Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဒီးမော့ဆိုတွင် စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ပြီး ရေတွင်းထဲ ပစ်ချခံရသည့် ညီအစ်ကိုနှစ်ဦး၏အရိုးများကို Free Burma Ranger အဖွဲ့ ဆယ်ယူပေး

Free Burma Ranger သည်ကရင်နှင့်ကရင်နီပြည်နယ်တွင်စစ်​​ဘေးဒုက္ခသည်များကို အ​ရေး​ပေါ်ကျန်းမာ​ရေး​စောင့်​ရှောက်မှုနှင့်ကယ်ဆယ်​ရေးလုပ်ငန်းများတွင်ကူညီ​ပေးန​သောအဖွဲ့ဖြစ်သည်။

(စစ်တပ်ကဖမ်းဆီးသတ်ဖြတ်ပြီး​ရေတွင်းထဲပစ်ချခံခဲ့ရ​သောညီအစ်ကိုနှစ်ဦး၏ အရိုးများကို Free Burma Ranger ကဆယ်ယူပြီး​နောက်​တွေ့ရစဥ်။ ဓါတ်ပုံ-Free Burma Ranger)
(စစ်တပ်ကဖမ်းဆီးသတ်ဖြတ်ပြီး​ရေတွင်းထဲပစ်ချခံခဲ့ရ​သောညီအစ်ကိုနှစ်ဦး၏ အရိုးများကို Free Burma Ranger ကဆယ်ယူပြီး​နောက်​တွေ့ရစဥ်။ ဓါတ်ပုံ-Free Burma Ranger)

ကရင်နီ(ကယား)ပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင် စစ်ကောင်စီတပ် ဖမ်းဆီးပြီး သတ်ဖြတ်ကာ ရေတွင်းထဲ ပစ်ချခဲ့သည့် ဒေသခံညီအစ်ကို ၂ဦး၏ အရိုးများကို ဆယ်ယူပေးခဲ့ကြောင်း Free Burma Ranger အဖွဲ့က ထုတ်ပြန်သည်။

ဒီးမော့ဆိုမြို့နယ် စံပြ ၆ မိုင်တွင် ယခုနှစ် ဖေဖော်ဝါရီလက ရွာသား ၄ဦး ဆန်စပါးနှင့် ဟင်းသီးဟင်းရွက်များပြန်လာယူရန် ရွာထဲပြန်ရောက်ချိန် စစ်ကောင်စီတပ်နှင့် တွေ့ဆုံပြီး ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခံခဲ့ရသည်ဟုသိရသည်။

​ဒေသခံ​လေးဦးအနက် ၂ဦးကိုဖမ်းဆီသတ်ဖြတ်၍အိမ်သာကျင်းထဲပစ်ချခဲ့ပြီး ကျန်နှစ်ဦးကိုလည်းသတ်၍ ပေ ၄၀ အနက်ရှိတဲ့ရေတွင်းထဲ ပစ်ချခဲ့ရာ ရေတွင်းထဲပစ်ချခံရသူ ၂ဦးသည် ညီအကိုများ ဖြစ်သည်ဟုဖော်ပြထားသည်။

“ကျန်မိသားစုနဲ့ ရွာသူရွာသားတွေ ပျောက်လို့ အဲ့ဒေသမှာရှိနေတဲ့ ကာကွယ်ရေးတပ်တွေနဲ့ ပြန်လိုက်ရှာရာ ၃ ပတ်အကြာမှ ပြန်တွေ့လို့ ကြိုးစားပြန်ဆယ်ယူပေမဲ့ အဝတ်အစားနဲ့ အရိုးအချို့သာဆယ်ယူရရှိပြီး ကောင်းမွန်စွာမြေမြှုပ်သဂြိုလ်ပေးလိုက်တယ်။ ၅လအကြာမှဖမ်းဆီးခံရပြီးရက်ရက်စက်
စက်အသတ်ခံခဲ့ရတဲ့ ညီအစ်ကို ၂ ယောက်ရဲ့မိသားစုနဲ့ပြန်တွေ့တော့ ရေတွင်းထဲကျန်ရှိနေသေးတဲ့ အရိုးတွေကိုပြန်ဆယ်ယူဖို့ အကူအညီတောင်းလာလို့ ဒေသခံကာကွယ်ရေးတပ် KNDF တပ်ရင်း ၉ ရဲ့အကူအညီနဲ့ ရေစုပ်ထုတ်ပြီး ကျန်အရိုးစုဖြစ်တဲ့ ခေါင်းခွံ ၂ လုံးကို ဆယ်ယူရရှိခဲ့တယ်” ဟု ထုတ်ပြန်ချက်၌ ရေးသားထားသည်။

ထိုသို့ ဆယ်ယူမှုကိုFree Burma Ranger တည်ထောင်သူ ဒါရိုက်တာ Dave Eubank ကိုယ်တိုင် ဆင်းပြီးဆယ်ယူခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

Free Burma Ranger သည်ကရင်နှင့်ကရင်နီပြည်နယ်တွင်စစ်​​ဘေးဒုက္ခသည်များကို အ​ရေး​ပေါ်ကျန်းမာ​ရေး​စောင့်​ရှောက်မှုနှင့်ကယ်ဆယ်​ရေးလုပ်ငန်းများတွင်ကူညီ​ပေးန​သောအဖွဲ့ဖြစ်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

နိုင်ငံတကာ

အဆိုပါ တိုက်ခိုက်မှုကိုကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(KNU/KNLA) တပ်ရင်း(၃)နှင့် KRF ပူးပေါင်းအဖွဲ့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ် သည်ဟုဆိုသည်။

သတင်း

ယနေ့ (ဇူလိုင်လ ၂၃ရက်) ညနေ ၆နာရီခန့်က မြောင်မြို့နယ်၊ နွေတစ်ချောင်းကျေးရွာ၌ တပ်စွဲထားသောစစ်ကောင်စီတပ်သည် အနီးကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်။

သတင်း

မီးရှို့ခံရသည့်နေအိမ်များတွင် NLDအစိုးရလက်ထက် အုပ်ချုပ်ရေးမှူးဟောင်းနေအိမ်လည်းပါဝင်ကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့သည် ညနေ ၅ နာရီခွဲခန့်တွင် ပြန်ထွက်သွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

သတင်း

ဂျပန်အစိုး၏ မြန်မာပြည်အပေါ်ထားရှိသည့် သဘောထားမှာ ယနေ့အချိန်အထိ ပြတ်သားမှုမရှိဘဲ အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုနှင့် ပိုမိုပတ်သက်လာနေ ကြောင်းကို စိတ်မကောင်းစွာမြင်တွေ့ နေရကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။