Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖားကန့်ရှိ စိန်စိန်ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်ကို စစ်ကောင်စီတပ် ဝင်ရောက်စီးနင်း မီးရှို့ဖျက်ဆီး

စိန်စိန် ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်ကို စစ်ကောင်စီက ယနေ့(ဒီဇင်ဘာ ၃၀ရက်) နေ့လည် ၁၂နာရီ ၄၅မိနစ်တွင် အကြမ်းဖက်ဝင်ရောက်စီးနင်းပြီးနောက် မီးရှို့ဖျက်ဆီးခြင်းဖြစ်သည်။

(ဖားကန့်ဒေသတွင် တွေ့ရသော စစ်ကောင်စီလက်ပါးစေရဲများ၊ ဓာတ်ပုံ - CJ)
(ဖားကန့်ဒေသတွင် တွေ့ရသော စစ်ကောင်စီလက်ပါးစေရဲများ၊ ဓာတ်ပုံ - CJ)

▪️ငွေကြေးတောင်းခံမှုမပေး၍ ပြုလုပ်ခြင်းဟု ဒေသခံများ‌ပြော

ကချင်ပြည်နယ် ဖားကန့်မြို့နယ် မှော်စီစာကျေးရွာရှိ စိန်စိန်ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်ကို ယနေ့နေ့လည်တွင် စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းပြီး ဆီဘောက်ဆာယာဉ်များနှင့် စက်ယန္တယားအချို့အား မီးရှို့ဖျက်ဆီးသွားသည်ဟု ဒေသခံများက ပြောသည်။

“ဆီဘောက်ဆာတွေကို ဖွင့်ချပြီး မီးရှို့တာ။ ဘက်ဖိုးတစ်စီး၊ မြေသယ်ကားတစ်စီးပါသွားတယ်။ ဆီဘောက်ဆာတွေလည်း မီးထဲပါသွားတယ်”ဟု ဖားကန့်ဒေသခံတစ်ဦးက ပြောသည်။

စိန်စိန် ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်ကို စစ်ကောင်စီက ယနေ့(ဒီဇင်ဘာ ၃၀ရက်) နေ့လည် ၁၂နာရီ ၄၅မိနစ်တွင် အကြမ်းဖက်ဝင်ရောက်စီးနင်းပြီးနောက် မီးရှို့ဖျက်ဆီးခြင်းဖြစ်သည်။

စစ်ကောင်စီက ၎င်းတို့တောင်းခံသည့် ငွေကြေးမပေး၍ လာရောက်မီးရှို့ခြင်းဟု ဒေသခံများကပြောသည်။

“ဖားကန့်ကို လာကြည့်။စ…(စစ်ကောင်စိတပ်သား)တွေလုပ်သမျှ အကုန်ဗရမ်းပတာကြီးပဲ။ KIA နဲ့ PDF ကိုသာကြောက်တာ။ ပြည်သူကိုကျ အနိုင်ကျင့်နေတာ”ဟု ဖားကန့်ဒေသခံတစ်ဦးက ပြောသည်။

KIA ၊ PDF ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ်သည် ဖားကန့်တွင် ဒီဇင်ဘာာ ၆ရက်နှင့် ၇ ရက်က တစ်ကြိမ်၊ ဒီဇင်ဘာ ၂၃ရက်က တစ်ကြိမ် တိုက်ပွဲဖြစ်ပွားပြီး ယခုရက်ပိုင်းအတွင်း ငြိမ်သက်နေသည်။

You May Also Like

သတင်း

နှစ်သစ်ကူးပွဲကိုနေပြည်တော်မှာဆိုရင် ရေပန်းဥယျာဉ် ၊ရန်ကုန် မှာ ပြည်သူရင်ပြင်နဲ့ မန္တလေးမှာ မန္တလာသီရိအားကစားကွင်း တွေမှာ စည်ကားအောင်ကျင်းပဖို့စစ်ကောင်စီက စီစဉ်ထားတာပါ။

သတင်း

ဖားကန့်မြို့နယ် မဇွပ်ယန်ကျေးရွာရှိ အကျဥ်းထောင်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က မှော်ပုံကျေးရွာသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းဖြစ်သည်။

သတင်း

စစ်ကောင်စီစစ်ကြောင်းတစ်ခုသည် ယနေ့(ဒီဇင်ဘာလ ၃၀ရက်)နေ့လယ်တွင် ပုလောမြို့နယ်၊တိုရွာသို့ရောက်ရှိလာကာ မီးရှို့ဖျက်ဆီးနေခြင်းဖြစ်သည်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ၏ PVTV သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းဆွေးနွေးခန်း၌ ဦးမင်းကိုနိုင်က ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။