Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်းလွှာ”

ဒီနေ့ (ဒီဇင်ဘာ ၁၆ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪︎Burma Act ပါဝင်တဲ့ NDAA ဥပဒေကြမ်းကို ကန်လွှတ်တော်နှစ်ရပ်စလုံးက အတည်ပြုခဲ့လို့ကျေးဇူးတင်ကြောင်း NUG ယာယီသမ္မတ သဝဏ်လွှာပေးပို့

အမေရိကန်လွှတ်တော်နှစ်ရပ်စလုံးက Burma Act ပါဝင်တဲ့ အမေရိကန်အမျိုးသားကာကွယ်ရေးဥပဒေ(NDAA)ကို အတည်ပြုလိုက်တဲ့အပေါ် ကျေးဇူးတင်ကြောင်း NUG ယာယီသမ္မတ ဒူဝါလရှီးလက ဒီနေ့ သဝဏ်လွှာပေးပို့ပါတယ်။ Burma Act ဟာ မြန်မာနိုင်ငံမှာ ရုန်းကန်နေရတဲ့ ပြည်သူတွေ များစွာလိုအပ်နေတဲ့ မျှော်လင့်ချက်နဲ့ အထောက်အပံ့တွေ ပေးစွမ်းနိုင်ပါလိမ့်မယ်လို့ ယာယီသမ္မတက ပြောပါတယ်။ NDAA ဥပဒေကြမ်းကို အောက်လွှတ်တော်က အတည်ပြုအပြီး ၈ရက်အကြာမှာ အထက်လွှတ်တော်က ထပ်မံအတည်ပြုခဲ့လို့ သမ္မတဘိုင်ဒန် လက်မှတ်ရေးထိုးမယ့်အဆင့်သာ ကျန်ရှိပါတယ်။ အမေရိကန်သမ္မတဘိုင်ဒန်အနေနဲ့လည်း အဲဒီဥပဒေကြမ်းကို ဥပဒေတစ်ရပ်အဖြစ် မကြာမီ အတည်ပြုလက်မှတ်ရေးထိုးမယ်လို့ မျှော်လင့်နေကြောင်း သဝဏ်လွှာမှာ ဖော်ပြပါတယ်။ NDAA ဥပဒေကြမ်းမှာ မြန်မာ့ဒီမိုကရေစီအရေးအတွက် အရေးပါပြီး ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနှင့် တရားမျှတမှုအတွက် စစ်ကောင်စီကို ဆန့်ကျင်နေတဲ့ NUG၊ NUCC၊ CRPH၊ CDM နဲ့ မိတ်ဖက်အဖွဲ့အစည်းများအားလုံးရဲ့ ရုန်းကန်မှုအတွက် အမေရိကန်ရဲ့ ကူညီထောက်ပံ့ရေး မူဝါဒကို ထည့်သွင်းဖော်ပြပါတယ်။

Burma Act ပါဝင်သည့် NDAA ဥပဒေကြမ်းကို ကန်လွှတ်တော်နှစ်ရပ်စလုံးက အတည်ပြုခဲ့သည့်အပေါ် ကျေးဇူးတင်ကြောင်း သဝဏ်လွှာ NUG ယာယီသမ္မတပေးပို့
Burma Act ပါဝင်သည့် NDAA ဥပဒေကြမ်းကို ကန်လွှတ်တော်နှစ်ရပ်စလုံးက အတည်ပြုခဲ့သည့်အပေါ် ကျေးဇူးတင်ကြောင်း သဝဏ်လွှာ NUG ယာယီသမ္မတပေးပို့

▪︎မြန်မာ့ဒီမိုကရေစီအရေး အလေးထည့်သွင်းထားတဲ့ NDAA ကို ကန်အထက်လွှတ်တော် ဆက်လက်အတည်ပြု

မြန်မာ့အရေးကို အလေးထားထည့်သွင်းထားတဲ့ အမေရိကန်ကာကွယ်ရေးဆိုင်ရာဥပဒေကြမ်း(NDAA)ကို အထက်လွှတ်တော်ကလည်း အတည်ပြုပေးလိုက်ပါတယ်။ NDAA ကို အောက်လွှတ်တော်က အတည်ပြုပြီး နောက် ၈ ရက်အကြာမှာ အထက်လွှတ်တော်က ဆက်လက်အတည်ပြုပေးလိုက်တာဖြစ်ပါတယ်။ အခုလို ကာလတိုအတွင်း လွှတ်တော်နှစ်ရပ်စလုံးက အတည်ပြုလိုက်တာကြောင့် မကြာမီအတွင်း သမ္မတဘိုင်ဒန် လက်မှတ်ရေးထိုးကာ အတည်ပြုနိုင်ဖွယ်ရှိနေပါတယ်။ NDAA ဥပဒေကြမ်းမှာ မြန်မာ့အရေးနဲ့ပတ်သက်လို့ ထူးခြားချက်များပါဝင်ပြီး မြန်မာပြည်ရဲ့ လူမျိုးစုလက်နက်ကိုင်အဖွဲ့အစည်းများ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များ၊ လက်နက်မဟုတ်တဲ့ အထောက်အပံ့များပေးဖို့ အချက်ကို ထည့်သွင်းထားတယ်လို့ လေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။

Burma Act ပါဝင်သည့် NDAA ဥပဒေကြမ်းကို ကန်လွှတ်တော်နှစ်ရပ်စလုံးက အတည်ပြုခဲ့သည့်အပေါ် ကျေးဇူးတင်ကြောင်း သဝဏ်လွှာ NUG ယာယီသမ္မတပေးပို့
Burma Act ပါဝင်သည့် NDAA ဥပဒေကြမ်းကို ကန်လွှတ်တော်နှစ်ရပ်စလုံးက အတည်ပြုခဲ့သည့်အပေါ် ကျေးဇူးတင်ကြောင်း သဝဏ်လွှာ NUG ယာယီသမ္မတပေးပို့

▪︎ဒီးမော့ဆိုမြို့နယ်တိုက်ပွဲ စစ်ကောင်စီတပ် ၃၀ဦးခန့် ထိခိုက်ဒဏ်ရာရ

ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ်တိုက်ပွဲမှာ စစ်ကောင်စီတပ်မှ ထိခိုက်ဒဏ်ရာရရှိသူ ၃၀ ဦးခန့်အထိရှိတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ဒီနေ့ ထုတ်ပြန်ပါတယ်။ အကြမ်းဖက်စစ်ကောင်စီတပ်ဟာ ဒီဇင်ဘာ ၁၃ ရက်ကစလို့ ဒီးမော့ဆိုမြိုနယ် စံပြ (၆)မိုင်နဲ့ ဘက်သလိန်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာရာ ထိတွေ့တိုက်ပွဲ သုံးကြိမ်ဖြစ်ပွါးခဲ့တယ်လို့ဆိုပါတယ်။ အဲဒီထိတွေ့ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်မှ ထိခိုက်ဒဏ်ရာရမှု ၃၀ ဦးခန့်ရှိခဲ့သဖြင့် ဘက်သလိန်ကျေးရွာနဲ့ ဝမ့်လထွားကျေးရွာတို့အတွင်း စစ်ကောင်စီတပ်က မီးရှို့ဖျက်စီးမှုများလုပ်ဆောင်ခဲ့တယ်လို့ ဖော်ပြပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေါစဲကျေးရွာအတွင်း လက်နက်ကြီး သုံးလုံး ကျရောက်ပေါက်ကွဲကာ အရပ်သားပြည်သူတစ်ဦး ထိခိုက်သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

(အထိနာနေသည့် အကြမ်းဖက်စစ်ကောင်စီတပ်က ကျေးရွာများသို့ လက်နက်ကြီးပစ်ခတ်မှုနှင့် မီးရှို့ခဲ့သည်ကို တွေ့ရစဥ်၊ ဓာတ်ပုံ - KNDF)
(အထိနာနေသည့် အကြမ်းဖက်စစ်ကောင်စီတပ်က ကျေးရွာများသို့ လက်နက်ကြီးပစ်ခတ်မှုနှင့် မီးရှို့ခဲ့သည်ကို တွေ့ရစဥ်၊ ဓာတ်ပုံ – KNDF)

▪︎အင်းတော်နယ်ရှိ ဂျုံးဂျရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးနေ

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်ရှိ ကျေးရွာများကို မီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်ကောင်စီတပ်ဟာ အင်းတော်မြို့နယ်သို့ ပြီးခဲ့တဲ့ ရက်ပိုင်းက ဝင်ရောက် လာပြီး ဒီနေ့ နေ့ခင်းမှာ ဂျုံးဂျကျေးရွာသစ်ကို မီးစရှို့နေတယ်လို့ အင်းတော်ပြည်သူ့ကာကွယ်ရေးတပ် (PDF) ရဲဘော်က ပြောပါတယ်။ အင်းတော်ထဲကို စစ်ကြောင်းသုံးကြောင်းနဲ့ ဝင်လာတာဖြစ်ပြီး တစ်ကြောင်းကို အင်အား ၁၀၀ လောက်ပါတယ်လို့ ဆိုပါတယ်။ တိုက်ပွဲဟာ အင်းတော်မြို့နယ် ညောင်ကုန်းကျေးရွာအနီး ဖြစ်ပွါးနေတာလို့ သိရပါတယ်။ အဲဒီစစ်ကောင်စီတပ်စစ်ကြောင်းဟာ ထီးချိုင့်မှာ ကျေးရွာအများအပြားကို မီးရှို့ခဲ့တဲ့ စစ်ကြောင်းဖြစ်ပြီး အင်းတော်ကိုလည်း ထီးချိုင့် ကဲ့သို့ မီးရှို့ဖို့ ကြိုးပမ်းနေတာလို့ အင်းတော် PDFက ပြောပါတယ်။

▪︎မင်းကင်းနယ် ပျူရွာကို ဒေသကာကွယ်ရေးတပ်များ တစ်ပတ်အတွင်း ငါးကြိမ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ တောင်တွင်းချောင်ဒေသရှိ ပျူစောထီးကြီးစိုးရာ ကျော်ရွာကို တစ်ပတ်အတွင်း ငါးကြိမ်တိုက်ခိုက်ရာ ပျူများထိခိုက်သေဆုံးမှုရှိတယ်လို့ ရွှေတြိဂံပြည်သူ့ကာကွယ်ရေးတပ်ရင်းGTF က သတင်းထုတ်ပြန်ပါတယ်။ ကျော်ရွာကို နိုဝင်ဘာလ ၂၆ ရက်က တိုက်ခိုက်မှုမှာ ပျူနှစ်ဦးသေဆုံးခဲ့ပြီး နိုဝင်ဘာ ၂၇ရက် ပျူရွာရှေ့ကင်းစခန်း သစ်တောရုံး အဆောက်အဦးရှိ ပျူအဖွဲ့ကိုလည်းတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ ဆက်လက်ပြီး နိုဝင်ဘာ ၂၈ ရက်မှာ နွားလာဆွဲတဲ့ ပျူတွေကို ထပ်မံတိုက်ခိုက်ခဲ့ရာ ပျူ နှစ်ဦးသေဆုံးခဲ့ပြီး နောက်နှစ်ရက်ဆက်လည်း ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

▪︎နတ်မောက်မှာ စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ စစ်ကောင်စီယာဉ်တန်းကို ရှေ့ထွက်ပြောင်းနဲ့ မိုင်းဆွဲတိုက်ခိုက်ရာ စစ်အုပ်စုထိခိုက်သေဆုံးမှုများရှိတယ်လို့ ဂဠုန်တပ်နတ်မောက် PDF အဖွဲ့မှ ဗိုလ်ကျီးကန်းက ပြောပါတယ်။ ဒီဇင်ဘာ ၁၄ ရက် မနက်ပိုင်းက နတ်မောက်မြို့နယ်၊ ကံသာကျေးရွာနဲ့ ဖတ်တောရေကျေးရွာကြားမှာ စစ်ကောင်စီယဉ်တန်းကို ရှေ့ထွက်ပြောင်းတွေနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲဝင် ၁၄ ဦးသေဆုံးကာ ‌လေးဦးပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ စစ်ဆင်ရေးကို ဂဠုန်စစ်ကြောင်း တပ်ခွဲ၁ တပ်ခွဲမှူး ဗိုလ်အောင်ဒင်နဲ့ ကျားသစ်နက်စစ်ကြောင်း တပ်ခွဲ (၂) တပ်ခွဲမှူးဗိုလ်ဥဩတို့က ဗိဿနိုးနယ်မြေပြည်သူ့ကာကွယ်ရေးတပ်မတော်က တပ်သားများနဲ့ပူးပေါင်း တိုက်ခိုက်ခဲ့တာလို့ အသိပေးထားပါတယ်။

▪︎တန့်ဆည်မြို့ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့ပေါ်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ MDF-Hydra Force အဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ မနေ့ မနက်ပိုင်းက တန့်ဆည်မြို့ ဆေးရုံကြီးရှေ့၊ တန့်ဆည်၊ တုတ္တလုပ်နဲ့ တန့်ဆည်၊ ကာဘိုးလမ်းခွဆုံမှာ အထိုင်ချတပ်စွဲကာ စစ်ဆေးနေတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးများရဲ့ စစ်ဆေးရေးဂိတ်ကို ဒရုန်းနဲ့ ဗုံးသီး ၁၁ လုံးချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီနဲ့ပျူ ၁၂ ယောက် လောက် ထိခိုက်ဒဏ်ရာရပြီး အသေအပျောက်ရှိနိုင်တယ်လို့ ပြန်ကြားရေးတာဝန်ခံက ဆိုပါတယ်။ အဲဒီစစ်ဆင်ရေးကို MDF-Hydra Force၊ SSTF နဲ့ NCG(မြောက်ပိုင်းမဟာမိတ်)တို့က ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

Facebook

You May Also Like

သတင်း

ဒီနေ့(ဒီဇင်ဘာ၁၃ရက်)ညနေခင်းသတင်းတွေကိုPeople’s Spring ကတင်ဆက်ပေးပါမယ်။

သတင်း

ဒီနေ့(ဒီဇင်ဘာ၁၂ရက်)ညနေခင်းသတင်းတွေကိုPeople’s Spring က တင်ဆက်ပေးပါမယ်။

သတင်း

ဒီနေ့(ဒီဇင်ဘာ၁၁ရက်)ညနေခင်းသတင်းတွေကိုPeople’s Spring က တင်ဆက်ပေးပါမယ်။

သတင်း

ဒီနေ့ (ဒီဇင်ဘာ ၅ ရက်) ညနေခင်းသတင်းတွေကို People’s Springက တင်ဆက်ပေးပါမယ်။