Connect with us
close

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

စစ်ပွဲရပ်ဆိုင်းရေး ကြားဝင် စေ့စပ်ပေးလိုတယ်လို့ ရုရှားကို တရုတ်သမ္မတ ကမ်းလှမ်း

ရုရှား သမ္မတအဖြစ် ၂၀၀၈ ကနေ ၂၀၁၂ ထိ တာဝန်ယူခဲ့ဖူးသူ မက်ဗီဒက်ဗ်ဟာ ရှီက တရုတ် သမ္မတနဲ့ အာဏာရ ကွန်မြူနစ်ပါတီ အကြီးအကဲ ရာထူးတွေကို တတိယ သက်တမ်း ရယူပြီးနောက်ပိုင်း ဘေဂျင်းကို ပထမဆုံး ရောက်ရှိလာတဲ့ ရုရှား အဆင့်မြင့် အရာရှိလည်း ဖြစ်ပါတယ်။

ယူကရိန်းစစ်ပွဲကို အဆုံးသတ်စေဖို့အတွက် ရုရှားနဲ့ စေ့စပ် ညှိနှိုင်းပြီး ကူညီဖို့ ဆန္ဒရှိကြောင်း တရုတ် သမ္မတ ရှီကျင့်ဖျင်က ပြောကြားခဲ့ပါတယ်။

ဘေဂျင်းမြို့မှာ ရုရှား သမ္မတဟောင်းလည်းဖြစ်၊ ရုရှား သမ္မတ ဗလာဒီမာ ပူတင်ရဲ့ ညာလက်ရုံး တစ်ဦးလည်းဖြစ်တဲ့ ဒီမစ်ထရီ မက်ဗီဒက်ဗ်နဲ့ တွေ့ဆုံချိန်မှာ ရှီက အခုလို ပြောခဲ့တာပါ။ အဲဒီ တွေ့ဆုံမှုအတွင်း ရုရှားနဲ့ တရုတ်တို့ဟာ သူတို့ရဲ့ မဟာဗျူဟာ လက်တွဲ ဆောင်ရွက်မှုတွေကို ဆက်လက် မြှင့်တင်သွားဖို့လည်း သဘောတူညီမှု ရရှိခဲ့ကြပါတယ်။

ရုရှား သမ္မတအဖြစ် ၂၀၀၈ ကနေ ၂၀၁၂ ထိ တာဝန်ယူခဲ့ဖူးသူ မက်ဗီဒက်ဗ်ဟာ ရှီက တရုတ် သမ္မတနဲ့ အာဏာရ ကွန်မြူနစ်ပါတီ အကြီးအကဲ ရာထူးတွေကို တတိယ သက်တမ်း ရယူပြီးနောက်ပိုင်း ဘေဂျင်းကို ပထမဆုံး ရောက်ရှိလာတဲ့ ရုရှား အဆင့်မြင့် အရာရှိလည်း ဖြစ်ပါတယ်။

ရုရှားနဲ့ တရုတ်တို့ဟာ ရင်းနှီးတဲ့ ဆက်ဆံရေးဟာ အခုနှစ်ဆန်းပိုင်းမှာ ယူကရိန်းကို ရုရှားက ကျူးကျော်ခဲ့တဲ့နောက်ပိုင်း ထိခိုက်မှုတချို့ ရှိလာခဲ့ပါတယ်။ တရုတ်ဟာ ယူကရိန်း စစ်ပွဲမှာ ရုရှားကို အထောက်အပံ့ ဖြစ်စေမယ့် လက်နက်တွေ ရောင်းချတာမျိုး မလုပ်ခဲ့ပေမယ့် အမေရိကန် ဦးဆောင်တဲ့ အနောက်နိုင်ငံတွေနဲ့ ပူးပေါင်းပြီး ရုရှားအပေါ် အရေးယူ ပိတ်ဆို့တာတွေလည်း မရှိခဲ့ပါဘူး။

မက်ဗီဒက်ဗ်နဲ့ တွေ့ဆုံချိန်မှာ ရှီက လက်ရှိကာလ တရုတ်-ရုရှား ဆက်ဆံရေးဟာ နိုင်ငံတကာ အပြောင်းအလဲတွေရဲ့ စမ်းသပ်မှုကို ကြံ့ကြံ့ခံနေရတဲ့ အခြေအနေမျိုးလို့ မှတ်ချက် ပေးခဲ့ပါတယ်။ ဒါ့အပြင် ရုရှားကသာ စစ်ပွဲကို ရပ်တန့်လိုတဲ့ ဆန္ဒမျိုး အမှန်တကယ် ရှိနေမယ်ဆိုရင် တရုတ်ကလည်း ကြားဝင် စေ့စပ်ပေးဖို့ လမ်းဖွင့်ထားကြောင်း ရှီက ပြောကြားခဲ့ပါတယ်။

ရှီနဲ့ မက်ဗီဒက်ဗ် တွေ့ဆုံမှုဟာ စစ်ပွဲကာလနောက်ပိုင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးရဲ့ ပထမဆုံး နိုင်ငံခြား ခရီးစဉ်အဖြစ် ဝါရှင်တန်ကို သွားရောက်ပြီး အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်နဲ့ တွေ့ဆုံ ဆွေးနွေးချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ အဲဒီ ခရီးစဉ်မှာ ဘိုင်ဒန်က ယူကရိန်းအတွက် အကူအညီတွေ ဆက်လက် ပေးအပ်သွားမယ်လို့ ဇီလန်စကီးဆီ အခိုင်အမာ ကတိပြုသွားခဲ့ပါတယ်။

You May Also Like

ဗီဒီယို

မိန့်ခွန်း မပြောခင်မှာ ဇီလန်စကီးက ပလော့စီကို ယူကရိန်း အလံတစ်ခု ပေးအပ်ခဲ့ပါတယ်။ အဲဒီ အလံဟာ အမေရိကန် ခရီးစဉ် မတိုင်ခင် တစ်ရက်မှာ ဇီလန်စကီးကိုယ်တိုင် ရှေ့တန်း စစ်မျက်နှာပြင်ထိ သွားရောက်ခဲ့ချိန်က ယူကရိန်း စစ်သားတွေ စုပေါင်း လက်မှတ်ထိုးထားတဲ့ အလံ ဖြစ်ပါတယ်။

နိုင်ငံတကာ

ယူကရိန်း အစိုးရက သမ္မတ ဗိုလိုဒီမာ ဇီလန်စကီး အနေနဲ့ အမေရိကန်ကို သွားရောက်မယ်ဆိုတဲ့ သတင်းတွေကို အတိအလင်း အတည်မပြုသေးပေမယ့် အစောဆုံး ဒီဇင်ဘာ ၂၁ ရက်မှာ ခရီးစဉ် အထမြောက်ဖွယ် ရှိနေတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

နိုင်ငံတကာ

နှစ်နိုင်ငံစလုံးရဲ့ ကာကွယ်ရေး ဝန်ကြီးဌာနတွေ ဒီဇင်ဘာ ၂၁ ရက်မှာ ပစိဖိတ် သမုဒ္ဒရာရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်ပြီး ဒေသတွင်း နိုင်ငံတွေကြား တင်းမာမှုတွေ ရှိနေရာ ရေပြင်မှာ တစ်ပတ်ကြာ စစ်ရေးလေ့ကျင့်မှု အစီအစဉ် စတင်သွားမယ်လို့ အတည်ပြု ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

JF-17 တွေဟာ မျိုးကွဲတွေအပေါ် မူတည်ပြီး တစ်စီးကို ဒေါ်လာ ၁၅ သန်းနဲ့ ၂၅ သန်းကြား ကျသင့်ပါတယ်။