Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

မျောက်ကျောက်ရောဂါကို နိုင်ငံတကာ အရေးပေါ် ကျန်းမာရေး အခြေအနေအဖြစ် WHO ကြေညာ

WHOရဲ့ ကျန်းမာရေး ပညာရှင်တွေ စုံညီ စည်းဝေးပြီးတဲ့နောက် မျောက်ကျောက်ကို ကမ္ဘာလုံးဆိုင်ရာ အရေးပေါ် အခြေအနေ သတ်မှတ်ဖို့ ဆုံးဖြတ်လိုက်တာပါ။ အဲဒီ မတိုင်ခင် ကတည်းကလည်း WHO အနေနဲ့ မျောက်ကျောက်ကို အရေးပေါ် အခြေအနေ ထုတ်ပြန်သင့်ကြောင်း တိုက်တွန်းမှုတွေ ရှိနေခဲ့ပါတယ်။

မျောက်ကျောက်ရောဂါကို နိုင်ငံတကာ အရေးပေါ် ကျန်းမာရေး အခြေအနေအဖြစ် WHO ကြေညာ
မျောက်ကျောက်ရောဂါကို နိုင်ငံတကာ အရေးပေါ် ကျန်းမာရေး အခြေအနေအဖြစ် WHO ကြေညာ

ကမ္ဘာ့နိုင်ငံ တော်တော်များများကို ပျံ့နှံ့ ကူးစက်နေပြီဖြစ်တဲ့ မျောက်ကျောက်ရောဂါကို ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ် ပြဿနာကြီး တစ်ခုအဖြစ် ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ (WHO)က တရားဝင် သတ်မှတ်လိုက်ပါပြီ။

ကျောက်ရောဂါ တစ်မျိုးဖြစ်ပြီး လူ့ခန္ဓာကိုယ်က ထွက်တဲ့ အရည်တွေကနေတဆင့် ကူးစက်တတ်တဲ့ မျောက်ကျောက်ဟာ ကမ္ဘာတလွှားမှာ လူနာ အရေအတွက် တဖြည်းဖြည်း ဆက်တိုက် မြင့်တက်လာနေတယ်လို့ WHOက အတည်ပြုခဲ့ပါတယ်။

၂၀၀၉ ခုနှစ်ကစလို့ WHOက အမြင့်ဆုံး သတိပေးချက်နဲ့ အရေးပေါ် အခြေအနေ ကြေညာတဲ့ ရောဂါ ကူးစက်မှုတွေ စုစုပေါင်း ၇ ခုထိ ရှိလာခဲ့ပြီး မျောက်ကျောက် မတိုင်ခင် နောက်ဆုံး ကြေညာခဲ့တဲ့ ရောဂါကတော့ ကိုဗစ် ဖြစ်ပါတယ်။

WHOရဲ့ ကျန်းမာရေး ပညာရှင်တွေ စုံညီ စည်းဝေးပြီးတဲ့နောက် မျောက်ကျောက်ကို ကမ္ဘာလုံးဆိုင်ရာ အရေးပေါ် အခြေအနေ သတ်မှတ်ဖို့ ဆုံးဖြတ်လိုက်တာပါ။ အဲဒီ မတိုင်ခင် ကတည်းကလည်း WHO အနေနဲ့ မျောက်ကျောက်ကို အရေးပေါ် အခြေအနေ ထုတ်ပြန်သင့်ကြောင်း တိုက်တွန်းမှုတွေ ရှိနေခဲ့ပါတယ်။

WHO အကြီးအကဲ ဒေါက်တာ တက်ဒ်ရော့စ် အက်ဒ်ဟာနွမ် ဂျီဘရီယီးဆက်စ်ကတော့ ဆေးပညာရှင် ထိပ်တန်း ကော်မတီဝင်တွေ အကျေအလည် ဆွေးနွေးမှုရဲ့ ရလဒ်အဖြစ် မျောက်ကျောက်ကို အရေးပေါ် အခြေအနေ သတ်မှတ်လိုက်တာလို့ ပြောပါတယ်။ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ဆိုရင် မျောက်ကျောက်ရဲ့ ခြိမ်းခြောက်မှုဟာ အသင့်အတင့်ဆိုတဲ့ အဆင့်မှာ ရှိနေပြီး ဥရောပမှာတော့ ပိုပြီး စိုးရိမ်နေရတယ်လို့ သူက ဆိုတယ်။ နောက်ပြီး မျောက်ကျောက်ဟာ ကမ္ဘာတလွှားကို ဆက်လက် ပျံ့နှံ့သွားလိမ့် ဦးမယ်လို့လည်း ဒေါက်တာ တက်ဒ်ရော့စ်က ခန့်မှန်းခဲ့ပါတယ်။

မျောက်ကျောက်ဟာ တိရစ္ဆာန်ကနေတဆင့် လူသားတွေဆီ ကူးစက်လာတဲ့ ရောဂါတစ်မျိုးဖြစ်ပြီး အာဖရိက အလယ်ပိုင်းနဲ့ အနောက်ပိုင်းက သားရိုင်း တိရစ္ဆာန်တွေမှာလည်း တွေ့ရတတ်ပါတယ်။ လောလောဆယ်တော့ မျောက်ကျောက် ဖြစ်ပွားသူ ၁၆၀၀၀ ကျော်ထိ ကမ္ဘာအနှံ့မှာ တွေ့ရှိထားပြီး အဲဒီထဲက ၄ ပုံတစ်ပုံ လွန်ခဲ့တဲ့ တစ်ပတ်အတွင်းမှာတင် တိုးလာတဲ့ လူနာသစ်တွေ ဖြစ်ပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

နိုင်ငံတကာ

WHOရဲ့ အရာရှိတွေဟာ မျောက်ကျောက် ရောဂါကို နိုင်ငံတကာ ကျန်းမာရေး ပြဿနာကြီး အဆင့်ထိ သတ်မှတ် ကြေညာဖို့ သင့်မသင့် ဆိုတာကို အကျေအလည် ဆွေးနွေးနေကြကြောင်းလည်း သိရပါတယ်။

နိုင်ငံတကာ

ပူတင်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ကောလာဟလပေါင်းစုံ ကြားခဲ့ကြပေမယ့် CIAက ထောက်လှမ်း သိရှိထားသလောက် သူက အလွန်အကျွံကြီးကို ကျန်းမာရေး ကောင်းနေပါသေးတယ်လို့ ဘန်းစ်က ကော်လိုရာဒိုမှာ ပြုလုပ်တဲ့ လုံခြုံရေး ဖိုရမ်တစ်ခုမှာ ပြောကြားသွားခဲ့ပါတယ်။

သတင်း

AI သုတေသနပြုစုသူများသည် ဇွန် ၂၅ မှ ဇူလိုင် ၈ ရက်အထိ ကရင်နီပြည် ဒီမော့ဆို၊ ဖရူဆိုနှင့် လွိုင်ကော် မြို့နယ်တို့ရှိ ပြည်သူ ၄၃ ဦးကို တွေ့ဆုံမေးမြန်းခဲ့ပြီး အဆိုပါဒေသများတွင် စစ်တပ်နှင့် ကရင်နီလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များအကြား တိုက်ပွဲပြင်းထန်နေခဲ့ခြင်းဖြစ်သည်။

နိုင်ငံတကာ

အစိုးရတွေ အနေနဲ့ အရင်လို တင်းကျပ်တဲ့ Lockdown အစီအမံတွေ ပြန်မသုံးနိုင်သေးဘူး ဆိုရင်တောင် ဆေးစစ်နိုင်စွမ်းနဲ့ ကာကွယ်ဆေး ထိုးနှံမှုတွေ အရှိန်မြှင့်နိုင်အောင် ကြိုးစားပေးဖို့တော့ ဒေါက်တာ ဂျီဘရီယီးဆက်စ်က တိုက်တွန်းခဲ့ပါတယ်။