Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကိုင်းက ဓာတ်ပုံဆရာ တစ်ဦးကို စစ်ကောင်စီတပ် ဖမ်းဆီးသတ်ဖြတ်

ကိုအေးကျော်ဟာ ဓာတ်ပုံ ၊ဗီဒီယို ရိုက်ကူးရေးနဲ့အသက်မွေးသူဖြစ်ပြီး နွေဦးတော်လှန်ရေး လူထုဆန္ဒပြပွဲတွေကို မှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့တယ်လို့သိရပါတယ်။

စစ်ကိုင်းက ဓာတ်ပုံဆရာ တစ်ဦးကို စစ်ကောင်စီတပ် ဖမ်းဆီးသတ်ဖြတ်
စစ်ကိုင်းက ဓာတ်ပုံဆရာ တစ်ဦးကို စစ်ကောင်စီတပ် ဖမ်းဆီးသတ်ဖြတ်

စစ်ကိုင်းက ဓာတ်ပုံဆရာ ကိုအေးကျော်( ဟေမာန်)ကို နေအိမ်မှာ စစ်အုပ်စု က မနေ့က မနက်ပိုင်း လာရောက်ဖမ်းဆီးပြီးနောက် သတ်ပစ်လိုက်တယ်လို့ မိသားစုဝင်တွေနဲ့နီးစပ်သူတွေထံကသိရပါတယ်။

စစ်ကိုင်းမြို့ ၊အောင်ချမ်းသာရပ်ကွက်မှာ နေထိုင်တဲ့ ကိုအေးကျော်ကို ဇူလိုင်လ ၃၀ ရက် မနက် ၂ နာရီမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလာရောက်ဖမ်းဆီးသွားတာပါ။

ဖမ်းဆီးသတ်ဖြတ်ပြီးနောက် အလောင်းကို လမ်းဘေးမှာစွန့်ပစ်ခဲ့ပါတယ်။ စွန့်ပစ်အလောင်းကိုတွေ့ရသူတွေက ဆေးရုံကိုပို့ဆောင်ပေးခဲ့ရပါတယ်။ အဲဒီနောက် အလောင်းကို နေအိမ် ဆီ လူမှုကူညီရေးအသင်းနဲ့ ပြန်ပို့လာတယ်လို့သိရပါတယ်။

“အလောင်းကိုသယ်ပေးဖို့ ရင်ခွဲရုံက အကြောင်းကြားလို့ လူမှုကူညီရေးအသင်းက သယ်ပေးသွားတာ” လို့လူမှုကူညီရေးအသင်းနဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။

ကိုအေးကျော်ကိုဖမ်းဆီးသတ်ဖြတ်တဲ့အကြောင်းရင်းကိုမသိရသေးပါဘူး။

ကိုအေးကျော်ဟာ ဓာတ်ပုံ ၊ဗီဒီယို ရိုက်ကူးရေးနဲ့အသက်မွေးသူဖြစ်ပြီး နွေဦးတော်လှန်ရေး လူထုဆန္ဒပြပွဲတွေကို မှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့တယ်လို့သိရပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ယမန်နေ့တွင်ပြုလုပ်သော ကျဆုံးသူရဲကောင်းလေးဦးနှင့် မြန်မာ့တော်လှန်ရေးကို ဂုဏ်ပြုအား ပေးထောက်ခံပွဲ၌ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က တိုက်တွန်းပြော ကြားခဲ့ခြင်းဖြစ်သည်။

သတင်း

အပြန်အလှန်ထိတွေ့တိုက်ပွဲဖြစ်ပွားမှု ၁နာရီခွဲခန့် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီ တပ်သား ၁၁ ဦးခန့် သေဆုံးနိုင်ကြောင်း အနောက်မြောက်တိုင်းမဟာမိတ် PDFတပ်ပေါင်းစုက ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီတပ်သည် စစ်ကြောင်းနှစ်ခုဖြင့် လွိုင်ကော် - ဒီမောဆိုလမ်းမကြီး ကို ယမန်နေ့(ဇူလိုင် ၃၀ ရက်)ကစ၍ ပြန်လည် ထိန်းချုပ်ရန် ကြိုးပမ်းနေ ကြောင်းလည်း KNDF တာဝန်ရှိသူတစ်ဦးက ပြောထားသည်။

သတင်း

"အဲဒီမီးသတ်မှာက စစ်ခွေးတွေက အမြဲ‌လာနေကြပါ။အခုလည်း သူတို့ရောက် နေတယ်လို့ သတင်းရရှိလို့လက်ပစ် ဗုံးတစ်လုံးနဲ့ ပစ်ထည့်ဖောက်ခွဲခဲ့တာပါ"ဟု မြိတ်(ပကဖ)မှ ရဲဘော်တစ်ဦးက ပြောသည်။