Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ထိုင်းဘုရင်ရဲ့ အကြီးဆုံး သမီးတော် ရုတ်တရက် နှလုံးဖောက် လဲကျလို့ ဆေးရုံတင်ထားရ

ဘက်ဂျ်ရက်ကီတီယာဘား အမေရိကန် တက္ကသိုလ် နှစ်ခုက ဥပဒေဘွဲ့တွေ ရရှိထားတဲ့ ခေတ်ပညာတတ် တစ်ဦးလည်း ဖြစ်ပါတယ်။ ဘုရင် ဗဂျီရာလောင်ကွန်းဟာ သူ့ရဲ့ ထီးမွေးနန်းလျာ ဆက်ခံသူကို မကြေညာသေးပေမယ့် ဘက်ဂျ်ရက်ကီတီယာဘားဟာ အဖြစ်သင့်ဆုံး ရွေးချယ်မှုလို့ ထိုင်းပြည်သူ အများစုက ယူဆနေပါတယ်။

ထိုင်းဘုရင်ရဲ့ အကြီးဆုံး သမီးတော် ရုတ်တရက် နှလုံးဖောက် လဲကျလို့ ဆေးရုံတင်ထားရ
ထိုင်းဘုရင်ရဲ့ အကြီးဆုံး သမီးတော် ရုတ်တရက် နှလုံးဖောက် လဲကျလို့ ဆေးရုံတင်ထားရ

ထိုင်းဘုရင်ရဲ့ သမီးတော် မင်းသမီးဟာ ရုတ်တရက် နှလုံးဖောက်လို့ ဆေးရုံတင်ထားရကြောင်း ထိုင်းတော်ဝင် မိသားစုက အတည်ပြုခဲ့ပါတယ်။

အသက် ၄၄ နှစ်အရွယ် မင်းသမီး ဘက်ဂျ်ရက်ကီတီယာဘားဟာ ဘန်ကောက်မြို့ရဲ့ အရှေ့မြောက်ဖက် တစ်နေရာမှာ သူ့ခွေးတွေကို လေ့ကျင့် သင်ကြားပေးနေရင်း ဒီဇင်ဘာ ၁၄ ရက်က ရုတ်တရက် လဲကျသွားခဲ့တယ်လို့ သိရပါတယ်။ မင်းသမီးကို အနီးဆုံးမှာရှိတဲ့ ဆေးရုံတစ်ခုဆီ ပို့ဆောင်ပေးပြီး အဲဒီကနေတဆင့် ဘန်ကောက်ဆေးရုံကို ရဟတ်ယာဉ်နဲ့ လွှဲပြောင်းပေးခဲ့ရပါတယ်။

ဘက်ဂျ်ရက်ကီတီယာဘားရဲ့ လက်ရှိ ကျန်းမာရေး အခြေအနေက စောင့်ကြည့်နေရဆဲ ဆိုပေမယ့် တည်တည်ငြိမ်ငြိမ် ရှိနေတယ်လို့ ထိုင်းနန်းတော်က ထုတ်ပြန်ထားပါတယ်။ ဒါပေမဲ့ အသေးစိတ် အချက်အလက်တွေကတော့ မသိရပါဘူး။ သူ့ရဲ့ အခြေအနေက တော်တော့်ကို ဆိုးရွားတယ်ဆိုတဲ့ ကောလာဟလ တချို့လည်း ထွက်ပေါ်နေပါတယ်။

ဘက်ဂျ်ရက်ကီတီယာဘားဟာ ထိုင်းဘုရင် မဟာ ဗဂျီရာလောင်ကွန်းရဲ့ သားသမီးတွေထဲမှာ အကြီးဆုံး ဖြစ်ပါတယ်။ ဘုရင်ရဲ့ အိမ်ရှေ့စံ မင်းသားဘဝတုန်းက ပေါင်းဖက်ခဲ့ဖူးတဲ့ ပထမဆုံး ဇနီးဟောင်း ဆိုယမ်ဆာဝါလီက မင်းသမီးကို မွေးဖွားခဲ့တာပါ။ ၂၀၁၆ ခုနှစ်မှာ ထိုင်းဘုရင်ကြီး ဘူမိဘောလ် အဒူလိုင်ဒက်ဂျ် ကွယ်လွန်ပြီး ဗဂျီရာလောင်ကွန်း အရိုက်အရာ ဆက်ခံချိန် ကတည်းက မင်းသမီးဟာ ဖခမည်းတော်ရဲ့ အတွင်းစည်းထဲမှာ ပါဝင်ခွင့် ရလာပါတယ်။ အခုအခါ သူဟာ ဘုရင်ရဲ့ တော်ဝင် အစောင့်တပ် အရာရှိ တစ်ဦးလည်း ဖြစ်နေပါတယ်။

ဘက်ဂျ်ရက်ကီတီယာဘား အမေရိကန် တက္ကသိုလ် နှစ်ခုက ဥပဒေဘွဲ့တွေ ရရှိထားတဲ့ ခေတ်ပညာတတ် တစ်ဦးလည်း ဖြစ်ပါတယ်။ ဘုရင် ဗဂျီရာလောင်ကွန်းဟာ သူ့ရဲ့ ထီးမွေးနန်းလျာ ဆက်ခံသူကို မကြေညာသေးပေမယ့် ဘက်ဂျ်ရက်ကီတီယာဘားဟာ အဖြစ်သင့်ဆုံး ရွေးချယ်မှုလို့ ထိုင်းပြည်သူ အများစုက ယူဆနေပါတယ်။

ထိုင်းဘုရင်မှာ သားသမီး ၃ ဦးရှိနေပြီး ၁၉၂၄ ခုနှစ်၊ ထိုင်းနန်းမွေခံ ဥပဒေအရ ဘက်ဂျ်ရက်ကီတီယာဘားဟာ ထီးနန်းဆက်ခံပိုင်ခွင့် အပြည့်အဝ ရှိနေပါတယ်။ သူဟာ ကိုယ်လက်ကြံ့ခိုင်ရေး တက်ကြွ လှုပ်ရှားသူ တစ်ဦးဖြစ်ပြီး ထိုင်းနိုင်ငံမှာ အမျိုးသမီး အကျဉ်းသားတွေရဲ့ ဘဝ ပိုမိုတိုးတက် အဆင်ပြေစေရေးအတွက် ကာလရှည်ကြာ ဆော်ဩနေခဲ့ကြောင်းလည်း သိရပါတယ်။

You May Also Like

သတင်း

ယင်းရန်ပုံငွေ ဘောလုံးပွဲအခမ်းအနားကို "အားကစားဖြင့်တော်လှန်မည်" ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ပြီး ဘောလုံးအသင်း ၁၀သင်းခန့် ပါဝင်ယှဥ်ပြိုင်ခဲ့ကြသည်။

သတင်း

သန်နာသွန်ဂျွမ်ဂရွန်ဂရူရန်ကစ်က မြန်မာနိုင်ငံက စစ်တပ် အာဏာသိမ်းမှုဟာ ၂၀၁၄ တုန်းက ထိုင်းမှာ ဖြစ်ပွားခဲ့တဲ့ စစ်တပ် အာဏာသိမ်းမှုရဲ့ လွှမ်းမိုးမှုတွေ ပါဝင်နေတယ်လို့ ပြောပါတယ်။ အဲဒီတုန်းက ထိုင်းစစ်တပ် အကြီးအကဲအဖြစ် တာဝန်ယူခဲ့သူ ပယာရွတ်သ်က အာဏာသိမ်းမှုကို ဦးဆောင်ခဲ့တာပါ။

သတင်း

ထိုင်းဝန်ကြီးချုပ် ပယာရွတ်သ် ချန်အိုချာရဲ့ ပြောရေးဆိုခွင့်ရ အရာရှိဖြစ်သူ အနူချာ ဘူရာပါချိုင်ဆရီက နိုဝင်ဘာ ၁၁ ရက်နေ့က အာဆီယံ ညီလာခံမှာ မြန်မာ့အရေးနဲ့ ပတ်သက်လို့ ထိုင်းဝန်ကြီးချုပ်က ပါဝင်ဆွေးနွေးခဲ့ကြောင်း သတင်းထောက်တွေကို ပြောပါတယ်။

သတင်း

ညောင်ကုန်းဂိတ်ရှိ BGF တပ်ဖွဲ့ဝင်များသည် ဒေသခံပြည်သူများအား ခေါ်ယူခြိမ်းခြောက်ခြင်း၊ လက်နက်ကြီးလက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခြင်းများ စသည့် လူ့အခွင့်အရေးချိုးဖောက်မှုများ နေ့စဉ်လိုလို မကြာခဏ ကျူးလွန်လေ့ရှိသည်ဟု ကေအဲန်ယူ၏ ထုတ်ပြန်ချက်အရ သိရသည်။