Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

သုံးထပ်ကွေ့အနီး ဒီနေ့တိုက်ပွဲမှာ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ ကော်ဘရာ စစ်ကြောင်းထုတ်ပြန်

ဒီကနေ့ ဩဂုတ်(၆)ရက် မွန်းလွဲ ၂ နာရီအချိန်ခန့်က မြဝတီ-ဝေါ်လေ ကားလမ်းမပေါ်က သုံးထပ်ကွေ့အနီးရှိ တောင်ကုန်းတစ်ခုပေါ်ကို စစ်ကောင်စီရဲ့ တပ်မ(၄၄)လက်အောက်ခံတပ်တွေက ကျူးကျော်ဖို့ကြိုးစားခဲ့တာပါ။

မြဝတီ-ဝေါ်လေ ကားလမ်းမပေါ်က သုံးထပ်ကွေ့အနီးမှာ စစ်တပ်နဲ့ ကော်ဘရာစစ်ကြောင်းတို့ ထိတွေ့တိုက်ပွဲထပ်မံဖြစ်ပွါးခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။

ဒီကနေ့ ဩဂုတ်(၆)ရက် မွန်းလွဲ ၂ နာရီအချိန်ခန့်က မြဝတီ-ဝေါ်လေ ကားလမ်းမပေါ်က သုံးထပ်ကွေ့အနီးရှိ တောင်ကုန်းတစ်ခုပေါ်ကို စစ်ကောင်စီရဲ့ တပ်မ(၄၄)လက်အောက်ခံတပ်တွေက ကျူးကျော်ဖို့ကြိုးစားခဲ့တာပါ။

Public Service Announcement
Public Service Announcement

လက်နက်ကြီးပစ်ကူတွေ အသုံးပြုပြီး ကျူးကျော်ဖို့ကြိုးစားနေတဲ့ စစ်ကောင်စီတပ်ဟာ ညနေ(၄)နာရီခန့်မှာ ပြန်လည်ဆုတ်ခွါခဲ့ရပြီး အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က တစ်ဦးသေဆုံးကာ သုံးဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ကော်ဘရာစစ်သည်တော်တွေဘက်ကတော့ ထိခိုက်မှုလုံးဝမရှိဘူးလို့ ကော်ဘရာစစ်ကြောင်းရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

လက်နက်ကြီး ပစ်ကူများအသုံးပြုပြီး စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်များနှင့် ၂နာရီကြာ တိုက်ပွဲဖြစ်ပြီးညနေပိုင်းတွင် စစ်ကောင်စီတပ်များ ပြန်လည်ဆုတ်ခွာသွားကြောင်း ဖော်ပြထားသည်။

သတင်း

ယနေ့ (ဩဂုတ် ၆) ရက်နေ့ နံနက် ၁၀နာရီခန့်က မြင်းဒေါင်းကျေးရွာအနီးသို့ ဆိုင်ကယ် လေးစီးဖြင့် ရောက်လာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ရှစ်ဦးနှင့် ဒေသတွင်းတော်လှန်ရေး ရဲဘော်များ ထိတွေ့မှု ဖြစ်ပွားခဲ့သည်။

နိုင်ငံတကာ

၂၀၀၉ ခုနှစ်တုန်းက ဘန်ကောက်မှာရှိတဲ့ ဆန်တီကာ နိုက်ကလပ်မှာ အကြီးအကျယ် မီးလောင်မှု ဖြစ်ခဲ့ပြီး လူ ၆၇ ဦးသေ၊ ၂၀၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။ အဲဒီတုန်းက Burnဆိုတဲ့ Rock ဂီတအဖွဲ့ စင်ပေါ်မှာ ဖျော်ဖြေနေတုန်း မီးရှူး မီးပန်းတွေ ပစ်ဖောက်ရာက မီးကူးစက်...

နိုင်ငံတကာ

ဘတ်စ်ကားဟာ ခရိုအေးရှားရဲ့ မြို့တော် ဇာဂရက်ဘ် အရှေ့မြောက်ပိုင်းက ဂျာရက်ခ် ဘီဆက်ကီနဲ့ ပေါ့ဒ်ဗိုရက်ဗ် မြို့တွေကြားက အဝေးပြေး လမ်းပိုင်းမှာ လမ်းဘေး လျှိုထဲ ထိုးကျသွားခဲ့တာ ဖြစ်ပါတယ်။