Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

နျူကလီးယားဗုံး ထုတ်လုပ်နိုင်တဲ့ နည်းပညာမျိုး ရှိနေပြီလို့ အီရန် အက်တမ်စွမ်းအင်ဌာန အကြီးအကဲပြော

ခါရက်ဇီ ပြောခဲ့သလိုပဲ အီရန်ရဲ့ နျူကလီးယား နည်းပညာဟာ အက်တမ်ဗုံး ထုတ်လုပ်နိုင်တဲ့ အဆင့်ထိ ရောက်နေပေမယ့် အစိုးရရဲ့ မူဝါဒမှာ ဗုံးထုတ်လုပ်ဖို့ လုံးဝ စဉ်းစား မထားကြောင်း အက်စလာမီက ဆိုပါတယ်။

နျူကလီးယားဗုံး ထုတ်လုပ်နိုင်တဲ့ နည်းပညာမျိုး ရှိနေပြီလို့ အီရန် အက်တမ်စွမ်းအင်ဌာန အကြီးအကဲပြော
နျူကလီးယားဗုံး ထုတ်လုပ်နိုင်တဲ့ နည်းပညာမျိုး ရှိနေပြီလို့ အီရန် အက်တမ်စွမ်းအင်ဌာန အကြီးအကဲပြော

အီရန်နိုင်ငံရဲ့ နျူကလီးယား နည်းပညာဟာ ဖျက်အားပြင်း ဗုံးတစ်လုံး ထုတ်လုပ်နိုင်တဲ့ အဆင့်မျိုးထိ ရောက်ရှိနေပြီလို့ နိုင်ငံရဲ့ အက်တမ်စွမ်းအင်ဌာန အကြီးအကဲက ပြောကြားလိုက်ပါတယ်။

မိုဟာမက် အက်စလာမီက အီရန်ရဲ့ ယူရေနီယမ် သတ္တု သန့်စင်မှု နည်းပညာဟာ နျူကလီးယားဗုံး ထုတ်လုပ်နိုင်စွမ်း ရှိလာပေမယ့် လက်နက် ကဏ္ဍအတွက်တော့ အသုံးချမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ အမေရိကန်နဲ့ အစ္စရေးတို့က အီရန်ဟာ နျူကလီးယားလက်နက်တွေ ပိုင်ဆိုင်ဖို့ ကြိုးစားနေကြောင်း အပြင်းအထန် စွပ်စွဲနေပေမယ့် အီရန် အစိုးရကတော့ စွမ်းအင် ကဏ္ဍအတွက်သာ နျူကလီးယား နည်းပညာကို အဆင့်မြှင့်တင်နေတာလို့ အစဉ်တစိုက် ကာကွယ် ပြောဆိုထားပါတယ်။

အက်စလာမီ မတိုင်ခင်မှာ အီရန် အစိုးရ အဓိပတိရဲ့ အကြီးတန်း အကြံပေး အရာရှိ တစ်ဦးကလည်း နိုင်ငံရဲ့ နျူကလီးယား နည်းပညာဟာ ဗုံးထုတ်လုပ်နိုင်တဲ့ အခြေအနေမျိုး ရှိလာကြောင်း မှတ်ချက် ပေးခဲ့ပါသေးတယ်။ အီရန် အစိုးရ အရာရှိတွေ ကိုယ်တိုင်က နျူကလီးယားဗုံး ထုတ်လုပ်နိုင်တဲ့ အဆင့်မျိုး ရောက်လာပြီလို့ ထုတ်ပြောတာဟာ အတော်လေး ရှားပါးတဲ့ အခြေအနေပါ။ အီရန်ရဲ့ နျူကလီးယား နည်းပညာနဲ့ ပတ်သက်လို့ စိုးရိမ်နေတဲ့ နိုင်ငံတကာ အသိုက်အဝန်း အတွက်တော့ ဒီကိစ္စကြောင့် ပိုပြီး စိတ်ပူတာတွေ ဖြစ်လာနိုင်ပါတယ်။

အက်စလာမီရော၊ အီရန် အစိုးရ ထိပ်တန်း အကြံပေး အရာရှိ ကာမဲလ် ခါရက်ဇီတို့ကပါ နိုင်ငံရဲ့ နျူကလီးယား နည်းပညာဟာ ဗုံးထုတ်လုပ်နိုင်တဲ့ အနေအထား ရှိနေပေမယ့် စွမ်းအင် ကဏ္ဍအတွက်သာ အသုံးချသွားမယ်လို့ အခိုင်အမာ ပြောဆိုသွားကြပါတယ်။

ခါရက်ဇီ ပြောခဲ့သလိုပဲ အီရန်ရဲ့ နျူကလီးယား နည်းပညာဟာ အက်တမ်ဗုံး ထုတ်လုပ်နိုင်တဲ့ အဆင့်ထိ ရောက်နေပေမယ့် အစိုးရရဲ့ မူဝါဒမှာ ဗုံးထုတ်လုပ်ဖို့ လုံးဝ စဉ်းစား မထားကြောင်း အက်စလာမီက ဆိုပါတယ်။

မေလတုန်းက နိုင်ငံတကာ အက်တမ်စွမ်းအင် အေဂျင်စီရဲ့ နောက်ဆုံး အစီရင်ခံစာအရ အီရန်ဟာ ၆၀ ရာခိုင်နှုန်း သန့်စင်ထားတဲ့ ယူရေနီယမ် ၄၃ ကီလိုဂရမ်လောက် ပိုင်ဆိုင်ထားကြောင်း သိရပါတယ်။ နျူကလီးယား လက်နက် ထုတ်လုပ်တဲ့ အဆင့်ထိ ရောက်ရှိဖို့ ဆိုရင်တော့ ၉၀ ရာခိုင်နှုန်း သန့်စင်တဲ့ ယူရေနီယမ် ၂၅ ကီလိုဂရမ်လောက် လိုအပ်မယ်လို့လည်း သိရပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလက အရေးပေါ် နိုင်ငံတော် အခြေပြမိန့်ခွန်းကိုယ​နေ့ညပြောကြားခဲ့ရာ အာဏာရှင်ဖယ်ရှားရေး အဆုံးသတ်တိုက်ပွဲ ဆင်နွှဲချိန်ရောက်ပြီဟု အသိပေးကာ နိုင်ငံတကာအနေဖြင့် မြန်မာပြည်သူများအား နည်းပညာ ၊ လက်နက်၊ ငွေကြေး ထောက်ပံ့ကြရန်တောင်းဆိုခဲ့သည်။

နိုင်ငံတကာ

တောင်နဲ့မြောက် ကိုရီးယား ၂ နိုင်ငံကြား ၃ နှစ်ကြာ ဖြစ်ပွားခဲ့တဲ့ ကျွန်းဆွယ်စစ်ပွဲဟာ ၁၉၅၃ ခုနှစ်၊ ဇူလိုင် ၂၇ ရက်မှာ ပြီးဆုံးခဲ့ပါတယ်။ အိမ်နီးချင်း နှစ်နိုင်ငံကြား အပစ်အခတ် ရပ်စဲခဲ့ပေမယ့် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုမထားတာကြောင့် ဒီကနေ့ထိ စစ်ဖြစ်နေကြဆဲလို့ သတ်မှတ်နိုင်ပါတယ်။

နိုင်ငံတကာ

ပူတင်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ကောလာဟလပေါင်းစုံ ကြားခဲ့ကြပေမယ့် CIAက ထောက်လှမ်း သိရှိထားသလောက် သူက အလွန်အကျွံကြီးကို ကျန်းမာရေး ကောင်းနေပါသေးတယ်လို့ ဘန်းစ်က ကော်လိုရာဒိုမှာ ပြုလုပ်တဲ့ လုံခြုံရေး ဖိုရမ်တစ်ခုမှာ ပြောကြားသွားခဲ့ပါတယ်။

နိုင်ငံတကာ

အစောပိုင်းမှာ ထောက်လှမ်းရေးဌာန အကြီးအကဲနဲ့ ရှေ့နေချုပ်တို့ ရာထူးက ထုတ်ပယ် ခံရပြီလို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် ဇီလန်စကီးရဲ့ ထိပ်တန်း အကြံပေး အရာရှိ အန်ဒရီ ဆီမာနော့ဗ်ကတော့ အဲဒီ အရာရှိ နှစ်ဦးဟာ စုံစမ်းစစ်ဆေး ခံနေရပြီး လောလောဆယ် ရာထူး တာဝန်တွေကနေ ယာယီ...