Hi, what are you looking for?
ညကဖေဖေနဲ့မေမေကိုသားအိပ်မက်မက်တယ်။ အိပ်မက်ထဲမှာသားတို့ မိသားစုပြန်ဆုံကြတယ်။စကားတွေပြောဖြစ်ကြတယ်။ သားတို့သုံးယောက်လုံးပြုံးရယ်လို့ပေါ့။
◼️ပန်းတော်ဆက် ကင်မရာက ခြင်္သေ့ကိုတလှည့်ကျွဲ အုပ်ကိုတလှည့် ရိုက်ပြတယ်ကျွဲအုပ် ဟာ ….အန္တရာယ်ကို မသိခင် သူ့စားကျက်မှာသူ…စားသူစား ၊ကစားသူကစားမေထုံမှီဝဲ ၊ရေစုန် မှာ တနေကုန်အေးအေးလူလူ ရေစိမ်မြဲကင်မရာက ကျွဲအုပ်ကိုတစ်လှည့်ချောင်းမြောင်းနေတဲ့ခြင်္သေ့ကို တလှည့်ရိုက်ပြတယ်…။ကျွဲအုပ်ဟာ ရုတ်တရက် ဆိုသလိုခြင်္သေ့ကို တွေ့လိုက်ရချိန်လဲသူလဲကွဲသူကွဲကျွဲအုပ်ဟာ ကစဥ့်ကလျားကျွဲအုပ်ဟာ ဦးဂျိုကိုမေ့လို့ထွက်ပြေးတယ်….။ကျွဲတွေဟာ နေ့စဥ်ထွက်ပြေးတယ်….။သူတို့ထဲက တစ်ကောင်ကို မမိမချင်းထွက်ပြေးတယ်….။ကျွဲအုပ်ဟာ...
◼️ယောနသံ ထောင်အုတ်ရိုးပေါ် ကိုဖြတ်တိုက်လာတဲ့ လေထဲမှာမီးကျွမ်းနေတဲ့ ကျောင်းသုံးစာအုပ်လေးရဲ့ပြာနံ့ရတယ်။ ရမ်းငွေ့တွေကို ကွေ့ရှောင်ပျံသန်းပြီးမှပင်ပင်ပန်းပန်းနဲ့ ရောက်လာခဲ့တဲ့သတိရစိတ်ကလေးအဲ့ဒီ သတိရစိတ်ကလေးကိုဖွင့်ဖောက်ပြီး ဖတ်ကြည့်လိုက်တော့“မောင်ရေ… အခုထောင်ဝင်စာကရေခဲသေတ္တာလေးကို ရောင်းပြီးမှပို့ ပေးလိုက်ရတာပါ” တဲ့။ ဘဝတချို့ကအကျဉ်းထောင်ထဲမှာ မိုးချုပ်ကြဘဝတချို့ကဒုက္ခသည်စခန်းတွေမှာ မိုးချုပ်ကြဘဝတချို့ကပြန်စရာ အိမ်မကျန်တော့တဲ့တောထဲ တောင်ထဲမှာ မိုးချုပ်ကြအိမ်လွမ်းစိတ်ကလေးတွေဟာအိမ်ပြန်ရမယ့် ရက်ကိုလက်ချိုးရေတွက်နေကြ။ တခါတလေသူရဲကောင်းတစ်ယောက်လို့သန်မာ ဝံ့ကြွားကြ။တခါတလေသူရဲဘောကြောင်တဲ့ကောင်လိုအူလှိုက်သဲလှိုက် ငိုကြွေးမိကြ။မနက်ဖြန်တွေအတွက်...
Burmese Core ဒီရာစုနှစ်ရဲ့ အမှောင်ဆုံးညတွေထဲက တညပေါ့။မိုးဒဏ်လေဒဏ်ကို အလူးအလဲခံနေရတဲ့ အထီးတည်း အိမ်ငယ်လေးတလုံး။အိမ်ထဲမှာတော့ အလင်းရောင်ရဖို့ ကြိုးစားနေတဲ့ လူငယ်လေးတယောက်။စိုထိုင်းမှုရှိနေတဲ့ မီးခြစ်ဆံဗူးလေးကို ခြစ်ရင်းလွှင့်ပစ်လိုက်ရတဲ့ မီးခြစ်ဆံလေးတွေ တချောင်းပြီးတချောင်း။အိမ်ထောင့်က အမှောင်ရိပ်ထဲမှာတော့ လှုပ်ရွေ့နေတဲ့ မျက်လုံးတစုံ။မလှုပ်မယှက် လှဲလျောင်းနေတဲ့ အသက်ကြီးကြီးအမျိုးသမီးတဦး၊ဒါမှမဟုတ် သူ့ရဲ့အုပ်ထိန်းသူဖြစ်ပုံရတဲ့ တယောက်ယောက်နေမှာပေါ့။အဲဒီမျက်လုံးတွေဆီကလည်းအလင်းကို ညှိယူလို့ မဖြစ်နိုင်တော့တာ...
ခွန်းနီ ခပ်သုန်သုန်တိုက်တဲ့လေရူးကိုအတ္တမဲ့စွာခံစားကြည့်လိုက်တယ်ဘာပြန်ရလိုက်သလဲဆိုရင်လွတ်လပ်စွာအထီးကျန်မှုပဲရှိမယ်။တိုက်ချင်ရာတိုက်ခဲ့ပြီးမိုက်ချင်ရာမိုက်ခဲ့ကြလို့လေလွတ်လပ်ပေါ့ပါးတယ်ထင်ရပေမဲ့အထီးကျန်ခြင်းဟာလေးလံလွန်းပါတယ်။မင်းမရှိရင်မဖြစ်ဘူးဆိုပြီးမင်းမရှိလဲတစ်ဖွဖွဆိုမိနေတတ်တုံးလက်ပံတွေပွင့်ရင်လဲပြန်လာမှာမဟုတ်တော့ဘူးဒီနွေဦးဟာမင်းနဲ့မဆိုင်တော့သလိုမျိုး။ဒါဟာငါ့ထင်မြင်ယူဆချက်ပါပဲမင်းပြန်လာတာမျိုးလဲဖြစ်နိူင်တာပဲလေမသိစိတ်ရဲ့တောင်းတမှုကိုသိစိတ်ဟာမဖြည့်ဆည်းနိူင်မှတော့လွမ်းရတာပါပဲ။နွေဦးရဲ့ရွက်ကြွေတွေဟာသစ္စာရှိတယ်ရွက်နုဆိုတာတစ်ရွက်မှမပါဘူးကြွေသမျှရွက်ဟောင်းတွေလဲဘာကိုမှမဆန့်ကျင်ဘူးအားလုံးဟာသူ့ဆင့်ကဲဖြစ်စဥ်တွေအတိုင်းပဲ။ငါတို့နွေဦးမှာတော့ကြွေသမျှကရွက်နုတွေများတယ်မင်းဟာလဲအချိန်အခါမဟုတ်ကြွေခဲ့ရတာနှမြောတသဖြစ်ခြင်းနဲ့ဂုဏ်ယူရခြင်းရဲ့ကြားမှာငါရပ်နေခဲ့တာကြာပါပြီအမ်စောရယ်။ငါတို့တွေမပြီးသေးဘူးဆိုအခုကျပြီးပြီလားမင်းရဲ့အေးစက်စက်ခန္ဓာကိုယ်လေးတိမ်တွေအဖြစ်ပြောင်းသွားတာငါမြင်ရတယ်။အဲ့ဒီနေ့ကငါမငိုဖြစ်ခဲ့ဘူးရယ်တစ်နေ့တည်း ကုန်မယ့် မျက်ရည်မှမဟုတ်တာငါ့ကြေကွဲမှုဟာဒီတစ်ရက်နဲ့မလုံလောက်ခဲ့ဘူးအချိန်တိုင်းမှာကြေကွဲစရာနိူင်ငံတော်ပဲလေ။ငါ့အင်ပါယာမှာမင်းမရှိတော့ဘူးငါ့ကိုယ်ပိုင်နိူင်ငံတော်ကျဆုံးခဲ့ရတာငါပြန်တိုက်ယူရမယ် အမ်စောတကယ့်နိူင်ငံတော်ကြီးကိုလဲပြန်တိုက်ယူနေရတုံး။ငါ့အိမ်မက်ထဲမှာဖီးလ်နစ်ငှက်တစ်ကောင်ကိုမြင်တယ်နိုးထလာတော့ငါသိလိုက်တယ်အမ်စောမင်းတစ်ဖန်ပြန်နိုးထလာမယ်ဆိုတာငါသိလိုက်တယ်ငါ့သေနတ်ပြောင်းထဲမှာမင်းမြတ်နိုးတဲ့ပန်းတစ်ပွင့်ဘယ်သူလာထိုးသွားတာလဲ။ငါတို့လိုပုံစံတူဖြစ်ရပ်တွေအများကြီးပဲမေတ္တာဆိုတာသေသူရယ်ရှင်သူရယ်မခွဲခြားဘူးတဲ့ထားနိူင်သမျှပိုတန်ဖိုးရှိတယ်လို့ငါကြားဖူးတယ်မင်းကလဲတန်ဖိုးကြီးစွာနဲ့ငါ့ကိုထားခဲ့တာပါပဲ။သတိရတယ်….လွမ်းလဲလွမ်းရတယ်…ငိုတော့မငိုဖြစ်သေးဘူး အမ်စောရယ်။ (ကျဆုံးခဲ့သူလက်တွဲဖော်မိန်းကလေးအားရည်စူးရေးသားခြင်း) (The Call – ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘ခွန်းနီ’ရေးဖွဲ့ခဲ့တဲ့ “ရွက်နုတရွက်ကြွေလွင့်ခဲ့တယ်”ကဗျာကို People’s Spring က ပြန်လည်ဖော်ပြပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်ရေးအတွက် အထောက်အကူ ပြုတဲ့ စာပေကဏ္ဍမျိုးစုံကို “The Call...
အိမ့်ဘုန်းစစ်သော် (ကျောင်းသားလက်ရုံးတပ်တော်) “မြေမှုန့်တွေ လွင့်ပျယ်နေတယ်။ ဆောင်းတွင်းနွေဟာ သိပ်ပူမှန်း အမှန်တကယ်သိခဲ့ရတဲ့နေ့ပါပဲ။ ကျနော် အများကြီးမမျှော်လင့်တော့ပါဘူး။ ကျနော့်ရဲ့ အပြာရောင်ရေငွေ့လေး အဆုံးမသတ်သွားသ၍ လုံလောက်ပြီ။ တော်လှန်ရေးပြီးလို့ ကျနော်တို့အိပ်ခန်းလေးထဲ ဆေးအတူသုတ်နိုင်ခဲ့ရင် လုံလောက်ပါပြီ။” လက်ရှိမှာ ကျနော်ရင်ဆိုင်နေရတဲ့ အခက်ခဲတခုပါပဲ။ ကျနော်တို့နိုင်ငံဟာ အင်မတန် ဖျားနာနေခဲ့တယ်။ ပြည်သူလူထုက...
SWN ဝမ်းနည်းစရာတွေ ကုန်ဆုံးပြီးနောက်ဘာကျန်ခဲ့ပါသလဲ။ မာကျောနေတဲ့ အသည်းနှလုံးတခုနဲ့ငါတို့ဆက်လုပ်မှရမယ်ဆိုတဲ့ဆုံးဖြတ်ချက်ပဲ ကျန်ခဲ့ပါတယ်။ ကျနော် မြန်မာပါခင်မျာ . . . နေစရာနေရာလည်း မရှိ၊စားစရာလည်းမရှိလို့ ထမင်းနည်းနည်းလောက်ကျွေးကြပါ၊ ကျနော် ထိုင်းစကားမတတ်လို့ သနားကြပါခမျာထမင်းလေးရေလေး ပေးသနားကြပါခမျာ မှတ်ပုံတင်နာမည် – မောင်သန်းရွှေ၊နဖူးအမာရွတ်ရှိ၊ရခိုင်-ဗုဒ္ဓဘာသာဝင်တဦးရဲ့ အမှတ်အသားတွေပါ။ အိမ်ကိုသာ မီးရှို့လို့ရမယ်။ကျမတို့...
ဂနိုက် ကျန်ရစ်ခဲ့ပြီ သူ့မိသားစုလေး သူ့အိမ်အိုလေး ထားသွားခဲ့ပြီ သူ့သမီးငယ်လေးကိုရော ချစ်ဇနီးသည်လေးကိုရော ချန်ထားခဲ့ပြီ သူယုံကြည်တဲ့တော်လှန်ရေးနဲ့သူမြင်ချင်တဲ့လွတ်လပ်ရေးကို နောက်ဆုံး အလေးပြုချိန် စစ်ရေးပြရဲဘော်တွေအားလုံးကလဲမျက်ရည်တွေ၀ိုင်း လက်သီးဆုပ်တဖက်ကကျစ်လို့မာလို့ နောက်တဖက်က လက်၀ါးဖြန့်မျက်ခုံးနားကပ် တုန်လို့ခါလို့ “နေမြဲ” လက်တွေရုတ်ကနဲ သူ့ဇနီးသည်လေး အရုပ်ကျိုးပျက်လဲကျ သူ့သမီးငယ်လေးက မျက်ရည်မကျပဲ ရှိုက်ကြီးတငင်နဲ့ “ဖေဖေ့ကို...
ဆူဏီးလ် သေနေတဲ့ သစ်ခွပင်ပေါ်ကနေရောင်ခြည်ကို ဖန်ပုလင်းလွတ်တစ်လုံးထဲ တွန်း တွန်းပို့နေမိတယ်။ လိပ်ပြာကလေးတောင်ပံအောက်မှာ နှင်း နှင်းကျနေတုန်းပဲ ဧပရယ်နွေနံနက်ခင်းတွေရယ်။ ဗုံးချခံလိုက်ရသလို ကစဥ့်ကလျားစစ်မြေပြင် အစာကောက်ငှက်ကလေးတွေရယ်။ အာလူးခင်းထဲပြေး ပြေးဝင်နေတဲ့ မီးရထားတစ်စင်းရဲ့ ခေါက်တုံ့ခေါက်ပြန်မီးခိုးတွေရယ်။ လေတိုးမခံတော့တဲ့အရိုးတွေပဲ ရ ရတဲ့စျေးနဲ့ထုတ်ချင်နေတဲ့ ပေါ်ပီပန်းပင်တွေရဲ့ဖျားနာသံရယ်။ မြေနီလမ်းအတိုင်း ထမ်း ထမ်းယူလာတယ်...