Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာ – မန္တလေးလမ်းပိုင်း စစ်ဆေးငွေတောင်းခံနေသော စစ်အုပ်စုအား ဒေသကာကွယ်ရေးတပ်များ တိုက်ခိုက်

စစ်အုပ်စုက လက်နက်ငယ်များဖြင့် ရွာသာကြီး ရောက်သည်အထိ ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း၊ ထို့နောက် ဆက်မသွားတော့ဘဲ ရွာသာကြီးရွာအတွင်းသို့ ဝင်ရောက်သွားခဲ့ကြောင်း​ ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

( မုံရွာ - မန္တလေးလမ်းပိုင်း ဖြတ်သန်းသွားလာသော ကားနှင့် ဆိုင်ကယ်များအား စစ်ဆေးငွေတောင်းခံနေသော စစ်အုပ်စုအား ပြည်သူ့ရဲဘော်များ တိုက်ခိုက်နေစဥ်)
( မုံရွာ - မန္တလေးလမ်းပိုင်း ဖြတ်သန်းသွားလာသော ကားနှင့် ဆိုင်ကယ်များအား စစ်ဆေးငွေတောင်းခံနေသော စစ်အုပ်စုအား ပြည်သူ့ရဲဘော်များ တိုက်ခိုက်နေစဥ်)

အရာတော်မှ ရွှေဘိုမြို့သို့သွားသော စစ်ကောင်စီယာဥ်တန်း မိုင်းထိ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ရှိ မုံရွာ – မန္တလေးလမ်းပိုင်း ဖြတ်သန်းသွားလာသော ကားနှင့် ဆိုင်ကယ်များအား စစ်ဆေးငွေတောင်းခံနေသော စစ်အုပ်စုအား တိုက်ခိုက်ရာ ပျူသုံးဦးသေဆုံးကြောင်း Youth Revolution Attack Force ၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

မတ်လ ၂၅ရက် နံနက်ပိုင်းက မုံရွာမြို့နယ်၊ တောပုရွာမှ စစ်ကောင်စီတပ်သားနှင့်ပျူများသည် မုံရွာ – မန္တလေးလမ်းပိုင်း ဖြတ်သန်းသွားလာသော ကားနှင့်ဆိုင်ကယ်များအား စစ်ဆေး ငွေတောင်းခံနေစဥ် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း YRAF ၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပျူ သုံးဦးသေဆုံးကာ အများအပြားထိခိုက်​ဒဏ်ရာရရှိကြောင်း အဆိုပါသတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“ ရိက္ခာထွက်ဝယ်ဖို့ အင်အား ၄၀ ခန့်က ကင်းလာယူပေးတာ။ သုံးကင်းယူတယ်။ ကင်းယူရင်း

လာသမျှဆိုင်ကယ်ကားတွေကို ငွေကြေးယူနေတာ။ မဟာမိတ်အဖွဲ့တွေနဲ့ ပစ်ခတ်တဲ့အချိန်မှာ နှစ်ချက်ပစ်ခတ်တဲ့အချိန်မှာ ၃ယောက်လဲကျသွားတာမြင်ရတယ်။လက်နက်ငယ်တွေနဲ့တောက်လျှောက်ပစ်တယ်။ ကြေးမုံဇရပ်မှာသွေးကွက်တွေကျန်နေခဲ့တယ်။ အလောင်းတွေထမ်းသွားတာတွေ၊ ဆိုင်ကယ်နဲ့လူတွေနဲ့လာသယ်တယ်။” ဟု ၎င်းက ပြောသည်။

အဆိုပါ တိုက်ခိုက်မှုအား Spring Dove၊ Garuda King Monywa၊ Monywa Peacock Defence Force၊ Anyar Defense Force၊ Brave Heart Army၊ Special Forces 11၊

Special ဒိတ်ဒိတ်ကြဲ၊မုံရွာခရိုင်အမှတ် (၁၁)တပ်ရင်း၊ အမှတ်(၁၂)တပ်ရင်း၊ အမှတ် (၂၄)တပ်ရင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။

အထိနာခဲ့သော စစ်ကောင်စီတပ်သည် အနီးအနားရှိ မုံရွေးစံပြကျေးရွာသို့ သွားရောက်ကာ မုံရွာ – ချောင်းဦးလမ်းဘေးရှိ လက်ဖက်ရည်ဆိုင်နှင့် ဆိုင်ခန်း ၆ ခန်းတွဲ၊ နေအိမ်တစ်လုံးကို မီးရှို့ကာ တောပုကျေးရွာသို့ ပြန်လည်ဆုတ်ခွာသွားသည်။

ထို့အပြင် စစ်ကိုင်းတိုင်း၊ အရာတော်မှ ရွှေဘိုမြို့နယ်သို့သွားသော စစ်ကောင်စီယာဥ်တန်းအား မိုင်းဆွဲတိုက်ခိုက်ရာ ထိခိုက်ပျက်စီးမှုများရှိကြောင်း မြင်းဖြူရှင်ပြောက်ကျားအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

မတ်လ ၂၄ ရက်က အရာတော်စစ်တပ်တွင်းမှ ရွှေဘိုမြို့နယ်သို့ (၇)စီးပါ စစ်ကောင်စီယာဥ်တန်းအား ည ၈နာရီခန့်တွင် အရာတော်နှင့် ရွာသာကြီးကျေးရွာကြား မိုင်း သုံးလုံးဖြင့် တိုက်ခိုက်ခဲ့ရာ ယာဥ်တန်းအား ထိမှန်ခဲ့ကြောင်း မြင်းဖြူရှင်ပြောက်ကျားအဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

စစ်အုပ်စုက လက်နက်ငယ်များဖြင့် ရွာသာကြီး ရောက်သည်အထိ ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း၊ ထို့နောက် ဆက်မသွားတော့ဘဲ ရွာသာကြီးရွာအတွင်းသို့ ဝင်ရောက်သွားခဲ့ကြောင်း​ ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

“ ရွှေဘို – မန္တလေးလမ်းကြောမှာ စစ်ကြောင်းတွေ အခုတလော ခဏခဏ ထိုးတယ်။ ကားနဲ့သွားတဲ့ ကြောင်းက ရွှေဘိုထဲ ဝင်သွားတာ။ ကားတန်းကို လိုက်ပို့တဲ့ ခြေလျင်စစ်ကြောင်းက ရွာသာကြီးရွာထဲ ပြန်ဝင်သွားတယ်။” ဟု မြင်းဖြူရှင်ပြောက်ကျားအဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အဆိုပါ စစ်ကြောင်းသည် ယမန်နေ့က ရွှေဘို – မန္တလေးလမ်းဘေးရှိ ကျေးရွာများအား ဝင်ရောက်မွှေနှောက်ခဲ့ပြီး ဒေသခံပြည်သူ ၁၀ဦးထက်မနည်း ဖမ်းဆီးခဲ့သည်။

You May Also Like

သတင်း

ကန်ပက်လက်မြို့နယ်အတွင်း ရင်းကဲ့ - ကျင်ဒွေး- မကွီးအိမ်နုးမြို့ကို အဓိကဆက်သွယ်ထားသော ယင်းလမ်းပိုင်းအား ယာယီပိတ်လိုက်ကြောင်းကို ချင်းကာကွယ်ရေးဖွဲ့ (ကန်ပက်လက်) CDF – Kanpetletက ယနေ့ (မတ်လ၂၆ရက်) ထုတ်ပြန်ခြင်းဖြစ်သည်။

သတင်း

မတ်လ ၂၀ရက်တွင် မတူပီအခြေစိုက် ခမရ(၃၀၄)မှ ထွက်လာသည့် အင်အား ၈၀ ခန့်ပါ ယာဉ်တန်းကို မတူပီ-ပလက်ဝ လမ်းမပေါ် တွင်မတူပီ CDF၊ချင်းအမျိုးသားတပ်မတော်(CNA)တို့ကဆက်တိုက်ကြားဖြတ်တိုက်ခိုက်​နေခြင်းဖြစ်သည်။

သတင်း

တိုက်ပွဲတွင် စစ်တပ်က လက်နက်ကြီးပစ်ခတ်မှု​ကြောင့် အရပ်သားများလည်း ထိခိုက်သေဆုံးမှုရှိသလို ရဟတ်ယာဉ်ဖြင့် နှစ်ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဂဠုန်စစ်ကြောင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သတင်း

ကော့ကရိတ်မြို့ တမိုင်ကုန်းတွင် ယနေ့(မတ်လ ၂၆ရက်) နံနက် ၅ နာရီခန့်မှစ၍ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်​ကြောင်း​ဒေသခံအချို့က​ပြောသည်။