Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြောင်နှင့် ရေစကြိုမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် အကြောင်းမဲ့ပစ်ခတ်၍ ပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာရ

ယနေ့ (ဇူလိုင်လ ၂၃ရက်) ညနေ ၆နာရီခန့်က မြောင်မြို့နယ်၊ နွေတစ်ချောင်းကျေးရွာ၌ တပ်စွဲထားသောစစ်ကောင်စီတပ်သည် အနီးကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်။

(ဇူလိုင်လဆန်းပိုင်းက မြောင်နယ်ရှိကျေးရွာတစ်ရွာအား အကြမ်းဖက်စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့စဥ်၊ဓာတ်ပုံ-MBTT)
(ဇူလိုင်လဆန်းပိုင်းက မြောင်နယ်ရှိကျေးရွာတစ်ရွာအား အကြမ်းဖက်စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့စဥ်၊ဓာတ်ပုံ-MBTT)

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်နှင့် မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် ယနေ့ညနေပိုင်းက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် အကြောင်းမဲ့ပစ်ခတ်ခဲ့၍ ဒေသခံပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ​ဒေသခံများက ပြောသည်။

ယနေ့ (ဇူလိုင်လ ၂၃ရက်) ညနေ ၆နာရီခန့်က မြောင်မြို့နယ်၊ နွေတစ်ချောင်းကျေးရွာ၌ တပ်စွဲထားသောစစ်ကောင်စီတပ်သည် အနီးကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်။

ထိုသို့ပစ်ခတ်မှုကြောင့် ကျောက်တန်းအနောက်ကျေးရွာပေါ်သို့ ကျရောက်ပြီး ၎င်းကျေးရွာရှိ အသက်၂၁နှစ်အရွယ် မောင်တင်ကိုဦး၌ ဝမ်းဗိုက်ဒဏ်ရာနှင့် အသက်၂၅နှစ်အရွယ် မောင်လှခိုင်​၏ လက်မောင်းဒဏ်ရာများ အသီးသီးရရှိခဲ့ကြောင်း မြောင်အခြေစိုက် MBTTအဖွဲ့မှ ဗိုလ်တောက်ထွန်းက အသိပေးသည်။

Public Service Announcement
Public Service Announcement

ဒေသခံပြည်သူများလည်း ထွက်ပြေးတိမ်းရှောင်နေရပြီး တိုက်ပွဲမရှိဘဲ လက်နက်ကြီးများနှင့် အဝေးကပစ်ခတ်နေသောကြောင့် ပြည်သူများသတိထားသွားလာကြရန် ဗိုလ်တောက်ထွန်းက သတိပေးသည်။

အလားတူ မြောင်နယ်နှင့် နယ်မြေချင်းဆက်နေသည့် မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ အမှတ်(၁)ထင်းတန်း ဇီးကျွန်းရပ်ရှိ မြစ်ကမ်းနားဘက်တွင်လည်း လက်နက်ကြီးကျည် ၁ လုံးကျရောက် ပေါက်ကွဲခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယင်းလက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ထိခိုက်မှုအခြေအနေ မသိရသေးဟု ဒေသခံတို့က ပြောသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

လက်ရှိတွင် ခင်ဦးနယ်၌ စစ်ဘေးရှောင် ၄,၀၀၀ကျော်ရှိနေပြီး အကူအညီများ လိုအပ်နေကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ထားသည်။

သတင်း

ဇူလိုင် ၂၂ရက်က ဖြစ်ပွားခဲ့သည့် ယင်းတိုက်ပွဲ၌ ပကဖ ရဲဘော် ခုနစ်ဦးနှင့် PDF ရဲဘော် တစ်ဦး စုစုပေါင်း ရှစ်ဦး အမိနိုင်ငံတော်အတွက်အသက်ပေးလှူခဲ့ရ သည်ဟု ဖော်ပြထားသည်။

သတင်း

တာဝန်ခံမှုနှင့် နစ်နာဆုံးရှုံးမှုများကို အစားလျော်ပေးခြင်းတို့သည် ဆက်လက်၍ တွန်းအားပေးသော မရှိမဖြစ် အချက်များဖြစ်ရန်လိုအပ်ကြောင်းလည်း NUG က တိုက်တွန်းသည်။

နိုင်ငံတကာ

အဆိုပါ တိုက်ခိုက်မှုကိုကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(KNU/KNLA) တပ်ရင်း(၃)နှင့် KRF ပူးပေါင်းအဖွဲ့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ် သည်ဟုဆိုသည်။