Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဟင်္သာတမြို့ရှိ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးနှင့် ရဲစခန်းအပါအဝင် သုံးနေရာပေါက်ကွဲမှု ဖြစ်

ယနေ့ည တိုက်ခိုက်မှုကို နဂါးညီနောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က အကောင်အထည်ဖော်ခဲ့ခြင်းဟု ကနဦး သတင်းရရှိထားသည်။သို့သော် စစ်ကောင်စီဘက်က ထိခိုက်မှုကို မသိရသေးပေ။

ဟင်္သာတမြို့ရှိ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးနှင့် ရဲစခန်းအပါအဝင် သုံးနေရာပေါက်ကွဲမှု ဖြစ်
ဟင်္သာတမြို့ရှိ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးနှင့် ရဲစခန်းအပါအဝင် သုံးနေရာပေါက်ကွဲမှု ဖြစ်

မြို့လယ်ကောင်လမ်းမကိုပိတ်ဆို့ထားပြီး လုံခြုံရေးအထပ်ထပ်ချထားသည့် ဟင်္သာတမြို့ရှိ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးနှင့် ရဲစခန်း အပါအဝင် စစ်ကောင်စီ၏ ရုံးသုံးခုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ည၌ တပြိုင်နက် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။

ဟင်္သာတမြို့ ခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ ရဲစခန်းနှင့် ပြန်ဆက်ရုံကို ယနေ့(ဇူလိုင် ၂၅ရက်) ည ၇နာရီ ၃၀မိနစ်နှင့် ၈နာရီကြားတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ပေါက်ကွဲသံတွေရော သေနတ်သံတွေပါ ဆူညံနေတာပဲ။ ကလေးတွေ ဘေးကင်းပါစေ”ဟု မြို့ခံတစ်ဦးက လူမှုကွန်ရက်တွင် ရေးသားထားသည်။

Public Service Announcement
Public Service Announcement

ယနေ့ည တိုက်ခိုက်မှုကို နဂါးညီနောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က အကောင်အထည်ဖော်ခဲ့ခြင်းဟု ကနဦး သတင်းရရှိထားသည်။သို့သော် စစ်ကောင်စီဘက်က ထိခိုက်မှုကို မသိရသေးပေ။

“သုံးနေရာမှာ တိုက်ခိုက်ခဲ့တယ်။ ကလေးတွေ အန္တရာယ်ကင်းတယ်”ဟု တော်လှန်ရေး အင်အားစုအဖွဲ့ဝင်တစ်ဦးက People’s Spring သို့ပြောသည်။

တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က သေနတ်ဖြင့် ရမ်းသမ်းပစ်ခတ်နေပြီး သေနတ်သံ များကြားနေရသည်ဟု ဒေသခံများက ပြောသည်။

ဟင်္သာတမြို့ ရဲစခန်းသည် မြို့လယ်ကောင်တွင်ရှိနေပြီး အများပြည်သူသွား လာနေသည့် လမ်းမကြီးကို စစ်ကောင်စီက ပိတ်ဆို့ထားသည်မှာ (၁)နှစ်ကျော် နေပြီဖြစ်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ဒေသခံများ၏ ဆက်သွယ်ပြောကြားမှုများအရ တိုက် ခိုက်ခံရမှုဖြစ်ပွားပြီးနောက် အရေးပေါ်လူနာတင်ယာဥ်တစ်စီးရဲစခန်းအတွင်းဝင်ရောက်သွားပြီး ရေနံချောင်းမြို့နယ်ဆေးရုံးသို့ ပြန်လည်မောင်းနှင်သွားကာ စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုအခြေအနေအား အတိအကျ မသိရသေးကြောင်း ၎င်းက ရှင်းပြသည်။

သတင်း

ပေါက်ကွဲမှုကြောင့် အသက် (၃)နှစ်အရွယ်ကလေး သေဆုံးပြီး ဖခင်ဖြစ်သူသည် ခြေထောက်တွင် ဒဏ်ရာအပြင်းအထန်ရသွားခဲ့သည်။ အဆိုပါသားအဖသည် ချောင်းဦးမြို့နယ်ဇာတိဖြစ်ပြီး မြောင်မြို့နယ်အတွင်း စစ်ဘေးရှောင်နေခြင်းဟု ဒေသခံအချိုု့က ပြောသည်။

သတင်း

“ထိုင်းကုမ္ပဏီက ထိုင်းအစိုးရပိုင်ကုမ္ပဏီပဲ၊ မြန်မာပြည်မှာ အထွေထွေမန်နေဂျာတစ်ယောက်က ကိုင်တွယ်နေတာ။ စစ်တပ်အတွက် ဒေါ်လာရှာပေးတဲ့ ရေနံကုမ္ပဏီတခုဆိုတာသေချာတယ်”ဟု ထိုင်းPTTEPကုမ္ပဏီဝန်ထမ်းဟောင်းတစ်ဦးက ပြောသည်။

သတင်း

ဇူလိုင် ၁၉ ရက် အာဇာနည်နေ့ နံနက် ၇နာရီခန့်က စစ်ကောင်စီတပ်သည် မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့(CDSOM) ဗိုလ်ကျားသစ်၏ နေအိမ်၊ နွားစာတိုက်နှင့် မီးဖိုဆောင်တို့ကို မီးရှို့သွားခဲ့သည်။