Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဆောမြို့ပေါ်တွင် ဖောက်ထွင်းခိုးယူမှုများရှိနေပြီး ကျူးလွန်သူများအား အရေးယူသွားမည်ဟု PDF-Saw သတိပေး

ထို့ကြောင့် မြို့ပေါ်နေ ပြည်သူများမှ PDF များထံ တိကျသေချာသည့် သတင်းအချက်အလက်များပေးပြီး ကူညီပေးကြရန် PDF-Saw က တိုက်တွန်းသည်။

(​ဆောမြို့တစ်​နေရာ ။ ။ဓါတ်ပုံ-CJ)
(​ဆောမြို့တစ်​နေရာ ။ ။ဓါတ်ပုံ-CJ)

ဆောမြို့ပေါ်၌ ယခုရက်ပိုင်းများတွင် ဖောက်ထွင်းခိုးယူမှုများရှိနေပြီး ကျူးလွန်နေသူများ၏ အချက်အလက်အပြည့်အစုံကို စုံစမ်းလျှက်ရှိကာ ထပ်မံကျူးလွန်နေပါက အရေးယူသွားမည်ဟုPDF-Saw ကယနေ့(သြဂုတ် ၅)တွင်သတိပေးချက်ထုတ်ပြန်လိုက်သည်။

“နေ့လည်နေ့ခင်းအချိန် ပြောင်ပြောင်တင်းတင်း ခိုးယူနေ​ကြတဲ့ တောကြောင်တွေအကြောင်း တိကျတဲ့ Data အချက်အလက်တွေကို စုဆောင်းနေပါတယ်”ဟု ဆို သည်။

လက်ရှိကာလတွင် လူငယ်အများစုက တော်လှန်ရေးအတွက် အိမ်နှင့်ဝေးရာတွင် အသက်ကိုစတေးပြီး တော်လှန်နေချိန် တစ်လုံးချိုင့် အခွင့်အရေးသမားတချို့က ပြည်သူပိုင်ပစ္စည်းများ၊ ပြည်သူများ၏ဆိုင်များကိုဖောက်ထွင်းခိုးယူနေကြသည်မှာ ဆောမြို့အနေ​ဖြင့်ရုပ်ဆိုးအကျည်းတန်လှကြောင်း ထောက်ပြသည်။

ထို့ကြောင့် မြို့ပေါ်နေ ပြည်သူများမှ PDF များထံ တိကျသေချာသည့် သတင်းအချက်အလက်များပေးပြီး ကူညီပေးကြရန် PDF-Saw က တိုက်တွန်းသည်။

“ငါတို့ PDF တွေအနေနဲ့ အကြမ်းဖက်စကစသူပုန်ကို တိုက်ခိုက်တော်လှန်ရင်း မြို့အတွက် ပြည်သူတွေကို စိတ်မလုံမခြုံဖြစ်စေတဲ့ တောကြောင်တွေကို အရေးယူသွားမယ်ဆိုတာ ကတိပေးပါတယ်”ဟု ဆိုသည်။

ဖောက်ထွင်းခိုးယူမှုများကျူးလွန်နေသော တောကြောင်များအနေဖြင့် ကိုယ့်လုပ်ရပ်ကို ကိုယ်ပြန်ဆန်းစစ်ကြရန်လိုအပ်ပြီး လူငယ်များ အိမ်နှင့်ဝေးရာတွင်တော်လှန်နေချိန် ကိုယ့်မြို့ကို ကာကွယ်ရမည့်အစား ပြည်သူကို မလုံမခြုံဖြစ်အောင် ဒုက္ခပေးနေခြင်းအား ရပ်တန်းကရပ်ရန် သတိပေးထားပြီး မလိုက်နာပါက အရေးယူမည်ဟု ထုတ်ပြန်ထားသည်။

1 Comment

1 Comment

  1. israelnightclub

    06/08/2022 at 9:09 မနက်

    This is the perfect website for everyone who hopes to understand this topic. You realize so much its almost hard to argue with you (not that I actually would want toÖHaHa). You certainly put a new spin on a subject thats been discussed for decades. Great stuff, just great!

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ထိတွေ့တိုက်ပွဲများ ဆက်ရှိနိုင်၍ ပြည်သူများအနေဖြင့် ကျောက်ထု - ထီးလင်းလမ်းပိုင်းအား လုံးဝ(လုံးဝ)အသုံးမပြုကြပါရန် ကျောက်ထု PDFက သတိပေးမေတ္တာရပ်ခံခဲ့သည်။

သတင်း

MDY-PDF မှ ရဲဘော်များအတွက် ပြည်သူများမှ ပေးပို့လှူဒါန်းသော အလှူငွေများဖြင့် လစဉ်အိတ်ဆောင်ပိုက်ဆံများ ဝေငှပေးနိုင်ခဲ့သည်မှာ နှစ်လတိုင်တိုင်ရှိခဲ့ပါပြီဖြစ်ပြီး ရဲဘော်တစ်ဦးလျှင် တစ်သောင်းကျပ်နှုန်းဖြင့် ဖြန့်ဝေပေးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သတင်း

ခိုဝင်လာသည့် ပျူ၊ဒလန်များအနက် အချို့သည် နာမည်ထွက်ထားပြီးသူများ ဖြစ်၍ သိရှိရသော်လည်းအချို့မှာ တိတဆိတ်လှုပ်ရှားသူများဖြစ်၍ အများပြည်သူများအနေဖြင့် မသိရှိနိုင်ကြောင်း ဖော်ပြသည်။

သတင်း

အမေရိကန်အစိုးရသည် တရားမဝင်အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီကို အကြိမ်ရေ ဒါဇင် ကျော် အရေးယူပိတ်ဆို့မှုပြုလုပ်ထားသော်လည်း စစ်ကောင်စီ၏ အဓိကဝင်ငွေရလမ်းဖြစ်သည့် MOGE ကို အရေးယူခြင်းမရှိသေးပေ။