Connect with us
close

Hi, what are you looking for?

LuduNwayOo

ဆောင်းပါး

ဒေါတမကြီး သတ်ကွင်း

ကရင်နီ(ကယား)ပြည်နယ်ရှိ လွိုင်ကော်၊ဒီးမော့ဆို၊ဖရူဆို နှင့် ဘောလခဲ မြို့နယ်လေးခုပေါ်ရှိ ဆက်သွယ်ရေးလမ်းမပေါ်၌ “ ဒေါတမကြီး” ရွာ တည်ရှိသည်။

ဒေါတမကြီး သတ်ကွင်း

ရဲ​ခေါင်/People’s Spring

ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတွင်ရှိ သော “ ဒေါတမကြီး” ကျေးရွာသည် ကရင်နီလူမျိုးစုပေါင်းစုံ နေထိုင်သည့် ကျေး ရွာဖြစ်သောကြောင့် နိုင်ငံခြားသား ခရီးသွားဧည့်သည်များကို ဆွဲ ဆောင်နိုင်သည့် နေရာတစ်ခုအဖြစ်ပင် ၂၀၁၈ ခုနှစ်တွင် ​ရွေး​ကောက်ခံအရပ်သားအစိုးရကသတ်မှတ်ခဲ့သည်။

သို့သော် စစ်အုပ်စုက အာဏာသိမ်းပြီး နောက်ပိုင်းတွင် မူ အခြားကရင်နီဒေသ​ကျေးရွာအများစုနည်းတူ “ ဒေါတမကြီး” ကျေးရွာမှာလည်း စစ်တလင်းမြေ ဖြစ်လာရ​တော့သည်။

အထူးသဖြင့် ယခုမတ် ၈ ရက်နေ့က စစ်ကောင်စီ၏ အမှတ်(၂ )စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၂) ၏ တပ်ရင်းများက ဒေါတမကြီးရွာ နှင့် ဆယ်မိုင်ပတ်ချာလည် နေရာများသို့ အထူးစစ်ဆင်ရေးဖြင့် အင်အားအများအပြားဖြင့် စတင် ဝင်လာခဲ့သည်။

ဒေါတမကြီး သတ်ကွင်း

မြေပြင် စစ်ရေးအချက်အလက်အရ ထိုးစစ်ဆင်လာသည့် တပ်ရင်းများမှာ ရှမ်းပြည်နယ်အခြေစိုက် ခလရ (၁၂)၊ ခမရ (၅၁၆ )နှင့် ခမရ (၅၁၅ )တပ်များဖြစ် သည်။ စစ်သားအင်အား ၃၃၀ ​ကျော်ဖြင့်ထိုးစစ်ဆင်လာခြင်းဖြစ်၏ ။

ထိုတပ်ရင်းများသည် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာ နချုပ် တိုင်းမှူးက တိုက်ရိုက်ကွပ်ကဲရသည့် တပ်များ ဖြစ်ပေသည်။

“ အခု ၅၁၅ က အစွန်ဖက် ကထိုးလာတယ်။၅၁၆ က အလယ်ကထိုးတယ်။ နောက်တောင်ပေါ် က နောက်တစ်ကြောင်းက ထိုးတယ်။အဲဒီပုံစံနဲ့ သုံး ရင် တစ်ဗျူဟာနဲ့ စစ်ကောင်စီရဲ့ ဖွဲ့စည်းပုံ အတိုင်း ဝင်လာတာ” ဟု စစ်ကောင်စီ၏ အထူးစစ်ဆင်ရေးပုံစံကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တာဝန်ရှိသူက ရှင်းပြသည်။

စစ်ကောင်စီ စစ်ကြောင်းများဝင်လာသည် နှင့် တစ် ပြိုင်တည်း ကရင်နီပူးပေါင်းတပ်များက ခုခံစစ်ဆင်နွှဲ ခဲ့သည်။ ဒေါညင်းခူ ၊ ဒေါဆိုဖျ ၊ ဒေါတမကြီး ကျေးရွာများ၌ တိုက်ပွဲများ နေစဥ်ဖြစ်ခဲ့သည်။

ထိုစဥ် စစ်ကောင်စီ၏ စစ်ကြောင်း ဖြန့်ဝေမှု၊စစ် ကြောင်း လှုပ်ရှားမှု များ ကို ကရင်နီတပ်များက နေ့စဥ် မပြတ်ထောက် လှမ်းခဲ့သည်။ထို့နောက် တိုက်ပွဲ၏ အလှည့်အ​ပြောင်းမှာမတ်လ ၂၀ ရက်တွင်ချက်ချင်း​ပြောင်းသွား သည်။

မတ် ၂၀ ရက်မှစ၍ ခုခံစစ်မှ တိုက်စစ်သို့ချက်ချင်း​ပြောင်းလိုက်ခြင်းပင်။

“ စစ်ပွဲရဲ့ အနေအထားအရ ခုခံစစ် က နေ ထိုးစစ် ဆင်ဖို့ ဆိုတာ ရန်သူကို လေ့လာရတယ်။အဲဒီလေ့လာပြီး ရလာတဲ့ အချက်ကလည်း သေချာဖို့ ဖြစ်ရတယ်။ဒါကို သေချာ ဗျူဟာ မြောက် ကစားဖို့။ပြင် ဆင်ဖို့ ကြိုးစားခဲ့ရတယ်” ဟု ဒေါတမကြီး ကျေးရွာတိုက်ပွဲ၌ ပါဝင်ခဲ့သော ကရင်နီတပ်ဖွဲ့ဝင် က ပြောသည်။

ထို့နောက် ကရင်နီတပ်ပေါင်းစု၏ (မတ်လ ၂၀ ရက် မှ ၂၃ ရက်)အထိ ပြန်လှန် ထိုးစစ် ဆင်မှု၌ ဒေါတမကြီးကျေးရွာတွင် စစ်ကောင်စီ၏ ခမရ ၅၁၅ တပ်ရင်းတစ်ခုလုံး ပြုတ်ခဲ့ရသည်။

“ ၂၂ ရက်က ထိပ်တိုက်ချေမှုန်းရေး အဓိက အဆုံး အဖြတ်ပဲ ။ဒေါတမကြီးရွာထဲက သူတို့(စစ်ကောင်စီတပ်သားများ)အထိုင်ချထားတဲ့ နေရာကနေ ပြန်ထွက်ဖို့ထွက်ပေါက်လုံးဝမရှိတော့အောင် ပိတ်ဆို့ နိုင်ခဲ့တာ” ဟု အထက်ပါရဲဘော် က ဂုဏ်ယူစွာဖြင့် ပြောပြသည်။

သို့​သော်ကရင်နီတပ်ပေါင်းစု၏ ဗျူဟာမြောက်တိုက်ပွဲဖော်​ဆောင်ခဲ့မှု အသေးစိတ်ကိုမူ ယခု​​ဆောင်းပါးတွင်ချန်လှပ်ထားပါသည်။

KA ၊KNDFတပ်ရင်းများ ၊​နေပြည်​​တော်PDF ၊​ဘော်လခဲ PDF တို့က ဗျူဟာကျကျ ခုခံတိုက်ခိုက်ခဲ့ကြသည်။

“ ဒေါတမကြီး” ကျေးရွာ တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖက်မှ အရာရှိများအပါအဝင် ၉၀ ကျော်သေဆုံးပြီး ၅၀ ထက်မနည်း ဒဏ်ရာရခဲ့သည်။ ကရင်နီပူး​ပေါင်းတပ်များက စစ်သား ၇ ဦးကိုလည်း စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးနိုင်ခဲ့သည်။

စစ်ကောင်စီထုတ် လက်နက်ချည်းပင် အ လက် ၄၀ စွန်းစွန်းရရှိခဲ့သည်။ MA-1 (၁၀)လက် ၊ MA- 2 (၁၀)လက် ၊ MA- 3 (၁၀)လက် ၊ MA-4 79တွဲ (၁)လက် ၊ 9MM ပစ္စတို ငါးလက် ၊ RPG နှစ်လက် ၊ (၆၀)မမ ပြောင်း (၂)ပြောင်း ခု ပါဝင်သည်။ဗုံးသီးနှင့် ခဲယမ်းများစွာ၊စစ်သုံးပစ္စည်းများစွာကိုလည်းသိမ်းဆည်းရရှိခဲ့သည်။

ဒေါတမကြီး သတ်ကွင်း

အ​ရေးကြီး​သလိုဗျူဟာ​မြောက်ကာနှစ်ပတ်ကျော်ကြာမြင့်သည့် “ ဒေါတမကြီးကျေးရွာ” ၏ ခုခံစစ် နှင့် ပြန် လှန်ထိုးစစ် တိုက်ပွဲများ၌ KNDF မှ ရဲဘော်နှစ်ဦး၊ ကရင်နီ တပ်မတော် KA မှ ရဲ ဘော်နှစ်ဦး နှင့် နေပြည်တော် PDF မှ ရဲဘော်တစ်ဦး နိုင်ငံ​​တော်အနာဂါတ်နှင့်ပြည်သူများအတွက် အသက်​ပေးလှူခဲ့ရ၏ ။

တပ်ရင်းတစ်ခုလုံးပြုတ်သွား​သော စစ်ကောင်စီတပ်က ဒေါညင်းခူ၊ ဒေါဆိုဖျနှင့် ဒေါတမကြီး ကျေးရွာများကို လေ ကြောင်းပစ်ကူများစွာယူ၍ မတ်လ ၂၄ ရက်တွင် နေအိမ်တစ်ရာကျော်ကို အငြိုးကြီးစွာမီးရှို့ဖျက်ဆီးခဲ့သည်။

ဒေါတမကြီး သတ်ကွင်း

စစ်အုပ်စုသည် ​ဖေ​ဖော်ဝါရီ လမှစ၍ ကရင်နီပြည်နယ်ကိုအင်အားအများအပြားဖြင့်ထိုးစစ်ဆင်ခဲ့ခြင်းပင်။ ​ဖေ​ဖော်ဝါရီ လကုန်ပိုင်းတွင် ပင်း​လောင်မြို့နယ် ​​ဆောင်း​ပြောင်း​ကျေးရွာတိုက်ပွဲ၌ အထိနာခဲ့​သောစစ်တပ်သည် ကရင်နီပြည်အတွင်းသို့ ပင်လောင်း၊ ရှားတော၊ ဒီးမော့ဆို နှင့် ဘောလခဲမြို့နယ်အသီးသီးတို့မှ စစ်မျက်နှာ (၄) ခုဖွင့်ကာ စုစုပေါင်း စစ်ကြောင်း (၁၂) ကြောင်းဖြင့်စစ်သားအင်အား ၂၀၀၀ ​ကျော်ဖြင့်အပြင်းအထန် ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်သည်။ကရင်နီပူး​ပေါင်းတပ်များ၏ စုစည်းစွာ၊ ရွတ်ရွတ်ချွံချွံဖြင့် ဗျူဟာ​မြောက် တိုက်ခိုက်မှုများ​ကြောင့်ဖယ်ခုံတွင်​ရော ၊ပင်​လောင်းတွင်​ရော ၊ဒီး​မော့ဆိုတွင်​ရော စစ်မျက်နှာပြင်တိုင်​သေဆုံးထိခိုက်မှုအများအပြားဖြင့် အထိနာ​နေသည်။

ဒေါတမကြီး သတ်ကွင်း

ကရင်နီတပ်ဖွဲ့များ၏ ဗျူဟာ​မြောက်တိုက်ခိုက်မှုများက နိုင်ငံတစ်ဝန်းရှိ ​တော်လှန်​ရေးအဖွဲ့များကို ခွန်အားများဖြစ်​​စေသည်။

” ဒီတစ်ခေါက်ထိုးတဲ့ စစ်ကောင်စီ စစ်ကြောင်းက အင်းအားလဲကြီး ဗျူဟာမြောက်များစွာလဲ သေသေချာချာလုပ်တာပေါ့။ အဲ့လို စစ်ကြောင်းကို အသာစီး ရပြီး အပြုတ်ဖြုတ်နိုင်တယ်ဆိုတော့ တော်တော်လေးကို ခွန်အားဖြစ်စေရပါတယ် “ ဟုအနောက်ပိုင်း တပ်ရင်း ၇၀၃မှ PDF ရဲ​ဘော်တစ်ဦးက​ပြောသည်။၎င်းသည် စစ်​တပ်၏ တပ်မ ၆၆ မှ စစ်​ကောင်စီ၏ မတရားမှုများကို ရွံ့မုန်း၍ ပြည်သူရင်ခွင်ခိုလှုံကာ CDMဝင်လာသည့် PDFတပ်သားတစ်ဦးဖြစ်သည်။

​ဒေါတမာကြီးတိုက်ပွဲနှင့်ကရင်နီတိုက်ပွဲများကတော်လှန်​ရေးအဖွဲ့တိုင်းအတွက်သင်ခန်းစာလည်းရ​စေ​ကြောင်း၎င်းကသုံးသပ်သည်။

ဒေါတမကြီး သတ်ကွင်း

“ အဓိက အချက်တွေက ဗျူဟာကျကျပြန်လည်းတိုက်ခိုက်နိုင်တယ်။ စနစ်တကျ လုပ်ပြသွားတယ်။အဓိကအကြောင်းရင်းကတော့ အမိန့်နာခံမှုကောင်းတာလည်းပါတယ်။ တော်လှန်ရေးအဖွဲ့တွေကို ပြောချင်တာကတော့ စနစ်တကျနဲ့ အမိန့်နာခံမှုရှိအောင်လုပ်ကြပါ။ ဒါဆိုရင်စစ်ကောင်စီ စစ်ကြောင်းတိုင်းကို အသာစီးနဲ့ တိုက်ခိုက်နိုင်မယ်လို့ ပြောချင်ပါတယ်။ NUGကတော့ လက်နက်ချပေးရမယ်ပေါ့။” ဟု အနောက်ပိုင်း တပ်ရင်း ၇၀၃ ၏ PDF တပ်ဖွဲ့ဝင်က ဆက်​ပြောသည်။

စစ်တပ် တပ်ရင်းတစ်ခုလုံး ပြုတ်ခဲ့သည့် “ ဒေါတမကြီး” တိုက်ပွဲသည် ကရင်နီဒေသ၏ စစ်အာဏာရှင်တော်လှန်ရေး သမိုင်းဝင်မှတ်တမ်းတစ်ခုဖြစ်​နေမည်ဟု KNDF တာဝန်ရှိသူက မှတ်ချက်ပြုသည်။

“ ကရင်နီပြည်နယ်ထဲကို သူတို့(စစ်ကောင်စီ)ဘယ် လိုနည်းနဲ့ပဲ ဝင်လာဝင်လာ။စစ်ကြောင်းပဲ ထိုးထိုး၊စစ် ဆင်ရေးပဲ လုပ်လုပ် ကရင်နီ ဒေသရဲ့ နေရာတိုင်း မှာကျွန်တော်တို့ရဲ့ သတ်ကွင်းတွေချည်းပဲ” ဟု ၎င်းက ပြတ်သားစွာ​ပြောလေသည်။

You May Also Like

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင် မုံရွာမြို့ရောက်ရှိသည့်ရက်တွင်ဒေသတွင်းတော်လှန်ရေးအင်အားစုများကအနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) အတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

သတင်း

ကရင်နီဒေသ၌ နွေဦးတော်လှန်ရေးအစကတည်းက ပြည်သူ့ဘက် ရပ်တည်လာသည့် စစ်သားနှင့် ရဲများကို ကြိုဆိုလျက်ရှိကြောင်း၎င်းကဆိုသည်။ ပြည်သူ့ရင်ခွင့်အဖွဲ့လည်း ကရင်နီဒေသ၌ ရှိကြောင်း အမှန်တကယ် ပြည်သူ့ဘက် ရပ်တည်လိုသူများကိုဆက်လက်ကြိုဆိုသွားမည်ဖြစ်ကြောင်း ခူညေးရယ်က ပြောကြားသည်။

သတင်း

မတ်လ ၂၀ရက်တွင် မတူပီအခြေစိုက် ခမရ(၃၀၄)မှ ထွက်လာသည့် အင်အား ၈၀ ခန့်ပါ ယာဉ်တန်းကို မတူပီ-ပလက်ဝ လမ်းမပေါ် တွင်မတူပီ CDF၊ချင်းအမျိုးသားတပ်မတော်(CNA)တို့ကဆက်တိုက်ကြားဖြတ်တိုက်ခိုက်​နေခြင်းဖြစ်သည်။

သတင်း

တိုက်ပွဲတွင် စစ်တပ်က လက်နက်ကြီးပစ်ခတ်မှု​ကြောင့် အရပ်သားများလည်း ထိခိုက်သေဆုံးမှုရှိသလို ရဟတ်ယာဉ်ဖြင့် နှစ်ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဂဠုန်စစ်ကြောင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။