Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အင်းတော်တွင် စစ်ကောင်စီတပ်လှည့်ကင်းနှင့် ခြေကျင်စစ်ကြောင်းကို တစ်ချိန်ထဲတိုက်ခိုက်၊ စစ်ကောင်စီတပ်မှ အနည်းဆုံး ခြောက်ဦးသေ

“ဖိုးဝီးနဲ့ ကင်းပတ်လာတဲ့ စစ်ကြောင်းရယ် အဲဒီနားမှာပဲ အင်အား ၇၀ ကျော်နဲ့ ခြေကျင်လာတဲ့ စစ်ကြောင်းရယ်ကို ကျွန်တော်တို့ တစ်ချိန်ထဲမှာ တိုက်ခိုက်တာ။ နေရာကတော့ အဲဒီ အင်းတော် – ဗန်းမောက်လမ်းမှာပဲ။ ပွဲက နှစ်ပွဲပေါ့”ဟု IR Team မှ ရဲဘော်တစ်ဦးက ပြောသည်။

ဓာတ်ပုံ - ဇူလိုင် ၁၀ ရက်တိုက်ပွဲတွင် သေဆုံးခဲ့သော စစ်ကောင်စီတပ်သား တစ်ဦးအား စစ်ကောင်စီတပ်က ဖြစ်သလိုမြုပ်နှံထားစဥ်
ဓာတ်ပုံ - ဇူလိုင် ၁၀ ရက်တိုက်ပွဲတွင် သေဆုံးခဲ့သော စစ်ကောင်စီတပ်သား တစ်ဦးအား စစ်ကောင်စီတပ်က ဖြစ်သလိုမြုပ်နှံထားစဥ်

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်၏ လှည့်ကင်းနှင့် ခြေလျင်စစ်ကြောင်းတို့ကို KIA ၊ PDF ပူးပေါင်းအဖွဲ့က တစ်ချိန်ထဲတိုက်ခိုက်ခဲ့ကြောင်း အင်းတော် တော်လှန်ရေးအင်အားစု (IR)က ယနေ့(ဇူလိုင် ၂၄)ထုတ်ပြန်သည်။

ယနေ့နံနက် ၉ နာရီခွဲခန့်တွင် အင်းတော်မြို့နယ် မော်တိတ်ဒေသ အင်းတော် – ဗန်းမောက်လမ်း ပေါ်၌ ဖိုးဝီးကားတစ်စီးနှင့် ကင်းပတ်နေသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် အင်အား ၇၀ ကျော်ပါသည့် စစ်ကောင်စီတပ် ခြေလျင် စစ်ကြောင်းတို့ကို PDF ပူးပေါင်းအဖွဲ့က တပြိုင်နက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြသည်။

အဆိုပါတိုက်ခိုက်မှုများတွင် လှည့်ကင်းယာဥ်ပေါ်ပါ စစ်ကောင်စီတပ်သား ၁၅ဦးခန့်တွင် နှစ်ဦးသေဆုံးပြီး ခြေလျင်စစ်ကြောင်းမှ လေးဦးသေဆုံးပြီး အများအပြားဒဏ်ရာရသွားကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

“ဖိုးဝီးနဲ့ ကင်းပတ်လာတဲ့ စစ်ကြောင်းရယ် အဲဒီနားမှာပဲ အင်အား ၇၀ ကျော်နဲ့ ခြေကျင်လာတဲ့ စစ်ကြောင်းရယ်ကို ကျွန်တော်တို့ တစ်ချိန်ထဲမှာ တိုက်ခိုက်တာ။ နေရာကတော့ အဲဒီ အင်းတော် – ဗန်းမောက်လမ်းမှာပဲ။ ပွဲက နှစ်ပွဲပေါ့”ဟု IR Team မှ ရဲဘော်တစ်ဦးက ပြောသည်။

အဆိုပါတိုက်ခိုက်မှုတွင် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု မိနစ် ၄၀ကျော် ဖြစ်ပွားခဲ့ပြီး KIA၊ PDF ပူးပေါင်းတပ်မှ ရဲဘော်များ အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း ၎င်းရဲဘော်က တက်ပြောသည်။

လက်ရှိအခြေအနေတွင် အကြမ်းဖက်စစ်ကောင်စီတပ်စစ်ကြောင်းများသည် အင်းတော်မြို့နယ် ငွေတောင်တောရဘုန်းကြီးကျောင်းသို့ တပ်ဆုတ်သွား ကြောင်း IR Team ထံမှ သိရသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အဆိုပါ ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်ကောင်စီဝင်များ ရောက်ရှိလာကာ တာမွေခုံးတံတားအောက် မီးပွိုင့်ထိပ်တွင် စစ်ကားနှစ်စီး ပိတ်ဆို့၍ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

သတင်း

စစ်ကောင်စီတပ်မှ ယာဥ်များသည် ယနေ့ညနေ ၆ နာရီခန့်တွင် မြသီရိ (၁)လမ်းမှ ပြန်ထွက်သွားပြီး ကင်းပုန်းအချို့ချထားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

သတင်း

ပေါက်ကွဲမှုကြောင့် အသက် (၃)နှစ်အရွယ်ကလေး သေဆုံးပြီး ဖခင်ဖြစ်သူသည် ခြေထောက်တွင် ဒဏ်ရာအပြင်းအထန်ရသွားခဲ့သည်။ အဆိုပါသားအဖသည် ချောင်းဦးမြို့နယ်ဇာတိဖြစ်ပြီး မြောင်မြို့နယ်အတွင်း စစ်ဘေးရှောင်နေခြင်းဟု ဒေသခံအချိုု့က ပြောသည်။

သတင်း

သေဆုံးသူနှစ်ဦးကို ဈေးချိုအရန်မီးသတ်စခန်းမှ ယာဉ်ဖြင့် မန္တလေးပြည်သူ့ ဆေးရုံသို့ ပို့ဆောင် ပေးခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆက်လက် လုပ်ဆောင်နေကြောင်း အသိပေးထားသည်။