close
Connect with us

Hi, what are you looking for?

ကဗျာ

မိုးမြင့်ကျော် ကိုယ့်ရင်ဘတ်မှာခဏခဏ လာစိုရွှဲနေတဲ့ကိုယ်ပြန်လာမှ ဖာထေးဖြစ်မယ့်မင်းအခန်းက မိုးယိုပေါက်မင်းလက်နဲ့ပြန်ချုပ်ပေးမယ်ဆိုတဲ့ကိုယ့်အင်္ကျီချုပ်ရိုးဒီတမိုးလည်း ကိုယ်ပြန်မလာဖြစ်ဘူးမင်းအခန်းကပျဥ်ချပ် မိုးစနဲ့ဆွေးမြည့်လောက်ပြီကိုယ်တော့ ပြဲနေတဲ့ချုပ်ရိုးကိုချည်ပြန်ထိုးထားလိုက်တယ်ကိုယ်သိပါတယ် မင်းကတော့မိုးယိုပေါက်ကို ဒီအတိုင်းထားလို့ကိုယ့်ကတိကို စောင့်နေတော့မယ်။ ။ ( The Call -ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းမှာ ‘မိုးမြင့်​ကျော်’ ရေးဖွဲ့တဲ့ “ မင်းကို​ပေးခဲ့တဲ့ကတိ” ကဗျာကို People’s Spring...

ကဗျာ

နှင်းတွေဝေနေတဲ့ ကျောင်းလေးမှာ လိပ်ပြာလေးလို ပျံဝဲ သိက္ခာရှိစွာ ရှင်သန်ဆဲပါပဲအမေ

ကဗျာ

လူစိတ်ပျောက်လောက်အောင် တစ်ပတ်လုံးမိုးရွာနေတာတောင် မိုးကာခြုံထားတဲ့ဘဝတွေ ရွေ့နေတုန်းပဲ

ကဗျာ

လေကွယ်ရာမီးညှိရသလို ဘဝကမလွယ်ဘူး အသက်ကမလွယ်ဘူး ဆေးလိပ်ကလေးဖွာချင်တော့လည်း ရအောင်ညှိရ မီးကူးရ အသက်ရှင်ချင်တော့ အသက်ကိုရအောင်ကူးရ မေတ္တာတရားကို ရအောင်ကူးရ တယောက်အရိပ်ဟာ တယောက်ကိုမိုးရင်း အေးမြကြရစမြဲ...။

ကဗျာ

‘ကောက်ရိုးမီးဖြစ်ဖြစ် ဖွဲမီးဖြစ်ဖြစ် လောင်တာပဲ မစ္စတာဂေါ့ဒ်’

ကဗျာ

ချမ်းငြိမ်း သူ့မှာ ပုရစ်တကောင်လိုညအမှောင်ထဲ ရင်ကွဲအောင်ငိုနေသူ ရှိတယ်။ သူ့မှာ တောင်ပံတွေ တဖျပ်ဖျပ်စိတ်ဝိညာဉ် တလှပ်လှပ်နဲ့အိမ်အပြန်ခက်နေတဲ့ငှက်တေလေတကောင် ရှိတယ်။ သူ့မှာ ဖူးငုံတို့ ကြွေလွင့်စပယ်ဖြူလေး မုန်တိုင်းသင့်တဲ့ပန်းမပွင့်တဲ့ မုတ်သုံမိုး ရှိတယ်။ သူ့မှာ ရေသင့် မီးသင့်လေတိုးတိုင်း ပွင့်အက်သွားတဲ့ ဒဏ်ရာနဲ့အနာတရ နိုင်ငံတခုရှိတယ်။ သူ့မှာ …ဘီလူးသမိုင်းကိုအပိုင်းပိုင်းတစ်ခဲ့ဖူးတဲ့သက္ကရာဇ်...

ကဗျာ

◼️သွင်ဦး တဝေါဝေါ ဖြတ်မောင်းသွားတဲ့ကားသံတွေရဲ့ နေရာမှာလော်စပီကာက ထွက်ကျလာတဲ့ ဘုရားရှိခိုးသံတန်းစီခရာမှုတ်သံမဂ်လာပါဆိုတဲ့ အသံတွေနဲ့နံနက်ခင်းဟာ နိုးထခဲ့၊ အရောင်ဆိုးထားတဲ့ ထမင်းလှော်အရည်များများ အဖက်နဲနဲခပ်ကျဲကျဲဆန်ပြုတ်ဟာငါတို့ရဲ့ နံမည်ကျော် မနက်စာတွေပေါ့၊ ညိုညစ်ညစ်ထမင်းတွေနဲ့ နယ်ဖတ်လို့ငါတို့ထမင်းပွဲမှာ တည်ခင်းဖို့ပဲဟင်းတလှည့် တာလပေါတလှည့်ခင်ဗျားမျက်နှာ မမဲ့နဲ့လေ၊ ကြံဖန်ပြီး ကျေးဇူးတင်ချင်ရင်တော့ကျုပ်တို့ရဲ့ညစာမှာရေထဲကငါးကိုတစ်ပါတ်တစ်ကြိမ် မြင်ခွင့်ရနေတာကိုပေါ့၊ ဒီနေရာမှာတော့‘ကိုယ်’ ကျန်းမာရေးအတွက် လမ်းလျှောက်‘စိတ်’...

ကဗျာ

◼️မောင်သုည (ရှပ်ပုံသားလေး) စိတ်လိုလက်ရ ထွက်ပေါက်မှန်သမျှလူငယ်ပီပီ လေလွင့်ခဲ့တယ်။ မိသားစုဆိုတာသူတို့အတွက် ဒူးနဲ့မျက်ရည်။ နိုင်ငံအရေးဆိုတာဖြူသလား ၊ မည်းသလား သူ့တို့မသိဘူး၊နိုင်ငံ့တာဝန်ထမ်းဖို့ဆိုတာ ဝေးသေး။ ဒီတိုင်းပြည် ဒီလူမျိုးကို မိမိချစ်တတ်ဖို့မပြောနဲ့ဘဝနဲ့ရင်းပြီးသေမင်းနဲ့စစ်ခင်းမွေးခဲ့တဲ့အမေကိုတောင်ကျေးဇူးတုံ့ပြန့် ချစ်ရမှန်းမသိတဲ့အကောင်တွေ။ အဲသလောက်ထိ လုလင်လေးတွေဟာဆိုးခဲ့ မိုက်ခဲ့ ရူးခဲ့ကြတယ်။ ဒါပေမယ့် သွေးဖောက်ပြီးကျိန်ရဲသတဲ့ဘယ်သူအပေါ်မှာမှ သူတို့မယုတ်မာခဲ့ဘူးတဲ့။ ”အာဏာသိမ်းလိုက်ပြီ”ဆိုတဲ့စကားကိုကြားတော့ညဥ့်သန်ခေါင်ယံမှာ...

ကဗျာ

◼️လွန်းညီ(၀.၁)ပြာပုံမှ ပြာပုံသို့ ဆိုတဲ့‌ဆိုင်းဘုတ်တွေ့လျှင်ရှေ့တည့်တည့် ချိုးလိုက်ပါ(၀.၂)ဗုံးခွက်ရာ(မိုင်းဆွဲတိုက်ခိုက်ထားသောကြောင့်ပေါက်ကွဲထားသောချိုင့်ခွက်များ)ထဲနှစ်ဆယ့်နှစ်ဘီးကားတစီး နစ်မြုပ်သည်အထိနစ်ဝင်ကျွံကျပုံကို မြင်ရပြီ(၀.၃)ဖုန်မှုန့်တလိမ်းလိမ်းနဲ့ လမ်းမများတွင်လည်းအရောင်မသိသောသဲများလူးလွန့်လှုပ်ရှားလျက်ရှိပါသည်(၀.၄)ဆောင်းဦးပေါက်လို့မြစ်မကောခင်စစ်နှင့်ငြိမ်းချမ်းရေးတအုပ် ပြီးအောင်ဖတ်ရမည်လို့ သူမမြင်(၀.၅)ပင်ချင်းယှက်တွယ်နေသောထန်းပင်များအား ဦးခိုက်ရန်တွေ့သူမှာအေးခဲနေတဲ့စည်ဘီယာစုပ်နေသူတဦး(၀.၆)နေရောင်နှင့်နမ်းလုနီးနီးလမ်းသွယ်တလျှောက်က နေကြာပန်းများမှာတပွင့်တည်းမဟုတ်သောလှပခြင်းနှင့်ခိုက်ခိုက်တုန်ခါနေပုံကို ကိုယ်တွေ့ခဲ့ပေါ့(၀.၇)ညီမလေးရေအရာရာဟာ သုသာန်တစပြင် ဆိုပေမဲ့လာခဲ့တုန်းကအတ္တတွေနဲ့အတူတူမင်းမပါဘဲ အိမ်မပြန်ရဲဘူးဒီလိုနဲ့ကိုကိုဟာ အလံနှစ်လက်ကိုကျောမှာလွယ်လို့လမ်းလျှောက်ရင်း လွမ်းခဲ့တယ်။ (ကဗျာခေါင်းစဉ်*ဆရာဇော်ဇော်အောင်မြန်မာပြန်သည့်ဆရာKakuan၏ကဗျာစာသား။) (The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းမှာ ‘လွန်းညီ”...

ကဗျာ

◾️ Sarah ဟိုမှာမိုးတွေညို့နေပြီဒီအချိန်ဆို တိမ်တွေက မလှပတော့ဘူးဇူလိုင်ရဲ့မိုးစက်တွေဟာငါတို့ရဲ့မျက်ရည်တွေမပြေတဲ့ လက်သီးဆုပ်သွေးမတိတ်သော နာကျင်မှုနဲ့ကြယ်တွေကြွေတဲ့ ကောင်းကင်ကိုကအနီရောင်နဲ့ အမဲရောင်တလှည့်စီအဖြစ်အပျက်တွေသာ မတူတာဒဏ်ရာက ဒဏ်ရာပါပဲဘယ်လိုရှင်သန်ခဲ့လဲ မမေးနဲ့နာကျင်စရာတွေ မပြောချင်ဘူးဘယ်လောက်ခက်ခဲ ခက်ခဲရအောင်လျှောက်ကြရတယ်ရောက်အောင်လျှောက်ကြရမယ်မတရားမှုကျူးလွန်သူမှန်သမျှပြစ်ဒဏ်မှ ကင်းလွတ်ခွင့်မရှိ…။ ။ (The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းမှာ ‘Sarah’ ရဲ့ “...

ကဗျာ

ဂျော့လင်းညို လမ်းထိပ်နတ်စင်က ရောင်စုံပန်းတွေမြင်တော့နင့်ကို သတိရမိသေးတယ် ဟေမာ……အသက်ရှိတဲ့ပန်းလေးတွေကိုအသက်မဲ့တဲ့နတ်ရုပ်ကြီးအတွက် ယဇ်ပူဇော်ရတာမတန်ကြောင်း…အကိုးအကားပေါင်းစုံနဲ့ နင်ရှင်းပြသလိုပေါ့……ငါနေတဲ့အရပ်မှာ အသက်ရှိတဲ့ပန်းလေးတွေပေါတယ် ဟေမာနင်ပြောခဲ့သလိုပဲ…မမြင်ရတဲ့အရာကြီးအတွက် မျက်စိစုံမှိတ်ပြီိးအသက်ပေးနေရတုန်း……တစ်ခုလိုချင်ရင် တစ်ခုပေးရတဲ့ နိယာမဟာအခုထိမှန်ကန်နေတုန်းပဲ…မဝေဆာနိုင်တော့တဲ့ ကံ့ကော်တွေ…မာနကို ခဝါချခဲ့ရတဲ့ နှင်းဆီတွေနဲ့…ဒီဥယျာဉ်ကြီးကို ငါစိတ်နာနေပြီ……အလဲအထပ်ခပ်ကြမ်းကြမ်းကို ကြိုက်တဲ့ကံကြမ္မာကတော့ မျက်လှည့်ဆရာကြီးပေါ့မထင်မှတ်ထားတာတွေကို ဦးထုပ်အနက်ထဲကနေတစ်ခါတစ်ခါဆွဲထုတ်ပြသေးတယ်……တစ်ခါတစ်ခါ ချိုင်းထောက်လေးထွက်လာတယ် ဟေမာ…တစ်ခါတစ်ခါ လွယ်အိတ်အစုတ်လေးဘေးမှာ ထမင်းချိုင့်နဲ့…တစ်ခါတစ်ခါ အော်ညည်းသံတွေပါ...

ကဗျာ

ဆပ်ရိပ် သက်ပြင်းဆိုပေမယ့်စိတ်လိုလက်ရ ချပါတယ်။ သုံးလေးငါးနှစ်အစစအရာရာရှားပါးနေတော့ခံစားမှုလည်း တန်ဖိုးကြီးလာတယ်နေမကောင်းတဲ့ညနေမှာတိမ်မျှင်တစက အစကြီးမြတ်တယ်။ လူတစ်ယောက်ဟာ တစ်ခါတစ်လေတော့အမှောင်ထဲထိုင်ဖို့လိုတယ်ထိကရုန်းပင်လိုနေ့တွေအတွက်လူသူနည်းတဲ့တောအုပ်ခပ်နက်နက်လိုတယ်။ ရထားတွေဟာဘယ်ခရီးသည်ကိုမှ စောင့်ရိုးမရှိတာ နားလည်ပါတယ်ကိုယ်လည်း ပုံမှန်ပဲသွားမယ်ဘာကိုမှ ပြေးမလိုက်နိုင်တော့ဘူး။ မျက်ရည်ဟာ အသံထက်မြန်တယ်ဒီကမ္ဘာမှာ အလင်းနှစ်မခြားဘဲနဲ့ ဝေးနေတာ အိမ်ပဲရှိပါတယ်။ (“ The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းမှာ...

ကဗျာ

ယောနသံ သူက ‘ပန်း’ ပါတဲ့မကြွေရဲရင် အစကတည်းကဒီပန်းက မင်းဆံပင်ပေါ် မပွင့်ခဲ့ဘူးတဲ့ပြတ်ပြတ် သားသား။ ဆူးပါတဲ့နှင်းဆီလည်းကြွေတတ်တာပဲ‌နော် ဆိုတော့*” ကြွေတာကိုက ပွင့်ခြင်းပဲ” လေတဲ့။ လူ့စည်း ဘီးလူ့စည်းအသဲစားရဲမှ သားရဲဖြစ်မှာပန်းမှာလည်းပန်းရဲ့စည်းတော့ ရှိရမပေါ့။ ဒါဟာ စစ်ပွဲတစ်ခုပဲလေ။ ကိုယ်က ဘီလူး ပါဘီလူးတော့ ဘီလူး ဒါပေမယ့်သာမန်...

ကဗျာ

လုပ်ကြံတဲ့သူ‌တွေကသွေးတစက်မှမထွက်ပဲတဘဝလုံး သေသွားတယ်၊သွေးအိုင်ထဲက လူတွေကအသက်မဲ့ခန္ဓာ နဲ့ကမ္ဘာတည်သရွေ့ရှင်သန်သွားတယ်။ အောင်စေနွေဦး၁၉ ၊ဇူလိုင် ၂၀၂၅။

More Posts

Facebook