Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကျောက်ထုအမြှောက်တပ်က ထွက်လာသည့် စစ်ကောင်စီတပ်ကို ကျောက်ထု PDF ခြုံခိုတိုက်ခိုက်၊ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိ

ထိတွေ့တိုက်ပွဲများ ဆက်ရှိနိုင်၍ ပြည်သူများအနေဖြင့် ကျောက်ထု – ထီးလင်းလမ်းပိုင်းအား လုံးဝ(လုံးဝ)အသုံးမပြုကြပါရန် ကျောက်ထု PDFက သတိပေးမေတ္တာရပ်ခံခဲ့သည်။

(ကျောက်ထုဒေသတွင် စစ်ရေးလှုပ်ရှားနေသော စစ်ကောင်စီယာဉ်တန်းများကို တွေ့ရစဉ်၊ ဓာတ်ပုံ - CJ)
(ကျောက်ထုဒေသတွင် စစ်ရေးလှုပ်ရှားနေသော စစ်ကောင်စီယာဉ်တန်းများကို တွေ့ရစဉ်၊ ဓာတ်ပုံ - CJ)

မကွေးတိုင်း ဆောမြို့နယ် ကျောက်ထုအမြှောက်တပ်မှ ထွက်လာသည့် စစ်ကောင်စီတပ်များကို ယနေ့ (ဩဂုတ် ၅ရက်) နံနက်ပိုင်းက တိုက်ခိုက်ခဲ့ကြောင်း ကျောက်ထုပြည်သူ့ကာကွယ်ရေးတပ်(PDF)က ထုတ်ပြန်သည်။

အင်အား ၁၀၀ခန့်ရှိ စစ်ကောင်စီတပ်သည် ကျောက်ထု အမြှောက်တပ်မှ ခြေလျင်ထွက်လာရာ နံနက်၁၀နာရီ ခွဲခန့်တွင် ကျောက်ထု – ရွှေအောင်သာ လမ်းပိုင်းတစ်နေ၌ ခြုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

ထိုသို့ ခြုံခိုပျောက်ကြားစနစ်သုံးပြီး လက်နက်ငယ် များဖြင့် စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ တစ်ဦးသေဆုံးပြီး ငါးဦးခန့် ဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြသည်။

အဆိုပါ စစ်ကြောင်းသည် လယ်ဆောရွာ၌ ညအိပ်မည့်အခြေအနေရှိကြောင်း၊ ယနေ့ တိုက်ခိုက်မှုအတွင်း ပြည်သူ့ရဲဘော်များ ထိခိုက်မှုမရှိ ဆုတ် ခွာနိုင်ခဲ့ကြောင်း အသိပေးသည်။

ထိတွေ့တိုက်ပွဲများ ဆက်ရှိနိုင်၍ ပြည်သူများအနေဖြင့် ကျောက်ထု – ထီးလင်းလမ်းပိုင်းအား လုံးဝ(လုံးဝ)အသုံးမပြုကြပါရန် ကျောက်ထု PDFက သတိပေးမေတ္တာရပ်ခံခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

တိုက်ခိုက်မှုဖြစ်စဥ်အရ သြဂုတ် ၄ရက် နံနက် ၇နာရီခွဲခန့်က အင်မထီးကျေးရွာမှ အကြမ်းဖက် စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများသည် မင်းတိုင်ပင် ကျေးရွာသို့ ပြည်သူပိုင်အိုး အိမ်များမှ ရိက္ခာများလုယူရန် ထွက်လာခဲ့သည်ဟု ဆိုသည်။

သတင်း

ထီးချိုင့်မြို့နယ် ကက္ကုလမ်းဆုံတွင် ဂိတ်စစ်ပြီး ကား တစ်စီး၊ဆိုင်ကယ် နှစ်စီးဖြင့် မြတောင်ရွာ ဘက်သို့ပြန်လာသည့်စစ်ကောင်စီ တပ်နှင့်ရဲများကို ဩဂုတ်၅ရက် ညနေပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက မိုင်း ၂လုံးဖြင့်တိုက်ခိုက် ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သတင်း

မြိုင်မြို့နယ်၊ ကျောက်ဆောက်ကျေးရွာကို ယမန်နေ့သြဂုတ်လ၄ရက်နေ့ကအကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးများသည် ရဟန်းသံဃာအယောင်ဆောင်များဖြင့် ဝင်၍ ပြည်သူ ၂၇ ဦးခန့် ဖမ်းဆီးထားကြောင်း မြိုင်ပ.က.ဖက အသိပေးထားသည်။

သတင်း

ထို့ကြောင့် မြို့ပေါ်နေ ပြည်သူများမှ PDF များထံ တိကျသေချာသည့် သတင်းအချက်အလက်များပေးပြီး ကူညီပေးကြရန် PDF-Saw က တိုက်တွန်းသည်။