်ခွာသွားသည် ရေနံနှင့်သဘာဝဓာတ်ငွေ့ကုမ္ပဏီများ၏ ရှယ်ယာများကို ဝယ်ယူပြီး စစ်ကောင်စီအတွက် နိုင်ငံခြားငွေရရှိအောင် ဆောင်ရွက်ပေးနေသည့် ကုမ္ပဏီတစ်ခု ဖြစ်သည်။

ထိုအတူ ရန်ကုန်မြို့လယ်တွင် ယနေ့ မွန်းတည် ၁၂နာရီခန့်က ကျောက်တံတားနှင့် ပန်းဘဲတန်းမြို့ရှိ လျှပ်စစ်မန်နေဂျာရုံးနှစ်ရုံးကို ဗုံးဖြင့်တိုက်ခိုက်ခဲ့သည်ဟု ဒေသခံများက ပြောသည်။ယင်း လျှပ်စစ်မီတာရုံးနှစ်ခုကို ဗုံးခွဲတိုက်ခိုက်ခြင်းသည် ရန်ကုန်မြို့ပြပျောက်ကြားတော်လှန်ရေးအဖွဲ့ဖြစ်သော Toxic Boy အဖွဲ့ကဆောင်ရွက်ခြင်းကြောင်း ထုတ်ဖော်ပြောကြားထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ဖရူဆို မြို့နယ်တွင် စစ်ကောင်စီတပ်မှ တပ်အင်အားဖြည့်တင်းလျက်ရှိကာ ဖယ်ခုံနှင့် မိုးဗြဲမြို့ တို့တွင်လည်း စစ်ကောင်စီတပ်မှ မြို့အတွင်း ခြေကုပ်ယူရန်ကြိုးစားသဖြင့် ယခင်ရက်ပိုင်းများတွင် တိုက်ပွဲများဖြစ်ပွားခဲ့ KNDF က ယနေ့ သီးခြားထုတ်ပြန်ထားသည်။

သတင်း

‌ဒီအမှုကိုစစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီက အပြည်ပြည်ဆိုင်ရာဆက်ဆံရေးဝန်ကြီး ဦးကိုကိုလှိုင်နဲ့ ရှေ့နေချုပ်ဒေါက်တာသီတာဦးတို့ကိုဦးဆောင်စေကာတရားရင်ဆိုင်မယ့်အဖွဲ့ကိုပြန်လည်ဖွဲ့စည်းခဲ့ပါတယ်။

သတင်း

၂၀၂၁ တွင် စစ်တပ်က အာဏာသိမ်းယူအပြီးတွင် ICJ အမှုကို ဆက်လက်ငြင်းဆိုခဲ့ရာ လက်ရှိတွင် စစ်ကောင်စီ၏ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ကိုကိုလှိုင်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တက်ရောက်နေခြင်းဖြစ်သည်။

သတင်း

အဆိုပါတိုက်ပွဲကို PDF(ကလေး) တပ်ရင်း (၁ ၊ ၂ ၊ ၅ ၊ ၆ ၊ ၇) ၊ ပကဖ (ကလေး) ၊ CNDF Vakok ၊ CDF-KKGနှင့် RKDFတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။