Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရေးမြို့ဘက်မောင်းနှင်လာသော စစ်ကောင်စီတပ်ယာဥ်တန်းကို ပစ်ခတ် တိုက်ခိုက်ခံရပြီး ခြောက်ဦးသေဟုဆို

ယနေ့နံနက် ၁၁ နာရီကျော်က သံဖြူဇရမ်မြို့ဘက်မှ ရေးမြို့နယ်ဘက်သို့ မောင်းနှင်လာသော စစ်ကောင်စီတပ်များလိုက်ပါသည့် ဖောကားနှစ်စီးနှင့် အိမ်စီးကားတစ်စီးတို့အား အောင်သာရွာနှင့် ကဖော့ကနင်ရွာကြားတွင် မဟာ မိတ်များနှင့်အတူ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြ သည်။

ရေးမြို့ဘက်မောင်းနှင်လာသော စစ်ကောင်စီတပ်ယာဥ်တန်းကို ပစ်ခတ် တိုက်ခိုက်ခံရပြီး ခြောက်ဦးသေဟုဆို
ရေးမြို့ဘက်မောင်းနှင်လာသော စစ်ကောင်စီတပ်ယာဥ်တန်းကို ပစ်ခတ် တိုက်ခိုက်ခံရပြီး ခြောက်ဦးသေဟုဆို

မွန်ပြည်နယ် သံဖြူဇရပ်ဘက်မှ ရေးမြို့နယ်ဘက်သို့ မောင်းနှင်လာသော အကြမ်းဖက်စစ်ကောင်စီ တပ်များလိုက်ပါလာသည့် ယာဥ်တန်းကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း YGF ရေးပြောက်ကျားတပ် ဖွဲ့က ယနေ့(သြဂုတ် ၄)ထုတ် ပြန်သည်။

ယနေ့နံနက် ၁၁ နာရီကျော်က သံဖြူဇရမ်မြို့ဘက်မှ ရေးမြို့နယ်ဘက်သို့ မောင်းနှင်လာသော စစ်ကောင်စီတပ်များလိုက်ပါသည့် ဖောကားနှစ်စီးနှင့် အိမ်စီးကားတစ်စီးတို့အား အောင်သာရွာနှင့် ကဖော့ကနင်ရွာကြားတွင် မဟာ မိတ်များနှင့်အတူ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြ သည်။

အဆိုပါတိုက်ခိုက်မှုကြောင့် ယာဥ်ပေါ်တွင်လိုက်ပါလာသည့် စစ်ကောင်စီ တပ်သား ခြောက်ဦးခန့် သေဆုံးပြီး အများဒဏ်ရာရသွားကြောင်း ဖော်ပြသည်။

“စကစယာဥ်တန်းတွေနဲ့ အနီးကပ်မလိုက်ဖို့နဲ့ ရောနှောမသွားလာဖို့ ပြည်သူကိူ အသိပေးချင် ပါတယ်။ ကျွန်တော်တို့အနေနဲ့က အများပြည်သူနစ်နာမှုကို ရှောင်ရှားပေမယ့် စကစဘက်က ဖြစ်လာရင် ရှောင်ရှာမှာ အဟုတ်လို့ ကျနော်တို့အနေနဲ့ အများပြည်သူနစ်နာမှာကို မလိုလားလို့ ပြောကြား အသိပေး ချင်ပါတယ်။ ပြည်သူတွေအနေနဲ့ လိုက်နာပေးပါလို့ တောင်းဆိုပါတယ်”ဟု YGF ရေးပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်တစ်ဦးက သတင်းစကားပါးသည်။

အထက်ပါတိုက်ခိုက်မှုတွင် YGF ရေးပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်တစ်ဦး လက်တွင်ထိခိုက် ဒဏ်ရာရခဲ့ပြီး ကျန်ရဲဘော်များအားလုံး အထိအခိုက်မရှိ ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

မြိုင်မြို့နယ်၊ ကျောက်ဆောက်ကျေးရွာကို ယမန်နေ့ (သြဂုတ်၄ရက်)က စစ်ကောင်စီတပ်နှင့် ပျူစောထီးများသည် ရဟန်းသံဃာအယောင်ဆောင် များဖြင့်ဝင်၍ ဒေသခံပြည်သူ ၂၇ ဦးခန့် ဖမ်းဆီးထားကြောင်း မြိုင်(ပ.က.ဖ)က အသိပေးထားသည်။

သတင်း

ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ ထိခိုက်ကျဆုံးမှု မရှိသော်လည်း စစ်ကောင်စီဘက်မှ လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်လာ၍ ဆုတ်ခွာခဲ့ရကြောင်း ဒေသတွင်းအဖွဲ့များက အသိပေးထားသည်။

သတင်း

ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တပ်ရင်း- ၁(Royal Eagle) တပ်ခွဲ၊ ပုံတောင် Tiger တပ်ခွဲနှင့် တောင်ပေါ်ပုဏ္ဍက တပ်ခွဲတို့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

သတင်း

အထိနာသည့် စစ်ကောင်စီတပ်သည် (၅၅)မိုင်ရွာအတွင်းမှ အပြစ်မဲ့ ပြည်သူအချို့ကို ဖမ်းဆီးထားပြီး ညပိုင်းတွင် ရာဇဂြိလ်ရွာအတွင်း လက်နက်ကြီးများ ပစ်ခတ်၍ ဝင်ရောက်မွှေနှောက်ခဲ့ရာ ကလေး PDF တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်းအသိပေးထားသည်။