close
Connect with us

Hi, what are you looking for?

သတင်း

လွန်ခဲ့တဲ့ ၁၀ နှစ်ကပြေတီဦးရုပ်သံအဟောင်းနဲ့မဲစာရင်းလာစစ်ဖို့ ပုံမှားရိုက်လွှင့်နေတဲ့စစ်အုပ်စု

ဓါတ်ပုံ-Screengrab

အောက်တိုဘာ-၃၊၂၀၂၅။တိုးနေဝင်း/People’s Spring

ရုပ်ရှင်သရုပ်ဆောင်ပြေတီဦး လွန်ခဲ့တဲ့ ဆယ်နှစ်က ရိုက်ကူးပေးထားတဲ့ မဲစာရင်းစစ်ဖို့ ရုပ်မြင်သံကြားဇာတ်လမ်းတိုကို အာဏာသိမ်းစစ်အုပ်စုက အခုမှ ရိုက်ထားသယောင် ပုံမှားရိုက်ပြီး MRTV ကနေ ထုတ်လွှင့်နေပါတယ်။

ဓါတ်ပုံ-Screengrab

ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၅ ​ရွေး​ကောက်ပွဲအတွက် ရိုက်ကူးထုတ်လွှင့်ခဲ့တဲ့ ထောင်မင်းသားနှင့်တွေ့ဆုံခြင်းလို့ အမည်ပေးထားတဲ့ အဲဒီရုပ်သံဇာတ်လမ်းတိုမှာ မဲစာရင်းသွားကြည့်ကြဖို့ ပြေတီဦးက တိုက်တွန်းပေးထားတာကို တွေ့ရပါတယ်။ အာဏာသိမ်းကာလအစောပိုင်းမှာ ဆန္ဒပြခဲ့လို့ ပြေတီဦးနဲ့ အိ​န္ဒြာကျော်ဇင် ဇနီးမောင်နှံနှစ်ဦးလုံး ထောင်ဒဏ် ကျခံခဲ့ရပါတယ်။ လွတ်မြောက်လာပြီးနောက်ပိုင်းမှာလည်း စစ်ကောင်စီဝါဒဖြန်ချန်နယ်တွေက သူတို့ဇနီးမောင်နှံကို မကြာခဏ တိုက်ခိုက်လေ့ရှိပါတယ်။

စစ်အုပ်စုရဲ့​ရွေး​ကောက်ပွဲအတွက် မဲစာရင်း​တွေကပ်​နေ​ပေမယ့် ပြည်သူအများစုက မကြည့်ကြတဲ့အချိန်မှာ ဒီရုပ်သံကို MRTV ကထုတ်လွှင့်လာတာဖြစ်ပါတယ် ။ စစ်တပ်​ရွေး​​ကောက်ပွဲကိုအယုံအကြည်မရှိသလို စိတ်မဝင်းစားလို့ မဲစာရင်းကိုမကြည့်တာလို့ ပြည်သူအချို့က​ပြောပါတယ်။

Public Service Announcement

Public Service Announcement

အခု ရုပ်သံဇာတ်လမ်းတို ထွက်လာတော့ အာဏာရှင်ကိုဆန့်ကျင်သူတွေက ပြေတီဦးအပေါ် အထင်အမြင်လွဲမှားမှုတွေ ရှိလာတယ်လို့ ပြည်သူအချို့က​ပြောပါတယ်။ စစ်ကောင်စီဟာ သူတို့အတွက်လည်း ဝါဒဖြန့်ရင်း ပြည်သူနဲ့အနုပညာရှင်ကို ရန်တိုက်ပေးခဲ့ခြင်းသာ ဖြစ်ပါတယ်။

သာမန်ကြည့်ရင်ကို အဲဒီရုပ်သံဇာတ်လမ်းတိုဟာ အခုရိုက်ထားတာမဟုတ်ဘူးဆိုတာ အင်မတန်သိသာပါတယ်။ ပါဝင်တဲ့ ပြေတီဦး၊ နေထွဋ်နဲ့ မြင့်မြင့်ခိုင်တို့ဟာ လက်ရှိအရွယ်ထက် ၁၀ နှစ်ဝန်းကျင်ငယ်စဥ်ကရိုက်ကူးထားတာမိူ့ သိသိသာသာ နုပျိုနေကြပါတယ်။ ဇာတ်ကားပြီးလို့ စာတန်းထိုးချိန်မှာ ပြေတီဦးကို သုံးထပ်ဆင့်အကယ်ဒမီလို့ ထိုးထားပါတယ်။ ပြေတီဦးဟာ အကယ်ဒမီ ငါးဆု ရရှိပြီးပါပြီ။

တကယ်တော့ အဲဒီရုပ်သံဇာတ်လမ်းတိုဟာ ၂၀၁၅ အထွေထွေးရွေးကောက်ပွဲအတွက် ရိုက်ကူးပေးခဲ့တဲ့ ဇာတ်လမ်းတိုသာဖြစ်ပါတယ်။ အဲဒီရုပ်သံကို အတူတကွမဲပေးကြစို့ Let’s Go Vote Together facebook page ကနေ ၂၀၁၅ ခုနှစ် ဇွန်လ ၃ ရက်နေ့က တင်ထားခဲ့တာကို တွေ့ရမှာဖြစ်ပါတယ်။ (Screen Shot တွင်ရှု)

ပြေတီဦးတင်မကဘဲ အခြားသရုပ်ဆောင်တွေနဲ့ အဆိုတော်တွေရဲ့ ရွေးကောက်ပွဲအကြို ပညာရေးရုပ်သံတွေ၊ သီချင်းတွေကိုလည်း စစ်ကောင်စီက လက်ရှိရိုက်ထားသလိုပုံစံနဲ့ MRTV နဲ့ မြန်မာ့အသံ ရေဒီယိုကနေ ထုတ်လွှင့်နေတယ်လို့ သိရပါတယ်။

၂၀၁၅ ​ရွေး​ကောက်ပွဲမှာ စစ်တပ်ရဲ့ ပြည်ခိုင်ဖြိုးပါတီအနိုင်ရဖို့ ​ရွေး​ကောက်ပွဲကြိုကာလမှာ စစ်အုပ်စုက အမျိုးမျိုးအသာစီးယူခဲ့​ပေမယ့် ​​ရွေး​ကောက်ပွဲမှာ အမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ်(NLD)ပါတီက ပြည်သူ့လွှတ်​တော်နဲ့ အမျိုးသားလွှတ်​တော် နှစ်ရပ်​​​ပေါင်း တဲ့ပြည်​ထောင်စုလွှတ်​တော်မှာ ​ရွေး​ကောက်ခံအမတ် ​နေရာ ၄၉၈ ​နေရာမှာ ၃၉၀ ​နေရာ အနိုင်ရပြီး အပြတ်အသတ်​အောင်ပွဲခံပြီးအစိုးရဖွဲ့နိုင်ခဲ့ပါတယ်။

၂၀၁၅ ​ရွေး​ကောက်ပွဲဟာ စစ်သားက​နေ ယူနီ​ဖောင်း​ပြောင်း ဝတ်ထားတဲ့ ဦးသိန်းစိန်အစိုးရလက်ထက်မှာကျင်းပခဲ့​ပေမယ့် NLD ပါတီအပါအဝင် ဒီမိုက​ရေစီအရး တစိုက်မတ်မတ်လုပ်တဲ့ အတိုက်အခံပါတီ​တွေ ပါဝင်ယှဥ်ပြိုင်သလို ၊​ရွေး​ကောက်ပွဲအတိုင်ခင် နိုင်ငံ​ရေးအကျဥ်းသား​တွေလွှတ်​ပေးပြီ​ရွေး​ကောက်ပွဲယှဥ်ပြိုင်ခွင့်ပြုတာ ၊​ရွေး​ကောက်ပွဲ​​လေ့လာ​စောင့်ကြည့်တဲ့နိုင်ငံတကာအဖွဲ့​တွေ ကိုခွင့်ပြုတာ ၊မီဒီယာ​လွတ်လပ်ခွင့်​ပေးထားသလို နိုင်ငံတကာမီဒီယာ​တွေကို လွတ်လွတ်လပ်လပ်သတင်းယူခွင့်ပြုတာ ၊ ပြည်သူ​တွေကိုခြိမ်း​ခြောက်တာမရှိပဲလွတ်လပ်စွာ​မဲ​ပေးခွင့်ပြုတာ၊​ရွေး​ကောင်ပွဲဥပ​ဒေ​တွေကို ပါတီ​တွေအတွက်​ဖြေ​လျှော့တာ စတဲ့အချက်​တွေ​ကြောင့် အတိုင်းအတာတစ်ခုထိလွတ်လပ်မျှတ တဲ့​ရွေး​ကောက်ပွဲလို့နိုင်ငံတကာက သတ်မှတ်ကြပါတယ်။ လက်ရှိစစ်တပ်က စိတ်တိုင်းကျလုပ်မယ့်​ရွေး​ကောက်ပွဲကို​တော့ အာဏာသိမ်း​​ခေါင်း​ဆောင်​တွေရဲ့နိုင်ငံ​ရေးထွက်​ပေါက်အတွက်လုပ်မယ့် ဟန်ပြ​ရွေး​ကောက်ပွဲလို့ ​တော်လှန်​ရေးအင်အားစု​တွေက​ကြေညာထားပါတယ်။ အ​မေရီကန် အပါအဝင် ဒီမိုက​ရေစီနိုင်ငံ​တွေကလည်းစစ်တပ်​ရွေး​ကောက်ပွဲကိုလက်မခံဘူးလို့​ပြောထားကြပါတယ် ။

(​ပြေတီဦးသရုပ်​ဆောင်ထားတဲ့ ၂၀၁၅ ​ရွေး​ကောက်ပွဲအတွက် ရိုက်ကူးခဲ့တဲ့ “ ​ထောင်မင်းသားနဲ့​တွေ့ဆုံခြင်း” ဇာတ်လမ်းကို ၂၀၁၅ ဇွန်လ ၃ ရက်ကထုတ်လွှင့်ခဲ့စဥ် / အာဏာသိမ်းစစ်အုပ်စုရဲ့ MRTV က ၂၀၂၅ ​ရွေး​ကောက်ပွဲအတွက် ​ပြေတီဦးကရိုက်ကူး​ပေးသ​​ယောင်ထုတ်လွှင့်​နေစဥ်။

ဆက်စပ်သတင်းများ