Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီထုတ်ကုန် ဒဂုံဘီယာများကို ဇိုမီး PDFနှင့် ကလေးမြို့ရဲတပ်ဖွဲ့ (KPS)တို့ ဖမ်းဆီးပြီး ဖျက်ဆီး

ယခုတကြိမ်တွင် ယာဥ်နှင့် ယာဥ်မောင်းသမားကို လွှတ်ပေးခဲ့သော်လည်း နောက်နောင်တွင် စစ်ကောင်စီနှင့်တန်းတူ အရေးယူသွားမည်ဟု ဇိုမီး PDFက ဖော်ပြထားသည်။

ဓာတ်ပုံ - People's Defense Force - Zomi / Zomi PDF
ဓာတ်ပုံ - People's Defense Force - Zomi / Zomi PDF

ဇိုမီး PDFနှင့် ကလေးမြို့ပြည်သူ့ရဲတပ်ဖွဲ့ (KPS)တို့ ပူးပေါင်းပြီး စစ်ကောင်စီ ထုတ်ကုန် ဒဂုံဘီယာ များကို ဖမ်းဆီးဖျက်ဆီးခဲ့ကြောင်း ဇိုမီး PDFက သတင်းထုတ်ပြန်သည်။

နယ်မြေလုံခြုံရေးအတွက် စစ်ဆေးမှုများဆောင်ရွက်နေစဉ် စစ်ကောင်စီထုတ် ဒဂုံဘီယာနှင့် အခြားထုတ်ကုန်များကို သယ်ဆောင်လာသည့်ကားတစ်စီးကို ဇူလိုင် ၂၆ ရက်က ဖမ်းဆီးမိခြင်းဖြစ်သည်ဟု ထုတ်ပြန်သည်။

ဓာတ်ပုံ - People's Defense Force - Zomi / Zomi PDF
ဓာတ်ပုံ – People’s Defense Force – Zomi / Zomi PDF

အဆိုပါ ယာဥ်နှင့် ယာဥ်မောင်းသမားကို ပြန်လည်လွှတ်ပေးခဲ့သော်လည်း စစ်ကောင်စီ ထုတ်ကုန်များကို ဖမ်းမိသည့်နေရာတွင် ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု ဇိုမီး PDFက ဆိုသည်။

ယခုတကြိမ်တွင် ယာဥ်နှင့် ယာဥ်မောင်းသမားကို လွှတ်ပေးခဲ့သော်လည်း နောက်နောင်တွင် စစ်ကောင်စီနှင့်တန်းတူ အရေးယူသွားမည်ဟု ဇိုမီး PDFက ဖော်ပြထားသည်။

ဓာတ်ပုံ - People's Defense Force - Zomi / Zomi PDF
ဓာတ်ပုံ – People’s Defense Force – Zomi / Zomi PDF

ကလေးမြို့နှင့် ချိတ်ဆက်ထားသည့် ချင်းတောင်မြို့များကြားတွင် စစ်ကောင်စီ တပ် ထုတ်ကုန်များဖြစ်သည့် မြန်မာဘီယာ၊ ဒဂုံဘီယာ၊ Red Ruby စသည့်တို့ကို ဒေသခံကာကွယ်ရေးတပ်များက တင်းတင်းကျပ်ကျပ်တားမြစ် စစ်ဆေးနေခြင်းဖြစ်သည်။

ဓာတ်ပုံ - People's Defense Force - Zomi / Zomi PDF
ဓာတ်ပုံ – People’s Defense Force – Zomi / Zomi PDF

စစ်အာဏာရှင်ဆန့်ကျင်နေသည့် ပြည်သူများက စစ်ကောင်စီထုတ်ကုန်များကို အသုံးမပြုရန် သပိတ်မှောက်နေခြင်းဖြစ်သည်။ ကာကွယ်ရေးတပ်ဖွဲ့များ ကလည်း စစ်ကောင်စီထုတ်ကုန်များကို သယ်ယူရောင်းချခြင်းမပြုရန် တားမြစ်ထားခြင်းဖြစ်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ကောင်စီ အဆိုပြုထားသည့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေး လမ်းစဉ်နှင့် လည်းလုံး၀ ဆန့်ကျင်နေသောကြောင့် စစ်ကောင်စီ လုပ်ရပ်ကို ပြင်းထန်စွာ ကန့်ကွက်ကြောင်း MNDAA၊ AAနှင့် TNLA တို့က ထုတ်ပြန်သည်။

သတင်း

အထက်ပါ ပျူစောထီးအဖွဲ့ဝင်အား ပစ်ခတ်ရှင်းလင်းခဲ့သည့် ဇူလိုင် ၂၆ ရက် နံနက် ၉ နာရီခန့်ကလည်း ချိုးဖြူပြောက်ကျားတပ်ဖွဲ့မှ ပင်းတယမြို့ ထွေအုပ်ရုံးကို ဗုံးပစ်တိုက်ခိုက်ခဲ့သော်လည်း Error ဖြစ်ပြီး ပေါက်ကွဲခြင်း မရှိခဲ့ပေ။

သတင်း

လတ်တလော စစ်ရေးအခြေအနေများကြောင့် ပခုက္ကူ-မြိုင်လမ်းမကြီးအား ယာယီပိတ်ထား ကြောင်း ပခုက္ကူမြို့ပြ ပြောက်ကျားတပ်က ယနေ့တွင် အသိပေးထားသည်။

သတင်း

အကြမ်းဖက်စစ်ကောင်စီ၏လုပ်ရပ်သည် စစ်ဘက်ဆိုင်ရာ ရာဇဝတ်မှုများကို ကျူးလွန်ခြင်း၊ လူ့အခွင့်အရေးနှင့် လူသားမျိုးနွယ်အားလုံးအပေါ်ဆန့်ကျင်သည့် ရာဇဝတ်မှုဖြစ်၍ KRF မှ ပြင်းထန်စွာကန့်ကွက်ရှို့ချသည်ဟု ထုတ်ပြန်သည်။