Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ချင်းတွင်းမြစ်အတွင်း အစုန်၊အဆန် မော်တော်ယာဥ်အားလုံး ရက်အကန့်အသတ် မရှိ ဖြတ်သန်းသွားလာခွင့်ပိတ်ပင်

“မနေ့က(ဇူလိုင် ၂၂ ရက်) ကနီအပိုင် ငါးဖျက်ရွာကို စခတွေ ဝင်မွှေတယ်။ကြိုတင်မိုင်းထောင် ထားနိုင်ခဲ့တာကြောင့် အနည်းဆုံးငါးဦးလောက် သေလိမ့်မယ်”ဟု KLG PDF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ချင်းတွင်းမြစ်အတွင်း ဆန်တက်နေသည့် အကြမ်းဖက်စစ်ကောင်စီရေယာဥ် အုပ်စုအား တွေ့ရစဥ်။ဓာတ်ပုံ DBTF
ချင်းတွင်းမြစ်အတွင်း ဆန်တက်နေသည့် အကြမ်းဖက်စစ်ကောင်စီရေယာဥ် အုပ်စုအား တွေ့ရစဥ်။ဓာတ်ပုံ DBTF

ချင်းတွင်းမြစ်အတွင်း အစုန်၊အဆန် မော်တော်ယာဥ်အားလုံး ရက်အကန့်အသတ် မရှိ ဖြတ်သန်းသွားလာခွင့်မပြုတော့ကြောင်း နဂါးညီနောင်တပ်ဖွဲ့(DBTF)က ယနေ့(ဇူလိုင် ၂၃ ရက်)တွင် ထုတ်ပြန်သည်။

အဆိုပါ သတိပေးချက်ကို နဂါးညီနောင်တပ်ဖွဲ့အပါအဝင် Yoma Fighter PDF နှင့် ရတနာပုံ တော်လှန်ရေးတပ်ဖွဲ့တို့ ပူးတွဲ ကြေညာခဲ့သည်။

“ဒီနေ့ မနက်အစောပိုင်းချင်းတွင်းမြစ်ဘေးက ရွာတွေကို အကြမ်းဖက်စစ်တပ်က ဝင်မွှေတယ်။ စခ တွေ အကြောင်းမဲ့ ဖမ်းခေါ်သွားခံရတဲ့ ပြည် သူတချို့ရှိတယ်။နောက်ပြီး ဒီကောင်တွေ ရေ ယာဥ်တွေ အစုန်အဆန် မကြာခဏ ရှိနေတယ်”ဟု ချင်းတွင်းမြစ်ဘေးတိုက်ပွဲများတွင်ပါဝင်နေသည့် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

DBTF
DBTF

မုံရွာမြို့နယ်၊ အလုံမင်းဒေါင့်ဆိပ်ကမ်းမှ ထွက်လာသည့် စစ်ကောင်စီ ရေယာဥ် နှစ်စီးသည်ယနေ့ နံနက် ၅ နာရီခွဲခန့်ကစ၍ ပန်းတိမ်ပြင် နှင့် ကျောက်မှော်ရွာ တို့ကို ပစ်ခတ်ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်ါ

ယမန်နေ့ ဇူလိုင်(၂၂ ရက်)ကလည်း စစ်ကောင်စီ ရေယာဉ်(၂)စီးဆန်တက်စဥ် ရွှေစာရေးရွာအောက် ဖက်အနီးတွင် ဒေသကာကွယ်ရေးအဖွဲ့များနှင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

“မနေ့က(ဇူလိုင် ၂၂ ရက်) ကနီအပိုင် ငါးဖျက်ရွာကို စခတွေ ဝင်မွှေတယ်။ကြိုတင်မိုင်းထောင် ထားနိုင်ခဲ့တာကြောင့် အနည်းဆုံးငါးဦးလောက် သေလိမ့်မယ်”ဟု KLG PDF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ဇူလိုင် ၁၈ ရက်မှစ၍ မုံရွာမြို့ မင်း​ဒေါင့်ဆိပ် ကမ်းမှတဆင့် ထွက်ခွာလာ သောရေယာဥ် အုပ်စုတွင်အမြန်ယာဥ်စစ်သဘော်ကင်းထောက်ဘုတ်နှစ်စီး အပါအဝင်ရေယာဥ် ၁၃ စီး နှင့် စစ်သားအင်အား ၁၀၀ ကျော်ပါဝင်​ပြီးချင်းတွင်းမြစ်အ​ထက်ပိုင်းသို့ ဆက်တက်လာ​နေ​ကြောင်း ​ဒေသတွင်း PDFများက သတိ​ပေးထားသည်။

အဆိုပါ ရေယာဥ်အုပ်စုသည် စစ်ကိုင်းအထက်ပိုင်းရှိခန္တီးနှင့် ဟုမ္မလင်းမြို့သို့ စစ်ကောင်စီက လက် နက်ခဲယမ်း ရိက္ခာ များကိုပို့ဆောင်ရန်လုံခြုံရေးယူပေးမည့် စစ်သင်္ဘောတစ်စီးနှင့် ပြောက် ကျားစစ်အမြန်ယာဥ်နှစ်စီးမှာ မင်းဒေါင့်ဆိပ်ကမ်း၌ ဇူလိုင် ပထမပတ်တည်းက တပ်စွဲ ခဲ့ခြင်းဖြစ်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

"စစ်ကောင်စီဖလက်(၂)စီး ရွာထိပ်နားမှာ အသားကုန်ပစ်ပြီး ကမ်းနားကပ်တော့ ရွာထဲကလူတွေ အကုန်ထွက်ပြေးနေကြရပါတယ်"ဟု DBTF က ပြောသည်။

သတင်း

"တိုက်ပွဲက အခုမှ (ည ၆ နာရီ ၄၀ မိနစ်ခန့်)ပြီးတာ။စနိုက်ဘာမိတဲ့ စခ တစ်ယောက်သေတာတော့အတည်ပြုနိုင်တယ်။ထိခိုက်တဲ့သူတွေလည်းရှိနိုင် သေးတယ်။အတွင်းသတင်းကို ကျွန်တော် တို့ စောင့်နေတယ်"ဟု အထက်ပါတာဝန်ရှိသူက ရှင်းပြသည်။

သတင်း

ကိုဝင်းမိုးဇော်(ခ)အဝင်းလေးသည် ပြီးခဲ့သည့် ဇူလိုင် ၂ ရက်က ဘုတလင်မြို့နယ်နှင့် ဒီပဲယင်းမြို့နယ်ကြားရှိ ကတိုးရွာအနီးတွင် စစ်​ကောင်စီတပ်၏ ကင်းပုန်းနှင့် ထိပ်တိုက်တိုးပြီး မတရားဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

သတင်း

ဆီ​ပေပါ​ပေါင်းများစွာမီး​လောင်ကျွမ်းခြင်းဖြစ်၍ မီးခိုးလုံးကြီးကို မြို့​နေရာအနှံမှမြင်​​တွေ့ရပြီး ။ မုံရွာမြို့ခံ ပြည်သူများက မြို့သို့မီးကူးစက်​လောင်ကျွမ်းမည်ကို စိုးရိမ်ခဲ့ကြသည်။