Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြိုင်မြို့နယ် ကျောက်ဆောက်ရွာကို ယနေ့နံနက် စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး နေသဖြင့် ရွာသူ၊ရွာသားများ ထွက်ပြေးတိမ်းရှောင်နေရ

မြိုင်မြို့နယ်၊ ကျောက်ဆောက်ကျေးရွာကို ယမန်နေ့ (သြဂုတ်၄ရက်)က စစ်ကောင်စီတပ်နှင့် ပျူစောထီးများသည် ရဟန်းသံဃာအယောင်ဆောင် များဖြင့်ဝင်၍ ဒေသခံပြည်သူ ၂၇ ဦးခန့် ဖမ်းဆီးထားကြောင်း မြိုင်(ပ.က.ဖ)က အသိပေးထားသည်။

ကျောက်ဆောက်ရွာ မီးရှို့ဖျက်ဆီးခံနေရစဥ်။ဓာတ်ပုံ-We Love Myaing

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် ယနေ့နံနက်ပိုင်းက အကြမ်းဖက် စစ်ကောင်စီ တပ်သည် ကျောက်ဆောက်ကျေးရွာကို မီးရှို့ဖျက်ဆီးနေသဖြင့် ရွာသူ၊ရွာသားများ ထွက်ပြေးတိမ်းရှောင် နေရကြောင်း ဒေသခံများက ပြောသည်။

ယနေ့ (သြဂုတ်၅ရက်) နံနက် ၉နာရီခန့်က စတင်ကာ မြိုင်မြို့နယ်အရှေ့ပိုင်း၊ ကျောက်ဆောက် ရွာကို အကြမ်းဖက် စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း We Love Myaing အဖွဲ့က ပြောသည်။

“အသေးစိတ်တော့မသိရသေးဘူး။ အခုတော့​ရွာသူရွာသားတွေပြေးနေရတယ်။”ဟု We Love Myaing အဖွဲ့တာဝန်ရှိသူက ပြောသည်။

ကျောက်ဆောက်ကျေးရွာကို ဇူလိုင် ၂၈ ရက်ကလည်း အကြမ်းဖက် စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့ခဲ့ပြီး နေအိမ်၇လုံး ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

မြိုင်မြို့နယ်၊ ကျောက်ဆောက်ကျေးရွာကို ယမန်နေ့ (သြဂုတ်၄ရက်)က စစ်ကောင်စီတပ်နှင့် ပျူစောထီးများသည် ရဟန်းသံဃာအယောင်ဆောင် များဖြင့်ဝင်၍ ဒေသခံပြည်သူ ၂၇ ဦးခန့် ဖမ်းဆီးထားကြောင်း မြိုင်(ပ.က.ဖ)က အသိပေးထားသည်။

PDF များကိုမဖော်ပါက အိမ်မီးရှို့ပစ်မည်၊ သတ်ပစ်မည်၊ အရေးယူမည်ဟု ခြိမ်းခြောက်ကာ ပြောဆိုထိန်းသိမ်းခံထားရကြောင်း မြိုင်(ပ.က.ဖ)၏ ထုတ်ပြန်ချက်တွင် ​ဖော်ပြသည်။ ထို့ကြောင့် ပြန်လည်တုန့်ပြန်သွားမည်ဖြစ်၍ မြိုင် – ပခုက္ကူကားလမ်း၌ ရဟန်းသံဃာများဖြတ်သန်းသွား လာခြင်း ခေတ္တရပ်ဆိုင်းပေးရန် မြိုင်(ပ.က.ဖ)အဖွဲ့လျှောက်ထားခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ ထိခိုက်ကျဆုံးမှု မရှိသော်လည်း စစ်ကောင်စီဘက်မှ လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်လာ၍ ဆုတ်ခွာခဲ့ရကြောင်း ဒေသတွင်းအဖွဲ့များက အသိပေးထားသည်။

သတင်း

ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တပ်ရင်း- ၁(Royal Eagle) တပ်ခွဲ၊ ပုံတောင် Tiger တပ်ခွဲနှင့် တောင်ပေါ်ပုဏ္ဍက တပ်ခွဲတို့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

သတင်း

ယနေ့နံနက် ၁၁ နာရီကျော်က သံဖြူဇရမ်မြို့ဘက်မှ ရေးမြို့နယ်ဘက်သို့ မောင်းနှင်လာသော စစ်ကောင်စီတပ်များလိုက်ပါသည့် ဖောကားနှစ်စီးနှင့် အိမ်စီးကားတစ်စီးတို့အား အောင်သာရွာနှင့် ကဖော့ကနင်ရွာကြားတွင် မဟာ မိတ်များနှင့်အတူ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြ သည်။

သတင်း

အထိနာသည့် စစ်ကောင်စီတပ်သည် (၅၅)မိုင်ရွာအတွင်းမှ အပြစ်မဲ့ ပြည်သူအချို့ကို ဖမ်းဆီးထားပြီး ညပိုင်းတွင် ရာဇဂြိလ်ရွာအတွင်း လက်နက်ကြီးများ ပစ်ခတ်၍ ဝင်ရောက်မွှေနှောက်ခဲ့ရာ ကလေး PDF တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်းအသိပေးထားသည်။