Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရွှေဘိုတွင် Denko ဆီဘောက်ဆာကားတစ်စီးကို ဒေသတွင်းအဖွဲ့များက ဖမ်းဆီးထိန်းသိမ်း

စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်ထုတ်ကုန်များ၊ ၎င်းတို့နှင့်ပတ်သက်ဆက်နွယ်နေသည့်ကုန်ပစ္စ​ည်းများအား သယ်ယူ​ပို့ဆောင်ခြင်းမပြုရန် ဒေသတွင်း PDFများက မကြာခဏ သတိပေးလေ့ရှိသည်။

ဓါတ်ပုံ- GZ Special Task Force
ဓါတ်ပုံ- GZ Special Task Force

▪️စစ်ကောင်စီထောက်တိုင်ဖြစ်၍ ဖမ်းဆီးခြင်းဟုဆို

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်တွင် Denko ဆီဘောက်ဆာကားတစ်စီးအား ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး စစ်ကောင်စီထောက်တိုင်​ဖြစ်၍ ဖမ်းဆီးဖြစ်ကြောင်း GZ Special Task Forceအဖွဲ့က သတင်းထုတ်ပြန်သည်။

ယနေ့(ဇူလိုင် ၃၀ရက်) မွန်းလွဲပိုင်းက ရွှေဘိုခရိုင်တပ်ရင်း (၂၃) နှင့် မဟာမိတ်များ Shwe Bo Defense Force (SBDF)၊GZ Special Task Force ပြောက်ကျားတပ်ဖွဲ့၊တောကြီးမြွေပွေးပြောက်ကျားတပ်ဖွဲ့ နှင့် ရွှေချိုးဖြူ ပြောက်ကျားတပ်ဖွဲ့တို့က စစ်ကောင်စီတပ်၏ ထောက်တိုင် ဖြစ်သော Denko ဆီဘောက်ဆာ ကားတစ်စီးကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ၎င်းအဖွဲ့များက သတင်းထုတ်ပြန်သည်။

ဓါတ်ပုံ- GZ Special Task Force
ဓါတ်ပုံ- GZ Special Task Force

စစ်ကောင်စီတပ် နှင့်ပတ်သက်သည့် မည်သည့်လုပ်ငန်းမဆို ပြင်းပြင်းထန်ထန် အရေးယူ ဆောင် ရွက်သွားမည်ဖြစ်ကြောင်းလည်း အသိပေးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖမ်းဆီးထိန်းသိမ်းသည့် မှတ်တမ်းဓါတ်ပုံကိုလည်း ထုတ်ပြန်ထားပြီး ယာဉ်မောင်းသမားဟုယူဆရသူတစ်ဦးလည်း ပါဝင်သည်။ ဖမ်းဆီးထိန်းသိမ်းထားသည့် ဆီဘောက်ဆာကားအား မည်သည့်နေရာတွင် ဖမ်းဆီးမိသည်ကို ဖော်ပြထားခြင်းမရှိပါ။ မည်ကဲ့သို့ဆက်လက်ဆောင်ရွက်မည်ကို လည်း အသိပေးထားခြင်း မရှိသေးပါ။

ဓါတ်ပုံ- GZ Special Task Force
ဓါတ်ပုံ- GZ Special Task Force

GZ Special Task Forceအဖွဲ့သို့ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။

စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်ထုတ်ကုန်များ၊ ၎င်းတို့နှင့်ပတ်သက်ဆက်နွယ်နေသည့်ကုန်ပစ္စ​ည်းများအား သယ်ယူ​ပို့ဆောင်ခြင်းမပြုရန် ဒေသတွင်း PDFများက မကြာခဏ သတိပေးလေ့ရှိသည်။

ဖမ်းဆီးထိန်းသိမ်းထားသော ဆီဘောက်ဆာကားအား ဒေသတွင်းကာကွယ်ရေးအဖွဲ့ဝင်များနှင့်အတူ တွေ့ရစဥ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ဖမ်းဆီးမှုတွင် မူးယစ်ဆေးဝါးဝယ်ရောင်းလုပ်သူများနှင့် စုံးစမ်းနေဆဲ မှုးယစ်ဆေးဝါးသား ကောင် များအား အပြင်းအထန် သတိပေးခဲ့ပြီး ရပ်မိ၊ရပ်ဖများရှေ့တွင် ဝန်ခံကတိများ ပြုလုပ်ခိုင်းကာ ပထမ ဆုံးအကြိမ်အဖြစ် ပြန်လွတ်ပေးခဲ့ကြောင်း အသိပေးသည်။

သတင်း

အကြမ်းဖက်စစ်ကောင်စီသည် ၎င်းတို့ကိုင်စွဲထားသည့် ၂၀၀၈ အခြေခံဥပဒေကို ချိုးဖောက်ပြီး ရွေးကောက်ခံအစိုးရကို ဖယ်ရှားကာ အဓမ္မအာဏာသိမ်းခဲ့ခြင်းဖြစ်ကြောင်း ဥပဒေပညာရှင်များနှင့် နိုင်ငံတကာက ရှုမြင်ထားသည်။

သတင်း

အဆိုပါ စံရှား(ခ)ဟိန်းပြည်စုံသည် Civil People Defence Force(CPDF) အရပ်ဘက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပဲခူးမြို့နယ်၏ တာဝန်ခံတစ်ဦးဖြစ်ပြီး ၎င်းသည် စစ်တပ်လက်ကိုင်တုတ်ဖြစ်သလို အမျို သားရေးအဖွဲ့တွင် ပါဝင်နေသူဖြစ်ကြောင်း ဖော်ပြသည်။

သတင်း

ယခုတကြိမ်တွင် ယာဥ်နှင့် ယာဥ်မောင်းသမားကို လွှတ်ပေးခဲ့သော်လည်း နောက်နောင်တွင် စစ်ကောင်စီနှင့်တန်းတူ အရေးယူသွားမည်ဟု ဇိုမီး PDFက ဖော်ပြထားသည်။