Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကျိုက်ထိုတွင် စစ်ယာဉ်တန်းမိုင်းဆွဲတိုက်ခိုက်မှု စစ်ကောင်စီတပ် ၉ဦးသေ၊ စစ်ကား တစ်စီးပျက်စီးဟု KNUထုတ်ပြန်

ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီယာဉ်တန်းများကို ပူးပေါင်းတပ်ဖွဲ့က မကြာခဏ တိုက်ခိုက်မှုလုပ်ဆောင်ခဲ့သည်။

ဓာတ်ပုံ - KNU
ဓာတ်ပုံ - KNU

ကရင်အမျိုးသားအစည်းအရုံး(KNU) ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီယာဉ်တန်းကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကားတစ်စီးပျက်စီးပြီး စစ်ကောင် စီတပ်ဖွဲ့ဝင် ၉ဦးသေဆုံးခဲ့ကြောင်း KNUက ယနေ့ သတင်းထုတ်ပြန်သည်။

ဩဂုတ် ၂ရက်နံနက်ပိုင်းက ဘီးလင်းမှကျိုက်ထိုမြို့နယ် အတွင်း ကျူးကျော်ဝင်ရောက်လာသည့် စစ်ကား ၆ စီးပါ ယာဉ်တန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) နှင့် ပူးပေါင်းတပ်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

ထို့နောက် စစ်ကောင်စီ တပ်များနှင့် KNLA ပူးပေါင်းတပ်ဖွဲ့များအကြား ၁၅မိနစ်ခန့် ပစ်ခတ်မှုဖြစ် ပွားခဲ့ကြောင်း၊ စစ်ကောင်စီယာဉ်တန်းမှ လမ်းဘေး ဝဲယာရှိနေအိမ်များကို ရမ်းသမ်းပစ်ခတ်ခဲ့၍ ဒေသခံနေအိမ် အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ဖော်ပြထားသည်။

အဆိုပါ ပစ်ခတ်မှုအတွင်းKNLA ပူးပေါင်းတပ်ဖွဲ့မှ တစ်ဦးကျဆုံးကာ တစ်ဦးဒဏ်ရာရခဲ့ကြောင်း KNUက ထုတ်ပြန်ခဲ့သည်။

ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီယာဉ်တန်းများကို ပူးပေါင်းတပ်ဖွဲ့က မကြာခဏ တိုက်ခိုက်မှုလုပ်ဆောင်ခဲ့သည်။

1 Comment

1 Comment

  1. דירה דיסקרטית ברמת גן

    07/08/2022 at 12:26 ညနေ

    Hello! I simply wish to offer you a big thumbs up for the excellent information you have here on this post. I am coming back to your web site for more soon.

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ယနေ့(သြဂုတ် ၇ ရက်) နံနက်ပိုင်းတွင် မော်တော်ယာဥ် ဖြင့်ကင်းလှည့်နေသော စစ်ကောင်စီအဖွဲ့ကို ပြည့်သူ့ရဲဘော်အဖွဲ့(TPC)နှင့် တန့်ဆည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

သတင်း

လက်နက်ကြီး ပစ်ကူများအသုံးပြုပြီး စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်များနှင့် ၂နာရီကြာ တိုက်ပွဲဖြစ်ပြီးညနေပိုင်းတွင် စစ်ကောင်စီတပ်များ ပြန်လည်ဆုတ်ခွာသွားကြောင်း ဖော်ပြထားသည်။

သတင်း

ယနေ့ (ဩဂုတ် ၆) ရက်နေ့ နံနက် ၁၀နာရီခန့်က မြင်းဒေါင်းကျေးရွာအနီးသို့ ဆိုင်ကယ် လေးစီးဖြင့် ရောက်လာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ရှစ်ဦးနှင့် ဒေသတွင်းတော်လှန်ရေး ရဲဘော်များ ထိတွေ့မှု ဖြစ်ပွားခဲ့သည်။

သတင်း

ဒီကနေ့ ဩဂုတ်(၆)ရက် မွန်းလွဲ ၂ နာရီအချိန်ခန့်က မြဝတီ-ဝေါ်လေ ကားလမ်းမပေါ်က သုံးထပ်ကွေ့အနီးရှိ တောင်ကုန်းတစ်ခုပေါ်ကို စစ်ကောင်စီရဲ့ တပ်မ(၄၄)လက်အောက်ခံတပ်တွေက ကျူးကျော်ဖို့ကြိုးစားခဲ့တာပါ။