Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကလေးမြို့တွင် ယနေ့တိုက်ပွဲ စစ်ကောင်စီ ၁၀ဦးထက်မနည်းသေဟုဆို

ကလေးမြို့ ကျွန်းချောင်းနှင့် သာယာကုန်းကျေးရွာကြားတွင် ယနေ့(သြဂုတ် ၈ရက်) နေ့လည် ၁၂ နာရီခန့်က တိုက်ပွဲဖြစ်ပွားခဲ့​ခြင်းဖြစ်သည်။

ကလေး PDFမှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - ကလေး PDF
ကလေး PDFမှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - ကလေး PDF

စစ်ကိုင်းတိုင်း ကလေးမြို့တွင် ယနေ့ဖြစ်ပွားသော တိုက်ပွဲအတွင်း စစ်ကောင်စီတပ်အငိုက်မိသွားခဲ့ပြီး ၁၀ဦး ထက်မနည်းသေဆုံးကြောင်း ကလေးမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦးက ပြောသည်။

ကလေးမြို့ ကျွန်းချောင်းနှင့် သာယာကုန်းကျေးရွာကြားတွင် ယနေ့(သြဂုတ် ၈ရက်) နေ့လည် ၁၂ နာရီခန့်က တိုက်ပွဲဖြစ်ပွားခဲ့​ခြင်းဖြစ်သည်။

” သူတို့ တက်လာတော့ ကျွန်တော်တို့က စောင့်ပစ်တာ။ သူတို့က မြောင်းထဲခုန်ဆင်းပြေးချိန် ခြင်းကြားတွေက လမ်းပေါ် ကျန်ခဲ့တာ။ ပစ်နေရင်း သေနတ်ကျည်ကုန်လို့ထင်တယ်။ ခြင်းကျား တွေကို တက်ဆွဲတာ။ အဲ့ဒါကို ကျွန်တော်တို့က သေချာပစ်ချနိုင်တာ။အဲ့ဒီအချိန် မိုးရွာတာလည်း ကိုယ်တွေအတွက် အခြေအနေကောင်းစေခဲ့တယ်”ဟု ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ခန့် ချီတက်လာစဥ် ပြည်သူ့ကာကွယ်ရေးမဟာမိတ်များက စောင့်ကြို တိုက်ခိုက်ခဲ့​ခြင်းဟု ဆိုသည်။ စစ်ကောင်စီဘက်က အနည်းဆုံး ၁၀ဦးသေဆုံးကြောင်းနှင့် ၁နာရီခန့်ကြာ ပစ်ခတ်ပြီးနောက် ပြည်သူ့ကာကွယ်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့သည်ဟု ၎င်းက ဆက်လက် ပြောသည်။

ထို့အပြင် သာယာကုန်းကျေးရွာအနီးတွင် သြဂုတ် ၃ရက်က တိုက်ပွဲအပြင်းအထန် ဖြစ်ခဲ့သေးသည်။ယင်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၁၅ဦးခန့်သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့သည်ဟု ကလေးမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDFက သတင်းထုတ်ပြန်ထားသည်။ ယင်းတိုက်ပွဲတွင် ကလေးမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ၏ တပ်ရင်း(၆) တပ်စိတ်မှူးတစ်ဦးနှင့် နတ်ချောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်း(၁)မှ ဒုတိယတပ်ရင်းမှူးနှင့် ကင်းထောက်ရဲဘော်တစ်ဦး ကျဆုံးခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

နွားထိုးကြီး PDF အဖွဲ့သ​ည် ဇူလိုင် ၂၉ရက်ကလ​ည်း မြင်းခြံမြို့နယ်၊ စံပြကျေးရွာရှိ အကြမ်းဖက်စစ်တပ်အုပ်စုဝင်တစ်ဦးကို ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့ရာ လက်နက်အချို့ပါ သိမ်းဆည်းရမိခဲ့သည်။

သတင်း

ဒီတိုက်ပွဲတွေကြောင့် BGF ဘက်က (၃၈၆)ဦးသေဆုံးခဲ့ကာ (၂၈၀)ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ ကေအဲန်ယူက သတင်းထုတ်ပြန်ထားပါတယ်။

သတင်း

ယခုရက်ပိုင်းအတွင်း ကျင်းရွာမှ ဘုန်းကြီးတစ်ပါးအပါအဝင် ပြည်သူလေးဦးကိုလည်းဖမ်းဆီးသွားခဲ့ကြောင်း၊ ယမန်နေ့ကအဖမ်းခံရသော တဲစုကျေးရွာမှဖမ်းဆီးခံရသောပြည်သူ ၄ ဦးပြန်လွတ်လာကြောင်း ဒေသခံများက ပြောသည်။

သတင်း

စစ်ကောင်စီတပ် ရှို့ခဲ့သည့်မီးအား ရွှေဘိုခရိုင်တပ်ရင်း -၁၅ (Tiger King)၊တပ်ရင်း (၂)၊ GZ Special Task Fore၊ ဗိုလ်ကျားကြီးနှင့်အခြားမဟာမိတ်တပ်ဖွဲ့ များနှင့် နယ်မြေခံ (ပကဖ)အဖွဲ့များက ဒေသခံများနှင့် ပူးပေါင်းမီးငြှိမ်းသတ်ခဲ့ကြ သည်။