Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကျိုက်ထိုတွင် စစ်ကောင်စီတပ်၏ တပ်ကြပ်ကြီးသန်းထွန်းမောင်ကို ပစ်ခတ် ရှင်းလင်း

ရှင်းလင်းခံရသည့် တပ်ကြပ်ကြီး သန်းထွန်းမောင်သည် ကိုယ်ပိုင်အမှတ် တ/၁၈၇၃၃၁ ပဲခူးတိုင်း ရွှေကျင်မြို့ ဒုံဇရစ်အခြေစိုက် ခမရ (၅၈၉)တပ်ရင်းတွင် လက်ရှိ တာဝန်ထမ်းဆောင်နေသူဟု ဆိုသည်။

ကျိုက်ထိုတွင် စစ်ကောင်စီတပ်၏ တပ်ကြပ်ကြီးသန်းထွန်းမောင်ကို ပစ်ခတ် ရှင်းလင်း
ကျိုက်ထိုတွင် စစ်ကောင်စီတပ်၏ တပ်ကြပ်ကြီးသန်းထွန်းမောင်ကို ပစ်ခတ် ရှင်းလင်း

အရပ်ဝတ်ဖြင့် ဆိုင်ကယ်မောင်းနှင်လာသော စစ်ကောင်စီတပ်၏ တပ်ကြပ်ကြီး သန်းထွန်းမောင်ကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း LPDF Theinzayat က ယနေ့(သြဂုတ် ၃ရက်) ထုတ်ပြန်သည်။

ရှင်းလင်းခံရသည့် တပ်ကြပ်ကြီး သန်းထွန်းမောင်သည် ကိုယ်ပိုင်အမှတ် တ/၁၈၇၃၃၁ ပဲခူးတိုင်း ရွှေကျင်မြို့ ဒုံဇရစ်အခြေစိုက် ခမရ (၅၈၉)တပ်ရင်းတွင် လက်ရှိ တာဝန်ထမ်းဆောင်နေသူဟု ဆိုသည်။

၎င်းကို ယမန်နေ့ ညနေ ၄နာရီ မိနစ် ၄၀ခန့်က ကျိုက်ထိုမြို့နယ်၊ ဝင်းကံတံတားတွင် LPDF Theinzayat နှင့် Gods of Death အဖွဲ့တို့မှ ပူးပေါင်းရှင်းလင်းခဲ့ကြောင်း ဖော်ပြသည်။

အဆိုပါ ဖြစ်စဥ်အပြီးတွင် ယမန်နေ့ ညနေ ၅နာရီ မိနစ် ၂၀ခန့်က သိမ်ဇရပ်အခြေစိုက် အမြှောက် တပ်(၃၁၀)မှ လက်နက်ကြီး (၁၂၀)မမ ငါးလုံးထက်မနည်း ကျေးရွာများသို့ ရည်ရွယ်၍ ပစ်ခတ်ခဲ့ သည်ဟု သိရသည်။

ယမန်နေ့က ကျိုက်ထို – ဘီးလင်း အဆက် သံတံတားဂိတ်ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့များ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့မှ သေဆုံးထိခိုက်မှုကို အတည်မပြုနိုင်သေးပေ။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ဇူလိုင် ၂၁ရက်က ဖယ်ခုံမြို့နယ်၊ လဟယ်ကျေးရွာအနီးရှိ လွယ်မကူးတောင်ပေါ် တွင် တပ်စွဲ ထားသော စစ်ကောင်စီတပ်ကို ဖယ်ခုံ PDF တပ်ရင်း (၂) ၊KNDF တပ်ရင်း (၃)နှင့်အတူ ပူးပေါင်း တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ဦး သေဆုံးခဲ့ကြောင်း အသိပေးသည်။

သတင်း

"ရွာပြန်ရင် ဘယ်လိုအကြမ်းဖက်မလဲ မသိနိုင်ဘူး။ ဒါကြောင့် မပြန်ရဲကြဘူး။ အခုကျ ပြန်လာရမယ်တဲ့ မလာရင် ဒီထက်ဆိုးမယ်လို့ ပြောတယ်"ဟု မြို့ပေါ်တွင် လာရောက်တိမ်းရှောင် နေသော အရှေ့ဘုန်းကံရွာဒေသခံတစ်ဦးက ပြောသည်။

သတင်း

အထက်ပါတိုက်ခိုက်မှုများအား ချောင်းဦး ပ.က.ဖ ကဦးဆောင်ပြုလုပ်ခဲ့ပြီး ရဲဘော်များအထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့ကြောင်းအသိ​ပေးထားသည်။

သတင်း

အကြမ်းဖက်စစ်ကောင်စီတပ်က လေးရက်အတွင်း ပြည်သူ့ကာကွယ်ရေး ရဲဘော်ညီအစ်ကို နှစ်ဦးအပါအဝင် လေးဦးကို ဖမ်းဆီးသတ်ဖြတ်ထားသည်။