Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖမ်းဆီးခံရသည့် ဂျပန်နိုင်ငံသားအပါအဝင် လူငယ်သုံးဦး ပြန်လွှတ်ပေးရေး ဂျပန်နိုင်ငံခြားရေးဝန်ကြီးရုံးရှေ့၌ ဆန္ဒပြတောင်းဆို

ရန်ကုန်မြို့ ဒဂုံမြို့သစ်တောင်ပိုင်းတွင် ယမန်နေ့ (ဇူလိုင် ၃၀) ညနေပိုင်း၌ “အမှန်တရားကို အမှားတစ်ရာဖမ်းထားသည်” ခေါင်းစဥ်ဖြင့်ပြုလုပ်သည့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲ အပြီးတွင်ဂျပန်နိုင်ငံသားတစ်ဦး အပါအဝင်ဆန္ဒပြလူငယ် သုံးဦး စစ်ကောင်စီ၏ အကြမ်းဖက် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

ဓာတ်ပုံ - Ko Thant Zaw Htet /Facebook
ဓာတ်ပုံ - Ko Thant Zaw Htet /Facebook

ရန်ကုန်မြို့ တောင်ဒဂုံမြို့နယ်တွင် ယမန်နေ့က အကြမ်းဖက် စစ်ကောင်စီ၏ မတရားသဖြင့် ဖမ်းဆီးခံရသည့် ဂျပန်နိုင်ငံသားအပါအဝင် လူငယ် သုံးဦးအား လွှတ်ပေးရေး ပြည်ပရောက် မြန်မာများက ယနေ့ (ဇူလိုင် ၃၁) နံနက်ပိုင်းတွင် ဂျပန်နိုင်ငံခြားရေးဝန်ကြီးရုံးရှေ့၌ ဆန္ဒပြ တောင်းဆိုခဲ့ကြသည်။

ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများက ဖမ်းဆီးခံရသည့် ဂျပန်နိုင်ငံသား Toru Kubota၊ နွေဦးအိန္ဒြေ နှင့် ဝေယံထက်တို့၏ ရုပ်ပုံများကို ကိုင်ဆောင်ပြီး ဂျပန်နိုင်ငံအနေဖြင့် ဖမ်းဆီးခံလူငယ်များအား အစွမ်းကုန် ကာကွယ်ပေးရန်၊ အဖမ်းဆီးခံ ဂျပန်လူမျိုးနှင့်အတူ လူငယ်များကို လူ့အခွင့်အရေးအပြည့်အဝရရှိ ခံစားနိုင်စေရန်နှင့် ဥပဒေမဲ့နှိပ်စက်ညှဉ်းပန်းသည်မျိုးကို အမြန်ဆုံးတားဆီး ပေးရန် တောင်းဆိုဆန္ဒပြခဲ့ကြသည်။

“မနေ့က တောင်ဒဂုံမှာ ဂျပန်လူမျိုးဓာတ်ပုံသတင်းထောက်နဲ့အတူ ညီမလေး တစ်ယောက်နဲ့ ညီလေးတယောက်ပါ အဖမ်းခံခဲ့ရပါတယ်။ ဖမ်းခံထိတဲ့ ​ကလေးတွေကို လူမြင်ကွင်းမှာတင် လမ်းမပေါ်မျက်နှာအပ်ပြီးသေနတ်ဒင်နဲ့ ခေါင်းကိုမြင်မကောင်းအောင် ရိုက်နှက်ခဲ့တာ ဖြစ်တဲ့အတွက် အသက်အန္တရာယ် စိုးရိမ်စရာကောင်းပါတယ်။ သူတို့ကို အစွမ်းကုန်ကာကွယ်ဖို့နဲ့ အဖမ်းဆီးခံ ဂျပန်လူမျိုးနဲ့အတူ တခြားသူတွေကိုပါ လူ့အခွင့်အရေးအပြည့်အဝရရှိခံစားနိုင်ဖို့၊ ဥပဒေမဲ့နှိပ်စက်ညှဉ်းပန်းတာမျိုးကို အမြန်ဆုံးတားဆီးပေးဖို့ကို ဂျပန်နိုင်ငံခြားရေးရုံးရှေ့မှာ ဆန္ဒဖော်ထုတ်တောင်းဆိုနေကြတာ ဖြစ်တယ် “ဟု ဂျပန်နိုင်ငံရောက် ကိုသန့်ဇော်ထက်က လူမှုကွန်ရက်၌ ဖော်ပြခဲ့သည်။

ရန်ကုန်မြို့ ဒဂုံမြို့သစ်တောင်ပိုင်းတွင် ယမန်နေ့ (ဇူလိုင် ၃၀) ညနေပိုင်း၌ “အမှန်တရားကို အမှားတစ်ရာဖမ်းထားသည်” ခေါင်းစဥ်ဖြင့်ပြုလုပ်သည့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲ အပြီးတွင်ဂျပန်နိုင်ငံသားတစ်ဦး အပါအဝင်ဆန္ဒပြလူငယ် သုံးဦး စစ်ကောင်စီ၏ အကြမ်းဖက် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

အကြမ်းဖက် စစ်တပ်၏ မတရားဖမ်းဆီးခံရသည့် Mr Toru Kubota အပါအဝင် ဆန္ဒပြလူငယ်များအတွက် ဂျပန်ရောက် ဒီမိုကရေစီအရေး လိုလားသူ မြန်မာနိုင်ငံသားများက ဂျပန်နိုင်ငံခြားရေးဝန်ကြီးရုံးရှေ့၌ ယနေ့တွင် အရေးပေါ် ကန့်ကွက်ဆန္ဒပြပွဲ ပြုလုပ်နေခြင်း ဖြစ်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ပြည်သူများလည်း တက်ကြွစွာ ပါဝင်ခဲ့သည့်အတွက် အားတက်မိကြောင်း ရန်ကုန်သပိတ် လှုပ်ရှားသူပြော ရန်ကုန်မြို့တွင် အကြမ်းဖက်စစ်ကောင်စီက လုံခြုံရေးများ တင်းကြပ်နေသည့် ကြားမှ တော်လှန်လူငယ်များသည် ယနေ့ (ဇူလိုင် ၃၁) ညနေပိုင်း၌ YBS ကားပေါ်၌ ပြည်သူလူထုနှင့်အတူ “လူထုသစ္စာအဓိဌာန်ပြုပွဲ” လှုပ်ရှားမှု ပြုလုပ်ခဲ့ကြသည်။ လူငယ်များက တော်လှန်ရေးတွင်...

သတင်း

ယနေ့ ညနေ ၃ နာရီခွဲဝန်းကျင်တွင် ဒဂုံမြို့သစ်တောင်ပိုင်း၌ ကျောင်းသားလူငယ်များ ဦးဆောင်၍ "အမှန်တရားကို အမှားတစ်ရာဖမ်းထားသည်" ဆိုသည့် စာတန်းဖြင့် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲ ပြုလုပ်ခဲ့သည်။

သတင်း

စစ်အုပ်စုကို တိုးတိုးတိတ်တိတ် ထိတွေ့ဆက်ဆံပြီး တရားဝင်အောင် လုပ်ပေးနေကြတာမျိုး ဒါမှမဟုတ် ထိရောက် မှု မရှိတဲ့ ၀မ်းနည်းကြောင်း ကြေညာချက်တွေသာ ထုတ်ပြန်နေမယ့်အစား ကျွန်မတို့နဲ့ စပြီး စကားပြော ကြပါ။ ဒီလိုလုပ်နေကြတာတွေကကျွန်မတို့ကို ကူညီရာမရောက်ပဲ သေခြင်းနဲ့ ပျက်စီးဆုံးရှံး ရခြင်းတွေဆီကိုသာ နေ့စဉ်တွန်းပို့နေသလိုသာဖြစ်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်ထုတ်ကုန်များ၊ ၎င်းတို့နှင့်ပတ်သက်ဆက်နွယ်နေသည့်ကုန်ပစ္စ​ည်းများအား သယ်ယူ​ပို့ဆောင်ခြင်းမပြုရန် ဒေသတွင်း PDFများက မကြာခဏ သတိပေးလေ့ရှိသည်။