Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

R2Pအရ တပ်ဖွဲ့ဝင်များနှင့် လက်နက်များအမြန်ဆုံးပေးပို့ရန် ကုလလုံခြုံရေးကောင်စီကို NUG နိုင်ငံခြားရေးဝန်ကြီးတောင်းဆို

စစ်အုပ်စုကို တိုးတိုးတိတ်တိတ် ထိတွေ့ဆက်ဆံပြီး တရားဝင်အောင် လုပ်ပေးနေကြတာမျိုး ဒါမှမဟုတ် ထိရောက် မှု မရှိတဲ့ ၀မ်းနည်းကြောင်း ကြေညာချက်တွေသာ ထုတ်ပြန်နေမယ့်အစား ကျွန်မတို့နဲ့ စပြီး စကားပြော ကြပါ။ ဒီလိုလုပ်နေကြတာတွေကကျွန်မတို့ကို ကူညီရာမရောက်ပဲ သေခြင်းနဲ့ ပျက်စီးဆုံးရှံး ရခြင်းတွေဆီကိုသာ နေ့စဉ်တွန်းပို့နေသလိုသာဖြစ်ပါတယ်။

R2Pအရ တပ်ဖွဲ့ဝင်များနှင့် လက်နက်များအမြန်ဆုံးပေးပို့ရန် ကုလလုံခြုံရေးကောင်စီကို NUG နိုင်ငံခြားရေးဝန်ကြီးတောင်းဆို
R2Pအရ တပ်ဖွဲ့ဝင်များနှင့် လက်နက်များအမြန်ဆုံးပေးပို့ရန် ကုလလုံခြုံရေးကောင်စီကို NUG နိုင်ငံခြားရေးဝန်ကြီးတောင်းဆို

လက်တွဲညီစွာတိုက်ပွဲဝင်နေကြသည် တိုင်းရင်းသားလက်နက်ကိုင်များနှင့် ဒီမိုကရေစီအင်အားစုများထံ တပ်ဖွဲ့ဝင်များ၊ လက်နက်များပေးပို့ခြင်းဖြင့် အကာအကွယ်ပေးရန်တာဝန်ရှိမှု(R2P)ကို အမြန်ဆုံးဆောင်ရွက်ရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်က ယနေ့တောင်းဆိုလိုက်သည်။

မင်းအောင်လှိုင်ဦးဆောင်သည့် အကြမ်းဖက်စစ်ကောင်စီကို အမြန်ဆုံးထိရောက်ပြတ်သားစွာ အရေးယူရေးအတွက် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၊ လုံခြုံရေးကောင်စီနှင့် နိုင်ငံတကာအသိုင်းအဝိုင်းသို့ ဝန်ကြီးဒေါ်ဇင်မာအောင်က သတင်းစကားပေးပို့ပြောကြားစဉ် ထည့်သွင်းတောင်းဆို ခြင်းဖြစ်သည်။

အကြမ်းဖက်စစ်တပ်၏ ဝင်ငွေလမ်းကြောင်းများကို ထိရောက်စွာတတ်နိုင်သမျှ ဖြတ်တောက်ရန်၊ စစ်ကောင်စီကို နိုင်ငံတကာကိုယ်စားပြုခွင့် ဆိုင်းငံ့ကာ မည်သည့်နိုင်ငံတကာပလက်ဖောင်းတွင်မဆို စစ်ကောင်စီကိုယ်စားလှယ်ကို မဝင်ရောက်နိုင်ရေး တားဆီးရန်တို့ကို NUG နိုင်ငံခြားရေး ဝန်ကြီးက တောင်းဆိုသည်။

“ကျွန်မတို့ရဲ့ ဒီမိုကရေစီရေးကြိုးပမ်းခဲ့သူ နောင်တော်များအား ကွပ်မျက်ခြင်းအား ရှုတ်ချကြောင်း ကြေငြာချက်များ ကို တန်ဖိုးထားပေမယ့်လည်း လက်တွေ့လုပ်ဆောင်မှုမရှိရင်တော့ အဲဒီကြေငြာချက်တွေဟာ အမိုက်စား စကားလုံးတွေ သက်သက်ပဲဖြစ်ကြပါလိမ့်မယ်။ ထိရောက်တဲ့ ပြတ်ပြတ်သားသားနဲ့ စည်းစည်း လုံးလုံး စုပေါင်း လုပ်ဆောင်မှု ချက်ချင်းလိုအပ်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရကို မြန်မာနိုင်ငံအစိုးရအဖြစ် ချက်ချင်းအသိအမှတ်ပြုပြီး ယနေ့ကမ္ဘာ ပေါ်ရှိ အခြားသော ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသော အစိုးရအားလုံးနှင့် တူညီသည့် အခွင့်အရေး၊ အဆင့်အတန်းဂုဏ်ကိုပေးအပ်ရန်လည်း တရား၀င်ရပိုင်ခွင့်အရ ဝန်ကြီးက တောင်းဆိုသည်။

“ကျွန်မတို့ မှာ နိုင်ငံရဲ့ ငြိမ်းချမ်းတဲ့ အနာဂတ်အတွက် မျှော်မှန်းချက်ရှိပါတယ်။ ကျွန်မတို့မှာ တရားဝင်မှုရှိတယ်။ ကျွန်မတို့မှာ တာဝန်သိစိတ်ရှိတယ်။ ကျွန်မတို့ နိုင်ငံက ပြည်သူတွေရဲ့ ထောက်ခံမှု ရှိတယ်။ ကျွန်မတို့ဟာ အသက်၊ အခွင့်အရေး၊ တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေးအတွက်၊ နားလည်မှု၊ တာဝန်ခံမှုအတွက် အမြဲအလေးထားခဲ့ပါတယ်။ ကျွန်မတို့ အစဉ်အမြဲအလေးထားပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

နောက်ဆုံးတွင် မြန်မာပြည်သူလူထုက အောင်ပွဲရမည်ဖြစ်သည်ကို အပြည့်အ၀ အာမခံကြောင်း နှင့် ငြိမ်းချမ်းမှုနှင့် တရားမျှတမှုတို့ စိုးမိုးလိမ့်မည်ဟု NUG နိုင်ငံခြားရေးဝန်ကြီးက နိုင်ငံတကာ အသိုင်းအဝန်းသို့ သတင်းစကားပါးသည်။

တော်လှန်ရေးအပေါ် မမှိတ်မသုန်ယုံကြည်မှုသည် နိုင်ငံတကာတာဝန်ဝတ္တရားများ၊ အိမ်နီးချင်း နိုင်ငံများ၊ ဒေသတွင်းနှင့် ကမ္ဘာကြီးအတွက် ဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး တို့အတွက် NUG ၏ ခိုင်မာသည့် အဓိက ကတိကဝတ်သာဖြစ်ကြောင်း ဒေါ်ဇင်မာအောင်က ပြောသည်။

တွေ့ဆုံမှုတွေကို လျှို့ဝှက်ထားဖို့၊ စိတ်ရှည်ဖို့၊ မိတ်ဆွေတို့ရဲ့ အာရုံစိုက်မှုအတွက် ကျေးဇူးတင်ပေးဖို့ ကျွန်မတို့ကို တောင်းဆိုသမျှကို ကျွန်မတို့ တချိန်လုံးလေးစားခဲ့ပါတယ်။ ကျွန်မတို့ကို ‘ကူညီပါ။ မိတ်ဆွေတို့ရဲ့ အကူအညီလိုအပ်နေတဲ့ ကျွန်မတို့ ပြည်သူတွေကို ကူညီကြပါ’ လို့ စူး စူးဝါးဝါး မနားတမ်းအော်ဟစ်ပစ်လိုက်ချင်ပါတယ်။

ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းရဲ့ နိဒါန်းမှာ “ကုလသမဂ္ဂသည် လူသားတို့အား မရေမတွက်နိုင်သော ဝမ်းနည်း ပူဆွေးမှုကို ဖြစ်စေသည့်စစ်ဘေးဒဏ်မှ နောင်မျိုးဆက်များကို ကယ်တင်ရန် သန္နိဌာန်ချထားပြီး အခြေခံ လူ့အခွင့်အရေး၊ လူသားတစ်ဦး၏ဂုဏ်သိက္ခာနှင့် တန်ဖိုးရှိမှုကို ယုံကြည်ကြောင်း ထပ်လောင်း အတည်ပြုရန်၊ နိုင်ငံတကာသဘောတူစာချုပ်များနှင့် နိုင်ငံတကာဥပဒေများ၏ အရင်းမြစ်များမှ ထွက်ပေါ် လာသော တရားမျှတမှုနှင့် လေးစားလိုက်နာရမည့် အခြေအနေများကို ထူထောင်စောင့်ရှောက်ရန်၊ ပိုမိုလွတ်လပ် ကောင်းမွန်သော လူမူဘဝအဆင့်အတန်းများကို မြှင့်တင်ရန်”ဖော်ပြထားပါတယ်။ ဒီ ပဋိညာဉ်ကို အကောင် အထည် ဖော်ဖို့ အချိန်တန်ပြီဖြစ်ပါတယ်။

ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေ၊ လုံခြုံရေးကောင်စီနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကိုကျွန်မ အခိုင်အမာ တောင်းဆိုလိုပါတယ်။

ကျွန်မတို့ရဲ့ ဒီမိုကရေစီရေးကြိုးပမ်းခဲ့သူ နောင်တော်များအား ကွပ်မျက်ခြင်းအား ရှုတ်ချကြောင်း ကြေငြာချက်များ ကို တန်ဖိုးထားပေမယ့်လည်း လက်တွေ့လုပ်ဆောင်မှုမရှိရင်တော့ အဲဒီကြေငြာချက် တွေဟာ အမိုက်စား စကားလုံးတွေ သက်သက်ပဲဖြစ်ကြပါလိမ့်မယ်။ ထိရောက်တဲ့ ပြတ်ပြတ်သားသားနဲ့ စည်းစည်း လုံးလုံး စုပေါင်း လုပ်ဆောင်မှု ချက်ချင်းလိုအပ်ပါတယ်။

၁။ ​မင်းအောင်လှိုင်နဲ့ သူ့ရဲ့အကြမ်းဖက်စစ်တပ်ရဲ့ ၀င်ငွေလမ်းကြောင်းတွေကို ထိထိရောက်ရောက် တတ်နိုင် သမျှ ဖြတ်တောက်ပစ်ပေးပါ။

၂။ ​စစ်အာဏာရှင်တွေရဲ့ နိုင်ငံတကာကိုယ်စားပြုမှုအားလုံးကို ဆိုင်းငံ့ထားပြီး မည်သည့် နိုင်ငံတကာ ပလက် ဖောင်း များတွင်မဆို စစ်အစိုးရ၏ ကိုယ်စားလှယ်ကို မ၀င်ရောက်နိုင် စေဖို့တားဆီးပေးကြပါ၊

၃။ ​ကုလသမဂ္ဂ လုံခြုံရေးကောင်စီ (UNSC) ဟာ စည်းလုံးညီညွတ်စွာ လက်တွဲတိုက်ပွဲ၀င် နေကြတဲ့ လူမျိုးစု၊ ဒီမိုကရေစီ အင်အားစုတွေဆီကို တပ်ဖွဲ့ဝင်များနှင့် လက်နက်များပေးပို့ခြင်းဖြင့် အကာအကွယ် ပေးရန်တာဝန်ရှိမှု (R2P)ကို လျင်မြန်စွာ ဆောင်ရွက်ဖို့ လိုအပ်နေပြီဖြစ်ပါတယ်။

၄။ ​အမျိုးသားညီညွတ်ရေးအစိုးရကို မြန်မာနိုင်ငံအစိုးရအဖြစ် ချက်ချင်းအသိအမှတ်ပြုပြီး ယနေ့ကမ္ဘာ ပေါ်ရှိ အခြားသော ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရအားလုံးနဲ့ တူညီတဲ့ အခွင့်အရေး နဲ့ အဆင့်အတန်းဂုဏ်ကိုပေးအပ်ဖို့တရား၀င်ရပိုင်ခွင့်အရတောင်းဆိုပါတယ်။

ကျွန်မတို့ မှာ နိုင်ငံရဲ့ ငြိမ်းချမ်းတဲ့ အနာဂတ်အတွက် မျှော်မှန်းချက်ရှိပါတယ်။ ကျွန်မတို့မှာ တရားဝင်မှုရှိတယ်။ ကျွန်မတို့မှာ တာဝန်သိစိတ်ရှိတယ်။ ကျွန်မတို့ နိုင်ငံက ပြည်သူတွေရဲ့ ထောက်ခံမှု ရှိတယ်။ ကျွန်မတို့ဟာ အသက်၊ အခွင့်အရေး၊ တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေးအတွက်၊ နားလည်မှု၊ တာဝန်ခံမှုအတွက် အမြဲအလေးထား ခဲ့ပါတယ်။ ကျွန်မတို့ အစဉ်အမြဲအလေးထားပါတယ်။

စစ်အုပ်စုကို တိုးတိုးတိတ်တိတ် ထိတွေ့ဆက်ဆံပြီး တရားဝင်အောင် လုပ်ပေးနေကြတာမျိုး ဒါမှမဟုတ် ထိရောက် မှု မရှိတဲ့ ၀မ်းနည်းကြောင်း ကြေညာချက်တွေသာ ထုတ်ပြန်နေမယ့်အစား ကျွန်မတို့နဲ့ စပြီး စကားပြော ကြပါ။ ဒီလိုလုပ်နေကြတာတွေကကျွန်မတို့ကို ကူညီရာမရောက်ပဲ သေခြင်းနဲ့ ပျက်စီးဆုံးရှံး ရခြင်းတွေဆီကိုသာ နေ့စဉ်တွန်းပို့နေသလိုသာဖြစ်ပါတယ်။

ကျွန်မတို့ပြည်သူတွေဟာ ရွှေ့ပြောင်း ဒုက္ခသည် (IDP) စခန်းတွေမှာ သေဆုံးကြ၊ ကိုယ့်ကိုကိုယ်ကို ကာကွယ်ဖို့ ကြိုးစားရင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များမှာ ကျဆုံးနေကြရတဲ့အချိန်မှာ စစ်အာဏာရှင်တွေ အုပ်စိုးမှုက လွတ်မြောက်ရေး ကျွန်မတို့ရဲ့ဆန္ဒကို အကောင်အထည်ဖော်ဖို့အတွက် ဖြစ်နိုင်ခြေရှိတဲ့ နိုင်ငံရေးနှင့် သံတမန် နည်းလမ်း အားလုံးကို အသုံးပြုပေးကြပါလို့ နိုင်ငံတကာလုပ်ဖော်ကိုင်ဖက်မိတ်ဆွေများအား တောင်းဆို လိုက် ပါတယ်။

အပြီးသတ်ပြောရရင် မြန်မာပြည်သူပြည်သားတွေ အောင်ပွဲရမှာဖြစ်တယ်ဆိုတာကိုအပြည့်အ၀ အာမခံ ပါတယ်။ ငြိမ်းချမ်းမှုနဲ့တရားမျှတမှုတို့ စိုးမိုးပါလိမ့်မည်။ ပြီးတော့ ကျွန်မတို့ မြန်မာနိုင်ငံကို ဒီမိုကရေစီရဲ့ ရှေ့ပြေး ခေါင်းဆောင် နိုင်ငံတွေ ကြားထဲမှာ နေရာပြန်ယူနိုင်စေမှာဖြစ်တယ်။။ ကျွန်မတို့ရဲ့ တော်လှန်ရေး အပေါ် မမှိတ်မသုန် ယုံကြည်မှုဟာ ကျွန်မတို့ရဲ့ နိုင်ငံတကာတာဝန်ဝတ္တရားတွေ၊ အိမ်နီးချင်း နိုင်ငံများ၊ ဒေသတွင်းနဲ့ ကမ္ဘာကြီးအတွက် ဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး တို့အတွက် ကျွန်မတို့ရဲ့ ခိုင်မာတဲ့ အဓိက ကတိကဝတ် ပဲဖြစ်ပါတယ်။

ကျေးဇူးတင်ပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အာဆီယံနိူင်ငံတစ်နိုင်ငံမှ နိူင်ငံခြား​ရေးဝန်ကြီးကိုယ်တိုင်မြန်မာ့ဒီမိုက​ရေစီအ​ရေးအတွက် ပြုလုပ်​သောအခမ်းအနားသို့တက်​ရောက်ခြင်းမှာ သံတမန်​​လောကတွင်ထူးခြား​သောဖြစ်ရပ်ဖြစ်ပြီး မ​လေးရှားနိူင်ငံခြား​ရေးဝန်ကြီး၏ မြန်မာပြည်သူများအ​ပေါ် အ​လေးထားမှုမှာချီးကျူး အသိအမှတ်ပြုစရာဖြစ်​ကြောင်းသံတမန်တစ်ဦးက​ပြောသည်။

သတင်း

မြန်မာအသိုင်းအဝန်းရှိ တော်လှန်ရေးအားပေးထောက်ခံသူများက NUG ကိုယ်စားလှယ်ရုံးအတွက် ပရိဘောဂ၊ အသုံးအဆောင်ပစ္စည်းများနှင့် ရုံးခန်းငှားရမ်းခကို လှူဒါန်းထားခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီ၏ လက်အောက်ခံ မြန်မာသံရုံးနှင့် ၂ ကီလိုမီတာခန့်သာ ကွာဝေးသည် ဟုဆိုသည်။

သတင်း

ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ ဗြိတိန်၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးများနှင့် ဥရောပသမဂ္ဂ အဆင့်မြင့်ကိုယ်စားလှယ်တို့က ယနေ့ထုတ်ပြန်လိုက်သော ကြေညာချက်၌ မြန် မာစစ်တပ်၏ အာဏာသိမ်းမှုကို ဆက်လက်၍ အပြင်းထန်ဆုံးကန့်ကွက်ရှုတ်ချကြောင်း ဖော်ပြ သည်။

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလက အရေးပေါ် နိုင်ငံတော် အခြေပြမိန့်ခွန်းကိုယ​နေ့ညပြောကြားခဲ့ရာ အာဏာရှင်ဖယ်ရှားရေး အဆုံးသတ်တိုက်ပွဲ ဆင်နွှဲချိန်ရောက်ပြီဟု အသိပေးကာ နိုင်ငံတကာအနေဖြင့် မြန်မာပြည်သူများအား နည်းပညာ ၊ လက်နက်၊ ငွေကြေး ထောက်ပံ့ကြရန်တောင်းဆိုခဲ့သည်။