Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

နတ္တလင်းမြို့နယ် ကြက်မနက်ရွာတွင် တပ်စွဲထားသောစစ်ကောင်စီတပ်ကို အလက်အငိုက်ဝင်တိုက်၊ စစ်ကောင်စီတပ် သုံးဦးသေ နှစ်ဦးဒဏ်ရာရ

အထက်ပါတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ ပြန်လည်ပစ်ခတ်မှု များပြုလုပ် ခဲ့သော်လည်း တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိခဲ့ဘဲ အောင် မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးထားသည်။

နတ္တလင်းမြို့နယ်
နတ္တလင်းမြို့နယ်

ပဲခူးတိုင်းအနောက်ခြမ်း နတ္တလင်းမြို့နယ် ကြက်မနက်ကျေးရွာတွင် တပ်စွဲထား သော အကြမ်းဖက် စစ်ကောင်စီတပ်ကို အလက်အငိုက်ဝင်ရောက်တိုက်ခိုက် ခဲ့ကြောင်း တပ်ရင်း (၃၈၀၁)၊ တပ်ခွဲ (၂)Phoenix DF က ယနေ့(ဇူလိုင် ၂၃)ရက်တွင် အသိပေးထုတ်ပြန်သည်။

ယနေ့နံနက်အစောပိုင်း ၁ နာရီခန့်က နတ္တလင်းမြို့နယ်အရှေ့ပိုင်း ကြက်မနက်ရွာတွင် တပ်စွဲထား သော စစ်ကောင်စီတပ်အား Phoenix DF တပ်ဖွဲ့ဝင်များက ဝင်ရောက်ပစ်ခတ်တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

အဆိုပါတိုက်ခိုက်မှုတွင် အပြန်အလှန်ပစ်ခတ်မှု မိနစ် ၂၀ခန့်ဖြစ်ပွားခဲ့ပြီး ကနဦးသတင်းများအရ စစ်ကောင်စီတပ်မှ သုံးဦးသေဆုံးကာ နှစ်ဦးဒဏ်ရာ ရသွားကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

နတ္တလင်းမြို့နယ် ကြက်မနက်ရွာတွင် တပ်စွဲထားသောစစ်ကောင်စီတပ်ကို အလက်အငိုက်ဝင်တိုက်
နတ္တလင်းမြို့နယ် ကြက်မနက်ရွာတွင် တပ်စွဲထားသောစစ်ကောင်စီတပ်ကို အလက်အငိုက်ဝင်တိုက်

“ကျွန်တော်တို့က အရင်ပစ်တယ်။ သူတို့က ပြန်ပစ်တယ်။ အဲဒီမှာ အပြန်အလှန် ပစ်ခတ်မှု မိနစ် ၂၀ လောက်တော့ ကြာသွားတာပေါ့။ အဓိကကတော့ သူတိုလတပ်စွဲထားတဲ့နေရာကို ကျွန်တော်တို့ သွားပစ်တာ”ဟု တပ်ရင်း (၃၈၀၁)၊ တပ်ခွဲ (၂)Phoenix DF မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်များသည် နတ္တလင်းမြို့နယ်အရှေ့ခြမ်းမှ ကျေးရွာများသို့ လွန်ခဲ့သော ၁၀ ရက်ခန့် ကတည်းက ရောက်ရှိနေပြီး အပြစ်မဲ့ပြည်သူများ နေထိုင်သော ကျေးရွာများသို့ လက်နက်ကြီး များဖြင့် ရမ်းသမ်းပစ်ခတ်ခြင်း၊ ကြက်မနက်ရွာမှ ပြည်သူတစ်ဦး၏ ဖုန်းအားသိမ်းယူခဲ့သည့်အပြင် ငွေကျပ် ၁၂ သိန်းကိုပါ ယူဆောင်သွားခဲ့သည့် ပြည်သူအပေါ်အနိုင်ကျင့်သည့်လုပ်ရပ်အား ယခုကဲ့သို့လက်တုန့်ပြန်တိုက်ခိုက်ခြင်းဖြစ် ကြောင်း ၎င်းတော်လှန်ရေးရဲဘော်က ရှင်းပြသည်။

ဒေသခံပြည်သူလူထုအပေါ် ယခုထက်ပို၍ ဖိနှိပ်အကြမ်း ဖက်လာမည်ဆိုပါက စစ်ရေးအခြေအနေ ပိုတင်းမလာလာနိုင်ပြီး ထို့အတွက် စစ်ရေးတိုက်ခိုက်မှုပြုလုပ်ရန် အသင့်ပြင်ထားကြောင်း ၎င်းရဲဘော်က ဆိုသည်။

အထက်ပါတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ ပြန်လည်ပစ်ခတ်မှု များပြုလုပ် ခဲ့သော်လည်း တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိခဲ့ဘဲ အောင် မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးထားသည်။

1 Comment

1 Comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

Free Burma Ranger သည်ကရင်နှင့်ကရင်နီပြည်နယ်တွင်စစ်​​ဘေးဒုက္ခသည်များကို အ​ရေး​ပေါ်ကျန်းမာ​ရေး​စောင့်​ရှောက်မှုနှင့်ကယ်ဆယ်​ရေးလုပ်ငန်းများတွင်ကူညီ​ပေးန​သောအဖွဲ့ဖြစ်သည်။

သတင်း

ယခင်က စစ်ကားသုံးလေးစီးခန့်နှင့် သဲအိတ်အကာအရံများကြား၌ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ အချိန်ပြည့်ရှိနေသော်လည်း ယနေ့တွင် မတွေ့ရပေ။

သတင်း

အကြမ်းဖက်စစ်ကောင်စီတပ်သည် မကွေးတိုင်းအတွင်း မြိုင်မြို့နယ်အပြင် ဂန့်ဂေါ၊ ကျောနှင့် ထီးလင်းစသည့် ယောဒေသသို့ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေသည့်အပြင် ဆက်သွယ်ရေးဖုန်းလိုင်းများဖြတ်တောက်ကာ လေကြောင်းပစ်ကူများပါ အသုံးပြုနေကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။

သတင်း

ဝိုင်းမော်မြို့နယ် ဝါးရှောင်ဒေသရှိ KIA တပ်ရင်း(၃) နယ်မြေသို့ စစ်ကောင်စီတပ်များ ထိုးစစ်ဆင်မည်ဟု သတင်းရ၍ လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ခဲ့ရာ ဇူလိုင် ၁၀ရက်တွင် ထိုးစစ်ဆင်လာ၍ တိုက်ပွဲဖြစ်ခဲ့ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။