Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ပလော့စီရဲ့ ထိုင်ဝမ် ခရီးစဉ်ကို ကန့်ကွက်ကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ထုတ်ပြန်

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကန်ကတော့ ထိုင်ဝမ်ကို သွားရောက်ချင်တဲ့ ကိစ္စဟာ အောက်လွှတ်တော် ဥက္ကဋ္ဌ တစ်ဦးတည်းရဲ့ ဆန္ဒသာဖြစ်ပြီး အမေရိကန် အစိုးရရဲ့ တိုက်ရိုက် သဘောထားတော့ မဟုတ်ဘူးလို့ ဩဂုတ် ၁ ရက်နေ့တုန်းက ပြောကြားထားပါတယ်။

ပလော့စီရဲ့ ထိုင်ဝမ် ခရီးစဉ်ကို ကန့်ကွက်ကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ထုတ်ပြန်
ပလော့စီရဲ့ ထိုင်ဝမ် ခရီးစဉ်ကို ကန့်ကွက်ကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ထုတ်ပြန်

ထိုင်ဝမ်ကို ရောက်ရှိလာတဲ့ အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီပလော့စီရဲ့ ခရီးစဉ်ကို တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြင်းပြင်းထန်ထန် ကန့်ကွက်လိုက်ပါတယ်။

ထိုင်ဝမ်ကို ပလော့စီ သွားရောက်ခဲ့တာဟာ တရုတ်-အမေရိကန် နိုင်ငံရေး အခြေခံ အုတ်မြစ်တွေကို အကြီးအကျယ် ထိခိုက်စေပြီး တရုတ် နိုင်ငံရဲ့ အချုပ်အခြာ အာဏာကို အပြင်းအထန် ချိုးဖောက်ရာ ရောက်နေတယ်လို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ထိုင်ဝမ်ဟာ သီးခြား လွတ်လပ်တဲ့ နိုင်ငံတစ်ခုအဖြစ် ရပ်တည်လိုပေမယ့် တရုတ်ကတော့ ရေလက်ကြား တစ်ခုသာခြားတဲ့ ကျွန်းနိုင်ငံကို လက်အောက်ခံ နယ်မြေတစ်ခု အနေနဲ့ သတ်မှတ်ထားပါတယ်။

ပလော့စီရဲ့ ခရီးစဉ်ဟာ ထိုင်ဝမ် ရေလက်ကြားတလျှောက် ငြိမ်းချမ်းရေးနဲ့ နယ်မြေတည်ငြိမ်ရေး ကဏ္ဍတွေကို အကြီးအကျယ် ဆုတ်ယုတ် ထိခိုက်စေပြီး ထိုင်ဝမ် လွတ်လပ်ရေးဆိုတဲ့ ခွဲထွက်ရေး အင်အားစုတွေရဲ့ မျှော်လင့်ချက် အမှားတွေအတွက် ရှေ့ဆောင်လမ်းပြသဘော ဖြစ်နေစေကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဆိုပါတယ်။

တရုတ် အစိုးရ အနေနဲ့ ပလော့စီရဲ့ ခရီးစဉ်ကို ခိုင်ခိုင်မာမာ ဆန့်ကျင်ပြီး အပြင်းအထန် ရှုတ်ချကြောင်း၊ ဒီကိစ္စနဲ့ ပတ်သက်လို့ အမေရိကန် အစိုးရဆီကိုလည်း ကန့်ကွက် ဆန္ဒပြသွားမှာဖြစ်ကြောင်း တရုတ်ဖက်က ထုတ်ပြန်ချက်မှာ ပါရှိနေပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကန်ကတော့ ထိုင်ဝမ်ကို သွားရောက်ချင်တဲ့ ကိစ္စဟာ အောက်လွှတ်တော် ဥက္ကဋ္ဌ တစ်ဦးတည်းရဲ့ ဆန္ဒသာဖြစ်ပြီး အမေရိကန် အစိုးရရဲ့ တိုက်ရိုက် သဘောထားတော့ မဟုတ်ဘူးလို့ ဩဂုတ် ၁ ရက်နေ့တုန်းက ပြောကြားထားပါတယ်။

လွှတ်တော်ဟာ အစိုးရ ယန္တရားရဲ့ အမှီအခိုကင်းပြီး ဟန်ချက် ထိန်းညှိပေးတဲ့ အစိတ်အပိုင်း တစ်ခုဖြစ်ကြောင်း၊ ခရီးစဉ်နဲ့ ပတ်သက်လို့ကတော့ အောက်လွှတ်တော် ဥက္ကဋ္ဌ တစ်ဦးတည်းရဲ့ ဆုံးဖြတ်ချက်သာဖြစ်ကြောင်း ဘလင်ကန်က မှတ်ချက် ပေးခဲ့ပါတယ်။ နောက်ပြီး အိမ်ဖြူတော်ကလည်း ပလော့စီရဲ့ ထိုင်ဝမ် ခရီးစဉ်ကို အကြောင်းပြုပြီး ဒေသတွင်း တင်းမာမှုတွေ မြင့်တက်လာစေမယ့် အပြုအမူမျိုးတွေ မလုပ်ဖို့လည်း တရုတ်ကို ရည်ရွယ် သတိပေးထားပါသေးတယ်။

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က အမေရိကန် စစ်တပ် အနေနဲ့ လက်ရှိကာလဟာ ပလော့စီတစ်ယောက် ထိုင်ဝမ်ကို သွားရောက်ဖို့ အချိန်အခါကောင်းလို့ မယူဆကြောင်း၊ ဒါပေမဲ့ အောက်လွှတ်တော် ဥက္ကဋ္ဌရဲ့ သဘောဆန္ဒကို တိုက်ရိုက် စွက်ဖက်တာမျိုး မလုပ်ဖို့ ဆုံးဖြတ်ခဲ့ကြောင်း နီးစပ်သူတွေဆီ ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ပလော့စီရဲ့ ခရီးစဉ်ကို အမေရိကန် သမ္မတက စီစဉ် စေလွှတ်တာမျိုး မဟုတ်ပေမယ့် တရုတ် အစိုးရကတော့ ဒါဟာ အမေရိကန် အစိုးရရဲ့ တရားဝင် ခရီးစဉ် တစ်ခုလို့ သဘောထား တုံ့ပြန်လာဖွယ် ရှိနေကြောင်း အိမ်ဖြူတော် အရာရှိ တချို့က မှတ်ချက် ပေးထားပါတယ်။ နောက်ပြီး ပလော့စီရော၊ ဘိုင်ဒန်ပါ ဒီမိုကရက် ပါတီဝင် နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်ကြပါတယ်။

ပလော့စီဟာ လွှတ်တော်ထဲမှာတော့ တရုတ်ကို အမြင်မကြည်သူ တစ်ယောက်အဖြစ် ထင်ရှားပြီး တရုတ်နဲ့ ဆက်စပ် နယ်မြေတွေက ဒီမိုကရေစီရေး လှုပ်ရှားမှုတွေကို အားပေးလေ့ ရှိခဲ့ပါတယ်။ မကြာသေးခင် နှစ်ပိုင်းတွေအတွင်း တရုတ် လက်အောက်ခံ ဟောင်ကောင်ဒေသက ဒီမိုကရေစီရေး လှုပ်ရှား ဆန္ဒပြမှုတွေကိုလည်း ပလော့စီက အင်တိုက်အားတိုက် ထောက်ခံခဲ့ကြောင်း သိရပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

နိုင်ငံတကာ

ပလော့စီဟာ အာရှလေးနိုင်ငံကို လှည့်လည်သွားလာမယ့် အလည်အပတ် ခရီးစဉ်ကနေ ခွဲထွက်ပြီး ထိုင်ဝမ်ကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ သူဟာ ၂၅ နှစ်တာအတွင်း ထိုင်ဝမ်မြေကို ခြေချဖူးတဲ့ ရာထူး အမြင့်ဆုံး အမေရိကန် အရာရှိအဖြစ် မှတ်တမ်း ဝင်ခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်ဝမ်ကျွန်းကို ပိုင်နက်နယ်မြေအဖြစ် သတ်မှတ် ယူဆထားတဲ့ တရုတ် အစိုးရကတော့ ပလော့စီရဲ့ ခရီးစဉ်ဟာ အမေရိကန်ရဲ့ ကျူးကျော် ရန်စမှု ပုံစံတစ်ခုလို့ ယူဆပြီး တင်းတင်းမာမာ ကန့်ကွက်ထားပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ထိုင်ဝမ်ကျွန်းနဲ့ ရေလက်ကြားပဲခြားတဲ့ တရုတ်ပိုင် ဖူကျန်းဒေသမှာ တရုတ်က လက်နက်ကြီးတွေ ပစ်ခတ်ပြီး...

နိုင်ငံတကာ

အမေရိကန် လွှတ်တော်ထဲမှာတော့ အတော်လေး များပြားတဲ့ ဒီမိုကရက်တွေရော၊ ရီပတ်ဘလစ်ကန်တွေကပါ ပလော့စီ အနေနဲ့ ထိုင်ဝမ်ကို သွားရောက်ပိုင်ခွင့် ရှိတယ်လို့ ထောက်ခံနေပြီး ဒီကိစ္စနဲ့ ပတ်သက်ရင် အလေးအနက် သတိထား ချဉ်းကပ်သင့်ကြောင်း ထောက်ပြသူ တချို့လည်း ရှိနေပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံတော်အာဏာကို လုယူခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ စတင်ပြီး ရင်းနှီးမြှပ်နှံမှုဆိုင်ရာ ခွင့်ပြုမိန့်များ/အတည်ပြုမိန့်များထုတ်ပေးခြင်းတို့ကို ရပ်ဆိုင်းထားပြီးဖြစ်သည်ဟု NUGကဆိုထားသည်။