Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ပူတင် ကျန်းမာရေး ချွတ်ယွင်းနေတယ်ဆိုတာ ဘာအထောက်အထားမှ မရှိဘူးလို့ CIA အကြီးအကဲပြော

ပူတင်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ကောလာဟလပေါင်းစုံ ကြားခဲ့ကြပေမယ့် CIAက ထောက်လှမ်း သိရှိထားသလောက် သူက အလွန်အကျွံကြီးကို ကျန်းမာရေး ကောင်းနေပါသေးတယ်လို့ ဘန်းစ်က ကော်လိုရာဒိုမှာ ပြုလုပ်တဲ့ လုံခြုံရေး ဖိုရမ်တစ်ခုမှာ ပြောကြားသွားခဲ့ပါတယ်။

ပူတင် ကျန်းမာရေး ချွတ်ယွင်းနေတယ်ဆိုတာ ဘာအထောက်အထားမှ မရှိဘူးလို့ CIA အကြီးအကဲပြော
ပူတင် ကျန်းမာရေး ချွတ်ယွင်းနေတယ်ဆိုတာ ဘာအထောက်အထားမှ မရှိဘူးလို့ CIA အကြီးအကဲပြော

ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ ကျန်းမာရေး ဆိုးရွားနေတယ်ဆိုတဲ့ ဘယ်လို အထောက်အထား၊ အချက်အလက်မှ မတွေ့ရကြောင်း အမေရိကန် ထောက်လှမ်းရေးဌာန CIAရဲ့ အကြီးအကဲက ပြောကြားသွားပါတယ်။

ပူတင်ရဲ့ ကျန်းမာရေး ဆိုးရွားနေပြီး ကင်ဆာလိုမျိုး ပြင်းထန်တဲ့ ရောဂါတစ်ခုခု စွဲကပ်နေနိုင်ကြောင်း ခန့်မှန်း သတင်းတွေဟာ ပြီးခဲ့တဲ့ လပိုင်းတွေမှာ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဒါတွေ အားလုံးက ကောလာဟလ သက်သက်ထက် မပိုဘဲ ခိုင်မာတဲ့ သက်သေ အထောက်အထားရယ်လို့တော့ မရှိခဲ့ပါဘူး။ ပြီးတော့ ရုရှား အစိုးရဖက်ကလည်း ဒီသတင်းတွေကို မကြာခဏ ငြင်းဆိုခဲ့ဖူးပါတယ်။

ဒီနှစ်ထဲမှာ အသက် ၇၀ ပြည့်တော့မယ့် ပူတင်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်လို့ တစ်ခုခု ချွတ်ယွင်းချက် ရှိနိုင်တယ်ဆိုတဲ့ ထောက်လှမ်းရေး သတင်းအချက်အလက်မျိုး ဘယ်တုန်းကမှ မရခဲ့ဖူးပါဘူးလို့ CIAရဲ့ အကြီးအကဲ ဝီလျံ ဘန်းစ်က ဆိုပါတယ်။ ပူတင်ဟာ အလွန်အကျွံကြီး ကျန်းမာနေတယ်လို့တော့ ယူဆနိုင်ကြောင်းလည်း သူက အရွှန်း ဖောက်ခဲ့ပါတယ်။

ပူတင်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ကောလာဟလပေါင်းစုံ ကြားခဲ့ကြပေမယ့် CIAက ထောက်လှမ်း သိရှိထားသလောက် သူက အလွန်အကျွံကြီးကို ကျန်းမာရေး ကောင်းနေပါသေးတယ်လို့ ဘန်းစ်က ကော်လိုရာဒိုမှာ ပြုလုပ်တဲ့ လုံခြုံရေး ဖိုရမ်တစ်ခုမှာ ပြောကြားသွားခဲ့ပါတယ်။

ရုရှားနဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲမှာ ယူကရိန်း စစ်တပ်အတွက် တာဝေးပစ် စစ်လက်နက်တွေ ပိုမို ထောက်ပံ့ ပေးပို့သွားမယ်လို့ အမေရိကန် အစိုးရက အတည်ပြုလိုက်ပြီး ရက်ပိုင်း အကြာမှာ ဘန်းစ်က ပူတင်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ထောက်လှမ်းရေး သတင်းတွေကို ထုတ်ပြောလာတာ ဖြစ်ပါတယ်။ ဘန်းစ်ဟာ ရုရှားနိုင်ငံဆိုင်ရာ အမေရိကန်ရဲ့ သံတမန်ရေး အကြီးအကဲ အဖြစ်လည်း တာဝန်ယူထားသူပါ။ သူက ပူတင်နဲ့ ပတ်သက်လို့ ဆယ်စုနှစ် ၂ ခုလောက် ကြာအောင် စေ့စေ့စပ်စပ် လေ့လာ စောင့်ကြည့်နေခဲ့ကြောင်း ပြောပါတယ်။

ပူတင်က ရုရှားကို စူပါပါဝါ အင်အားကြီး နိုင်ငံတစ်ခုအဖြစ် ပြန်လည် ဦးမော့လာစေရေး ရည်မှန်းချက်ဟာ သူ့အတွက် သမိုင်းပေး တာဝန်လို့ ခံယူထားသူဖြစ်ကြောင်း၊ ရုရှား ပတ်ပတ်လည်က အိမ်နီးချင်း နိုင်ငံတွေမှာ ရုရှားရဲ့ ဩဇာအာဏာကို ပြန်ပြီး ဖြန့်ကျက် တည်ဆောက်ရေးဟာ ဒီရည်မှန်းချက်အတွက် အခြေခံ လိုအပ်ချက်လို့ ပူတင်က မှတ်ယူထားကြောင်း၊ ဒီအတွက် ယူကရိန်းကို ထိန်းချုပ်ပြဖို့ သူ့အတွက် သိပ်အရေးကြီးနေကြောင်း ဘန်းစ်က မှတ်ချက် ပေးသွားခဲ့ပါတယ်။

ရုရှားဟာ ယူကရိန်း စစ်ပွဲမှာ ထင်ထားတာထက် အထိအခိုက် အဖိတ်အစဉ် များခဲ့ပေမယ့်လည်း အခုဆိုရင် ယူကရိန်း အရှေ့ဖျား နယ်မြေတွေကို လက်ဝယ်ပိုင်ပိုင် ထိန်းချုပ်ထားနိုင်နေပြီ ဖြစ်ပါတယ်။ ယူကရိန်း နိုင်ငံခြားရေး ဝန်ကြီး လက်ဗ်ရော့ဗ်ကတော့ ရုရှားရဲ့ စစ်ဆင်ရေးတွေကို အရှိန်လျှော့မှာ မဟုတ်ဘဲ နောက်ထပ် ယူကရိန်း နယ်မြေတွေ စိုးမိုးရေးအတွက် ဆက်လက် လုပ်ဆောင်သွားမယ်လို့ အတည်ပြုထားပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

နိုင်ငံတကာ

အစောပိုင်းမှာ ထောက်လှမ်းရေးဌာန အကြီးအကဲနဲ့ ရှေ့နေချုပ်တို့ ရာထူးက ထုတ်ပယ် ခံရပြီလို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် ဇီလန်စကီးရဲ့ ထိပ်တန်း အကြံပေး အရာရှိ အန်ဒရီ ဆီမာနော့ဗ်ကတော့ အဲဒီ အရာရှိ နှစ်ဦးဟာ စုံစမ်းစစ်ဆေး ခံနေရပြီး လောလောဆယ် ရာထူး တာဝန်တွေကနေ ယာယီ...

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် တိုင်းရင်းသားကျန်းမာရေးဌာနများ၏ ဆေးရုံ။ ဆေးခန်းများတွင် တာဝန်ထမ်းဆောင်ရန် လစ်လပ်နေရာ ၁၅၀နေရာအတွက် လျှောက်လွှာတင်သွင်းနိုင်ကြောင်း ကြေညာခြင်းဖြစ်သည်။

သတင်း

PEOPLE'S DEFENCE FORCE-HTILIN (YRPA)၏ စိုးမိုးနယ်မြေ (၂)၊(၃)၊(၄)၊(၅)သို့ သွားရောက်ကာ သွေးလွန်တုပ်ကွေးနှင့် ၀မ်းပျက်၀မ်းလျှောရောဂါများအကြောင်းကို ဆွေးနွေးပြောကြားခဲ့ပြီး ကာကွယ်ရေးနည်းလမ်းများကို ဟောပြောပညာပေးခဲ့​ကြောင်း ယနေ့(ဇူလိုင် ၁၁ရက်)ထုတ်ပြန်ထားသည်။

သတင်း

ဆန္ဒပြသူများက ရုရှားနိုင်ငံအနေဖြင့် မြန်မာ့ဒီမိုကရေစီအရေးတွင် အနှောက်အယှက်ပေး၍ အာဏာသိမ်း စစ်ကောင်စီကို စစ်လက်နက်ပစ္စည်းများ ထောက်ပံ့နေခြင်းအပေါ် ကန့်ကွက်ခဲ့ပြီး "Don`t Support Myanmar Dictatorship!"ဆိုသည့် စာတန်းဖြင့် မြန်မာစစ်အာဏာရှင်ကိုထောက်ပံ့ခြင်းမပြုရန် ကြွေးကြော်ဆန္ဒပြခဲ့သည်။