Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖရူဆိုမြို့နယ်တွင် စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာလေးဦးသေဟု PDF ထုတ်ပြန်

ဖရူဆို မြို့နယ်တွင် စစ်ကောင်စီတပ်မှ တပ်အင်အားဖြည့်တင်းလျက်ရှိကာ ဖယ်ခုံနှင့် မိုးဗြဲမြို့ တို့တွင်လည်း စစ်ကောင်စီတပ်မှ မြို့အတွင်း ခြေကုပ်ယူရန်ကြိုးစားသဖြင့် ယခင်ရက်ပိုင်းများတွင် တိုက်ပွဲများဖြစ်ပွားခဲ့ KNDF က ယနေ့ သီးခြားထုတ်ပြန်ထားသည်။

ဖရူဆိုမြို့နယ်တွင် စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာလေးဦးသေဟု PDF ထုတ်ပြန်
ဖရူဆိုမြို့နယ်တွင် စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာလေးဦးသေဟု PDF ထုတ်ပြန်

ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုမြို့နယ်တွင် စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ လေးဦးသေဆုံး ကြောင်း PDF ဖရူဆိုက ထုတ်ပြန်သည်။

ယနေ့(ဇူလိုင် ၂၂ ရက်)က PDF Hpruso နှင့်အတူ ကရင်နီတပ်မတော် (KA)၊ကရင်နီအမျိုးသား များကာကွယ်ရေးတပ်(KNDF)တပ်ရင်း – ၄ ၊ လွိုင်ကော် PDF ၊ အလယ်ပိုင်းတိုင်းအထူးစစ်ဆင်‌ ရေးတပ်ဖွဲ့ နှင့် အလယ်ပိုင်းတိုင်းတပ်ရင်း (1101)တို့ ပူး‌ပေါင်း၍ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့သည် ဟု ဆိုသည်။

စစ်‌ကောင်စီဖက်မှ ‌လေးဦးသေဆုံးသည်ကို အတည်ပြုနိုင်ခဲ့ပြီး အခြားထိခိုက်ဒဏ်ရာရသူများ ရှိခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement
Public Service Announcement

ကရင်နီပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့မှအထိ အခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာလာနိုင်ခဲ့သည်ဟု အသိပေးသည်။

ဖရူဆို မြို့နယ်တွင် စစ်ကောင်စီတပ်မှ တပ်အင်အားဖြည့်တင်းလျက်ရှိကာ ဖယ်ခုံနှင့် မိုးဗြဲမြို့ တို့တွင်လည်း စစ်ကောင်စီတပ်မှ မြို့အတွင်း ခြေကုပ်ယူရန်ကြိုးစားသဖြင့် ယခင်ရက်ပိုင်းများတွင် တိုက်ပွဲများဖြစ်ပွားခဲ့ KNDF က ယနေ့ သီးခြားထုတ်ပြန်ထားသည်။

ဇူလိုင် ၁၆ ရက်က ဖရူဆိုအခြေစိုက်အမှတ်(၁၄) စစ်လေ့ကျင့်ရေးကျောင်းမှ ဒေါလောခူကျေးရွာ ဘက်သို့ ထွက်လာသော စစ်ကောင်စီတပ်သား လေးဦးအား KNDF B15 နှင့် ကရင်နီတပ်မတော် (KA) တို့မှတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား တစ်ဦးသေဆုံးခဲ့ပြီး ကရင်နီပူးပေါင်းတပ်ဖွဲ့မှ လက်နက်ငယ် (၁) လက်သိမ်းဆည်းရရှိထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

"စစ်ကောင်စီဖလက်(၂)စီး ရွာထိပ်နားမှာ အသားကုန်ပစ်ပြီး ကမ်းနားကပ်တော့ ရွာထဲကလူတွေ အကုန်ထွက်ပြေးနေကြရပါတယ်"ဟု DBTF က ပြောသည်။

သတင်း

အကြမ်းဖက်စစ်ကောင်စီတပ်က မိုးဗြဲမြို့ပေါ် သို့ရောက်ရှိလာ၍ ဒေသခံပြည်သူများအနေဖြင့်ဘေးကင်းလုံခြုံရေးကိုသာ အဓိက ဦးစားပေးကြရန် မိုးဗြဲ PDFက သတိပေးထုတ်ပြန်သည်။ ယမန်နေ့(ဇူလိုင် ၂၂ ရက်) ည ၁၀ နာရီခန့်ကစ၍ အကြမ်းဖက်စစ်ကောင်စီတပ်က မိုးဗြဲမြို့ပေါ် နေရာအချို့တွင် တပ်စွဲလိုက်ခြင်းဟု ဆိုသည်။ “စောင့်ကြည့်နေရတဲ့အခြေအနေပေါ့ ။လောလောဆယ်တော့ အခြေအနေ ငြိမ်နေသေးတယ်...

သတင်း

"အ​ရှေ့ဘက်၊ ​တောင်ဘက်၊အ​နောက်ဘက် ဆက်တိုက်ပစ်​နေတာ။ထိုင်​​တော်မူဘုရာအ​နောပ်ဘက်ကိုပစ်​နေတာ" ဟု​ဒေသခံတစ်ဦးက​ပြောသည်။

သတင်း

‌ဒီအမှုကိုစစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီက အပြည်ပြည်ဆိုင်ရာဆက်ဆံရေးဝန်ကြီး ဦးကိုကိုလှိုင်နဲ့ ရှေ့နေချုပ်ဒေါက်တာသီတာဦးတို့ကိုဦးဆောင်စေကာတရားရင်ဆိုင်မယ့်အဖွဲ့ကိုပြန်လည်ဖွဲ့စည်းခဲ့ပါတယ်။