Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဗန်းမောက်တွင် SNAက ပြည်သူတစ်ဦးအားပစ်ခတ်ဖမ်းဆီးမှု တာဝန်ခံရမည်ဟု PDF သတိပေး

SNAသည် လွန်ခဲ့သည့် အပတ်ကလည်း နားယကာကျေးရွာမှ ကဒူးလူမျိုး ကျင်းသားတစ်ဦးအား ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားကာ ကျပ်သိန်း ၂၀ ဖြင့် ပြန်ရွေးခဲ့ရသည်ဟု ဒေသခံများက သတင်းပေးပို့ ကြောင်း Banmauk Revolution က ဖော်ပြသည်။

စစ်ဆင်ရေးထွက်ရန် ပြင်ဆင်နေသော ဗန်းမောက် PDFများအား တွေ့ရစဉ်၊ ဓာတ်ပုံ - Banmauk Revolution
စစ်ဆင်ရေးထွက်ရန် ပြင်ဆင်နေသော ဗန်းမောက် PDFများအား တွေ့ရစဉ်၊ ဓာတ်ပုံ - Banmauk Revolution

စစ်ကိုင်းတိုင်း ဗန်းမောက်မြို့နယ်တွင် စစ်ကောင်စီ လက်ဝေခံ ရှမ်းနီတပ်ဖွဲ့(SNA)က ပြည်သူတစ်ဦးအား ပစ်ခတ်ဖမ်းဆီးသွားခြင်း လုပ်ရပ်အား တာဝန်ခံရမည်ဖြစ်ကြောင်း ဗန်းမောက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) က သတိပေးထုတ်ပြန်သည်။

ဗန်းမောက်မြို့နယ် မံစီကြီးရွာနေကိုကျော်သက် ဆိုသူအား SNAက ယမန်နေ့ (ဩဂုတ် ၈ရက်) တွင် ပစ်ခတ်ဖမ်းဆီးသွားကြောင်း၊ ယခုအချိန်တွင် SNAသည် အကြမ်းဖက်စစ်ကောင်စီ၏ လက်ဝေခံဖြစ်နေပြီး ဌာနေရှမ်းနီပြည်သူများ၏ ဘဝ မလုံမခြုံဖြစ်နေရကြောင်း ဒေသခံများက သတင်းပေးပို့လာသည်ဟု ဖော်ပြသည်။

ယခုကဲ့သို့ လူမဆန်စွာပစ်ခတ် ဖမ်းဆီးခြင်းကို ဗန်းမောက် PDF နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ပြင်းထန်စွာရှုတ်ချကြောင်းနှင့် ဖမ်းဆီးခံပြည်သူအတွက် SNA မှအပြည့်အဝ တာဝန်ခံရမည်ဖြစ်ကြောင်း သတိပေးခဲ့သည်။

SNAသည် လွန်ခဲ့သည့် အပတ်ကလည်း နားယကာကျေးရွာမှ ကဒူးလူမျိုး ကျင်းသားတစ်ဦးအား ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားကာ ကျပ်သိန်း ၂၀ ဖြင့် ပြန်ရွေးခဲ့ရသည်ဟု ဒေသခံများက သတင်းပေးပို့ ကြောင်း Banmauk Revolution က ဖော်ပြသည်။

SNAသည် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်နှင့် ပူးတွဲစစ်ရေးလှုပ်ရှားမှုများ ရှိနေရာ ဩဂုတ် ၈ရက်က စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ် အစပ်မှ SNA တပ်စခန်းနှင့် စစ်ကော်စီတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အကြမ်းဖက်စစ်တပ်၏ ထိခိုက်သေဆုံးမှုအခြေအနေနှင့်ပတ်သက်၍ People's Springက ထပ်မံအတည်ပြုနိုင်ခြင်းမရှိသေးပေ။

သတင်း

ကြေညာချက် မလိုက်နာ၍ ဖြစ်ပေါ်လာသော နောက်ဆက်တွဲများကို တာဝန်ယူမည် မဟုတ်ကြောင်း မြိုင်(ပ.က.ဖ)က ဆိုသည်။ မြိုင်နယ်တွင် စစ်ကောင်စီတပ်၊ ပျူနှင့်ဒေသတွင်း PDFများ တိုက်ပွဲများဖြစ်ပွားနေသည်။

သတင်း

'ရဲဘော်တို့ လွတ်လပ်ငြိမ်းချမ်းစွာ အနားယူနိုင်ပါပြီ တစ်ပင်လုံးဝေဖို့ တစ်တောလုံးမကြွေစေရ တစ်ပွင့်ကြွေခဲ့သည်ရှိသော် တစ်တောလုံးဝေရမည်'ဟု ကျန်ရစ်သူ People's Guerillas Commando - Myinmu အဖွဲ့သားအားလုံးမှ ကတိသစ္စာ ပြုလိုက်ပါသည်ဟု ရေးသားထားသည်။

သတင်း

ထုတ်ပြန်ချက်နှင့်ပတ်သက်၍ People's Spring သတင်းဌာနက မုံရွာမြို့နယ် သတင်းမှန် ပြန်ကြားရေးသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း မီဒီယာအား ဖြေကြားခြင်းမပြုကြောင်းကိုသာ အကြောင်းပြန်ခဲ့သည်။