Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ခင်ဦးမြို့နယ်တွင် မိုင်းလာရှင်းသည့်စစ်ကောင်စီတ​ပ် မိုင်းနင်းမိပြီး ခြောက်ဦး သေဟုဆို

အခင်းဖြစ်နေရာသည် ရေဦး – ခင်ဦး လမ်းပိုင်းပေါ်တွင်ရှိပြီး နင်းမိုင်း၊တိုက်မိုင်းများမိ၍ သေဆုံးသွားခြင်းဖြစ်ကြောင်း၊ အလောင်းများအား ချောင်းတံတားမှ စစ်ကောင်စိတပ်သား ၃၀ခန့်က လာရောက် ကောက်ယူသွားခဲ့ကြောင်း ပါဝင်တိုက်ခိုက်ခဲ့သည့် KSO အဖွဲ့က ပြောသည်။

ခင်ဦးမြို့နယ်
ခင်ဦးမြို့နယ်

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် ယနေ့နံနက်ပိုင်းက မိုင်းလာရှင်းသည့် အကြမ်းဖက်စစ်ကောင်စီတ​ပ် မိုင်းနင်းမိပြီး ခြောက်ဦးသေဆုံးသွားကြောင်း Brother Of Lands Defense Force အဖွဲ့က သတင်းထုတ်ပြန်သည်။

ယနေ့ (ဇူလိုင်လ၂၄ရက်) နံနက် ၇နာရီခန့်က ခင်ဦးမြို့နယ်၊ မြင်းဒေါင်း​​ကျေးရွာ စာသင်ကျောင်း ရှေ့တွင် အကြမ်းဖက်စစ်ကောင်စီတပ်က မိုင်းလာရှင်းရာ မဟာမိတ်များထောင်ထားခဲ့သော မိုင်းများနင်းမိပြီး စစ်ကောင်စီတပ်သား ခြောက်ဦးသေဆုံးခဲ့ကြောင်း Brother Of Lands Defense Force အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထိုစစ်ဆင်ရေးအား BLDF၊ BOB၊ Hero Army Khin-U တပ်ဖွဲ့တို့နှင့် မဟာမိတ်များက ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း ၎င်းတို့က အသိပေးသည်။

အခင်းဖြစ်နေရာသည် ရေဦး – ခင်ဦး လမ်းပိုင်းပေါ်တွင်ရှိပြီး နင်းမိုင်း၊တိုက်မိုင်းများမိ၍ သေဆုံးသွားခြင်းဖြစ်ကြောင်း၊ အလောင်းများအား ချောင်းတံတားမှ စစ်ကောင်စိတပ်သား ၃၀ခန့်က လာရောက် ကောက်ယူသွားခဲ့ကြောင်း ပါဝင်တိုက်ခိုက်ခဲ့သည့် KSO အဖွဲ့က ပြောသည်။

စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုများနှင့်ပတ်သက်၍ People’s Spring ကထပ်မံ အတည်ပြုနိုင်ခြင်းမရှိသေးပေ။

ဇူလိုင် ၂၂ရက် ညနေပိုင်းက မြင်းဒေါင်းရွာအနီးတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်အား ခင်ဦးမြို့နယ်(ပကဖ)အဖွဲ့ကဦးဆောင်၍ KSOအဖွဲ့အပါအဝင် မဟာမိတ်ဒေသခံကာကွယ်ရေး အဖွဲ့များက နင်းမိုင်း၊တိုက်မိုင်း၊ဆွဲမိုင်းများဖြင့် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၄၈ ဦး သေဆုံးကြောင်း KURDAFက ထုတ်ပြန်ထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ချင်းပြည်နယ် မင်းတပ်မြို့သို့ ရိက္ခာနှင့် စစ်လက်နက်ပစ္စည်းများ ပို့ဆောင်ပြီး ပြန်လာသည့် စစ်ယာဉ်တန်းသည် ကျောက်ထု၌ ညအိပ်ရပ်နားပြီးနောက် ယနေ့(ဇူလိုင် ၂၄ရက်) နံနက် ၁၁နာရီခန့်တွင် ကျောက်ထုမှ ပခုက္ကူမြို့ ဘက်သို့ပြန်သွားခြင်းဖြစ်သည်ဟု ဆိုသည်။

သတင်း

ဒုရဲမှူးစိုးနိုင်သည် ယခင်က မောင်းမကန်နယ်မြေရဲစခန်းမှ ထားဝယ်မြို့မရဲစခန်းကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ပြောင်းရွှေ့လာသူတစ်ဦးဖြစ်သည်။

သတင်း

ဒေသတွင်း PDFများအနေဖြင့် တိုက်ပွဲကာလ ရက်ရှည်စွာ တိုက်ခိုက်ခဲ့ရခြင်းကြောင့် လက်နက်ခဲယမ်း အမြောက်အများ သုံးစွဲခဲ့ရပီး ပြန်လည်ထုတ်လုပ် တပ်ဆင်နိုင်ရေး ကူညီလှူဒါန်းပေးကြရန်လည်းဆော PDFက ပြည်သူများသို့အကူအညီတောင်းခံထားသည်။

သတင်း

အဆိုပါ နေရာသည် ဆောမြို့နယ် PDF တပ်ရင်း တစ်ခုဖြစ်သည့် လောင်းရှည် PDF(YRPA) ၏ ကင်းစခန်းဖြစ်ပြီး PDF တပ်ပေါင်းစုမှ ပြန်လည်ရယူနိူင်ခဲ့ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။