Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တာမွေ Oceanစင်တာအနီးရှိ ယာဥ်ထိန်းရဲကင်းကို လက်ပစ်ဗုံးဖြင့် ပစ်ခတ် တိုက်ခိုက်

အဆိုပါ ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်ကောင်စီဝင်များ ရောက်ရှိလာကာ တာမွေခုံးတံတားအောက် မီးပွိုင့်ထိပ်တွင် စစ်ကားနှစ်စီး ပိတ်ဆို့၍ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

(ပြီးခဲ့သည့် မတ်လအတွင်းက တာမွေ Ocean စင်တာအနီး စစ်ကောင်စီဝင်ကားများ ရပ်တန့်၍ စစ်ဆေးမှု ပြုလုပ်နေစဥ် (ပုံအဟောင်း)၊ ဓာတ်ပုံ - CJ)
(ပြီးခဲ့သည့် မတ်လအတွင်းက တာမွေ Ocean စင်တာအနီး စစ်ကောင်စီဝင်ကားများ ရပ်တန့်၍ စစ်ဆေးမှု ပြုလုပ်နေစဥ် (ပုံအဟောင်း)၊ ဓာတ်ပုံ - CJ)

ရန်ကုန်မြို့ တာမွေမြို့နယ် Ocean စင်တာကုန်တိုက်အနီးရှိ ယာဥ်ထိန်းရဲကင်း ကို ယနေ့ (ဇူလိုင် ၂၄) ညနေပိုင်း၌ လက်ပစ်ဗုံးဖြင့် ပစ်ခတ်၍ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Free Fighter Force မြို့ပြပျောက်ကြားတပ်ဖွဲ့က ထုတ်ပြန်သည်။

ယနေ့ ညနေ ၅ နာရီခွဲဝန်းကျင်တွင် တာမွေ ခုံးကျော်တံတားအောက်ဘက် Ocean စင်တာ ကုန်တိုက်အနီးရှိ ယာဥ်ထိန်းရဲကင်းတွင် ဗုံး​ပေါက်မှု ဖြစ်ပွားခဲ့သော်လည်း လူထိခိုက်မှု မရှိကြောင်း ဒေသခံများမှတဆင့် သိရသည်။

” ညနေက တာမွေခုံးတံတားအောက်က ယာဥ်ထိန်းရဲကင်းမှာ ဗုံးပေါက်တာပါ။ ဗုံးပေါက်သံ တစ်ချက်တော့ ကြားလိုက်ရတယ်။ ယာဥ်ထိန်းရဲကင်းက အစောင့်စစ်သားတွေ ဘယ်သူမှ မရှိကြတော့ပါဘူး။ လူထိခိုက်မှု မရှိဘူးလို့ သိရပါတယ် “ဟု တာမွေမြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

အဆိုပါ ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်ကောင်စီဝင်များ ရောက်ရှိလာကာ တာမွေခုံးတံတားအောက် မီးပွိုင့်ထိပ်တွင် စစ်ကားနှစ်စီး ပိတ်ဆို့၍ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ပြည်သူများအနေဖြင့် အကြမ်းဖက် စစ်ကောင်စီဝင်များနှင့် ဝေးရာနေရာတို့၌ ရှောင်ရှားသွားလာကြရန်လည်း Free Fighter Force မြို့ပြပျောက်ကြားတပ်ဖွဲ့က သတိပေးထုတ်ပြန်သည်။

ယမန်နေ့ကလည်း ရန်ကုန်မြို့လယ် ကုန်သည်လမ်းမပေါ် (၃၉)လမ်းနှင့် ဆိပ်ကမ်းသာလမ်းကြား ပန်းဘဲတန်းမြို့နယ် လျှပ်စစ်ရုံးရှေ့ လုံခြုံရေးကင်းတဲ အား မြို့ပြပျောက်ကြားတပ်ဖွဲ့ (Toxic Boys) က ‘နန်းထိုက်အောင်’စစ်ဆင်ရေး အဖြစ် လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ကောင်စီတပ်မှ ယာဥ်များသည် ယနေ့ညနေ ၆ နာရီခန့်တွင် မြသီရိ (၁)လမ်းမှ ပြန်ထွက်သွားပြီး ကင်းပုန်းအချို့ချထားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

သတင်း

ပေါက်ကွဲမှုကြောင့် အသက် (၃)နှစ်အရွယ်ကလေး သေဆုံးပြီး ဖခင်ဖြစ်သူသည် ခြေထောက်တွင် ဒဏ်ရာအပြင်းအထန်ရသွားခဲ့သည်။ အဆိုပါသားအဖသည် ချောင်းဦးမြို့နယ်ဇာတိဖြစ်ပြီး မြောင်မြို့နယ်အတွင်း စစ်ဘေးရှောင်နေခြင်းဟု ဒေသခံအချိုု့က ပြောသည်။

သတင်း

"ဖိုးဝီးနဲ့ ကင်းပတ်လာတဲ့ စစ်ကြောင်းရယ် အဲဒီနားမှာပဲ အင်အား ၇၀ ကျော်နဲ့ ခြေကျင်လာတဲ့ စစ်ကြောင်းရယ်ကို ကျွန်တော်တို့ တစ်ချိန်ထဲမှာ တိုက်ခိုက်တာ။ နေရာကတော့ အဲဒီ အင်းတော် - ဗန်းမောက်လမ်းမှာပဲ။ ပွဲက နှစ်ပွဲပေါ့"ဟု IR Team မှ ရဲဘော်တစ်ဦးက ပြောသည်။

သတင်း

ဒေသတွင်း PDFများအနေဖြင့် တိုက်ပွဲကာလ ရက်ရှည်စွာ တိုက်ခိုက်ခဲ့ရခြင်းကြောင့် လက်နက်ခဲယမ်း အမြောက်အများ သုံးစွဲခဲ့ရပီး ပြန်လည်ထုတ်လုပ် တပ်ဆင်နိုင်ရေး ကူညီလှူဒါန်းပေးကြရန်လည်းဆော PDFက ပြည်သူများသို့အကူအညီတောင်းခံထားသည်။